ကိုယ့်ချစ်သူ ကိုယ့်အနားမှာတစ်သက်လုံးရှိနေနိုင်မယ့် တစ်ခုတည်းသောနည်းလမ်း
trend.com.mm
|
2018-09-20

ချစ်လွယ်၊ပြတ်လွယ်၊မုန်းလွယ်တဲ့ခေတ်ကြီးထဲမှာ Relationship တစ်ခုတည်မြဲဖို့ဆိုတာမလွယ်လှပါဘူး။ဒါကြောင့် Relationship တစ်ခုပိုင်ဆိုင်ထားပြီဆိုရင် ဒါတွေကိုနားလည်ထားဖို့လိုအပ်ပါတယ်။




ရုပ်ရည်လှပချောမောတာနဲ့ပဲ ကိုယ့်ချစ်သူ ကိုယ့်အနားမှာအမြဲရှိနေဖို့ ဆွဲဆောင်လို့မရပါဘူး။ရိုးသားမှုရှိလို့လည်း သူ့ကိုတစ်သက်လုံး ချည်နှောင်ထားလို့မရပါဘူး။သစ္စာတရားနဲ့လည်းရစ်ပတ်ထားပြီး ကိုယ့်အနားမှာ ထာဝရရှိနေခိုင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။သူတို့ကိုအကောင်းဆုံးဂရုစိုက်ပေး၊ကြင်နာပေး၊သူတို့အတွက်ခွန်အားဖြစ်ပေးရင်တောင် ချစ်သူယောကျ်ားလေးကို ကိုယ့်အနားမှာအပိုင်သိမ်းထားလို့မရပါဘူး။သူ့အပေါ် ခံစားချက်လည်ညးအစစ်အမှန်ရှိတယ်၊အရိုးသားဆုံးနဲ့အကောင်းဆုံးပေးဆပ်တယ်။သူ့အတွက်အားဖြစ်ပေးနိုင်တဲ့မိန်းကလေးတစ်ယောက်ဖြစ်နေရင်တောင် သူကိုယ့်အနားမှာအမြဲရှိနေစေဖို့မဖြစ်နိုင်ပါဘူး။

ချစ်သူယောကျာ်းလေး ကိုယ့်အနားမှာ ထာဝရအမြဲရှိနေစေမယ့်တစ်ခုတည်းသောနည်းလမ်းကအဲ့ဒီအမျိုးသားလေးကလည်း ကိုယ့်အနားမှာနေချင်ပြီး ကိုယ့်အချည်နှောင်ခံချင်မှပဲဖြစ်ပါလိမ့်မယ်။တစ်ယောက်တည်းသွားချည်နှောင်ပြီး တစ်ယောက်တည်းထာဝရလုပ်နေလို့မရပါဘူးနော်။




ချစ်သူကို တစ်သက်လုံးကိုုယ်နဲ့အတူရှိနေဖို့တောင်းပန်လို့မရသလို တိုက်တွန်းလို့လည်းမရပါဘူး။သူသာ ကိုယ့်အနားမှာနေချင်တယ်ဆို ကြုံလာသမျှအခက်အခဲတွေကို ကိုယ်ပြောစရာမလိုပဲ သူကရင်ဆိုင်သွားပါလိမ့်မယ်။သူတကယ်ချစ်တဲ့မိန်းကလေးအတွက် သူကြိုးစားပါလိမ့်မယ်။တကယ်လို့အဲ့ဒီလိုမဟုတ်ဘူးဆိုရင်တော့ ကိုယ့်အနားမှာမရှိချင်တဲ့သူကို ဆွဲမထားပါနဲ့။ဒါက ကိုယ် သူ့ကိုစွန့်လွှတ်လိုက်တာမဟုတ်ဘူးနော်။သူကိုယ့်ကို စွန့်လွှတ်လိုက်ရတာပါ။




ဒါကြောင့် ကိုယ့်ရဲ့အချိန်တွေကို မဖြုန်းပါနဲ့၊ဘယ်အချိန်မှာ စွန့်လွှတ်လိုက်ရမလဲ၊ဘယ်အချိန်မှာ ဝေးဝေးပြေးလိုက်ရမလဲ၊ဘယ်အချိန်မှာ သူ့ကိုဆွဲမထားသင့်တော့ဘူးလဲဆိုတာသိပါ။လမ်းခွဲကြသည်ဖြစ်စေ သက်ဆုံးတိုင်လက်တွဲကြသည်ဖြစ်စေ ဒီလိုအကြောင်းအရာမျိုးတွေ၊ဒီလိုခံစားချက်မျိုးတွေဆိုတာအချစ်ရေးတစ်ခုမှာအမြဲရှိနေမယ်ဆိုတာသိထားဖို့လိုအပ်ပါတယ်။ဒါတွေသိထားမယ်ဆိုရင် ဘယ်အရာမဆိုအကောင်းဆုံးအလှပဆုံးရင်ဆိုင်နိုင်ပါလိမ့်မယ်


Reference:Preach It




Unicode

ချစ်လွယ်၊ပြတ်လွယ်၊မုန်းလွယ်တဲ့ခေတ်ကြီးထဲမှာ Relationship တစ်ခုတည်မြဲဖို့ဆိုတာမလွယ်လှပါဘူး။ဒါကြောင့် Relationship တစ်ခုပိုင်ဆိုင်ထားပြီဆိုရင် ဒါတွေကိုနားလည်ထားဖို့လိုအပ်ပါတယ်။

ရုပ်ရည်လှပချောမောတာနဲ့ပဲ ကိုုယ့်ချစ်သူ ကိုယ့်အနားမှာအမြဲရှိနေဖို့ ဆွဲဆောင်လို့မရပါဘူး။ရိုးသားမှုရှိလို့လည်း သူ့ကိုတစ်သက်လုံး ချည်နှောင်ထားလို့မရပါဘူး။သစ္စာတရားနဲ့လည်းရစ်ပတ်ထားပြီး ကိုယ့်အနားမှာ ထာဝရရှိနေခိုင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။သူတို့ကို အကောင်းဆုံးဂရုစိုက်ပေး၊ကြင်နာပေး၊သူတို့အတွက်ခွန်အားဖြစ်ပေးရင်တောင် ချစ်သူယောကျ်ားလေးကို ကိုယ့်အနားမှာအပိုင်သိမ်းထားလို့မရပါဘူး။သူ့အပေါ် ခံစားချက်အစစ်အမှန်ရှိတယ်၊သူ့အပေါ် အရိုးသားဆုံးနဲ့အကောင်းဆုံးပေးဆပ်တယ်။သူ့အတွက် အားဖြစ်ပေးနိုင်တဲ့မိန်းကလေးတစ်ယောက်ဖြစ်နေရင်တောင် သူကိုယ့်အနားမှာအမြဲရှိနေစေဖို့မဖြစ်နိုင်ပါဘူး။

ချစ်သူယောကျာ်းလေး ကိုယ့်အနားမှာ ထာဝရအမြဲရှိနေစေမယ့်တစ်ခုတည်းသောနည်းလမ်းက အဲ့ဒီအမျိုးသားလေးကလည်း ကိုယ့်အနားမှာနေချင်ပြီး ကိုယ့်အချည်နှောင်ခံချင်မှပဲဲဖြစ်ပါလိမ့်မယ်။တစ်ယောက်တည်းသွားချည်နှောင်ပြီး တစ်ယောက်တည်းထာဝရလုပ်နေလို့မရပါဘူး။

ချစ်သူကို တစ်သက်လုံးကုုိယ်နဲ့အတူရှိနေဖို့တောင်းပန်လို့မရသလို တိုက်တွန်းလို့လည်းမရပါဘူး။သူသာ ကိုယ့်အနားမှာနေချင်တယ်ဆို ကြုံလာသမျှအခက်အခဲတွေကို ကိုယ်ပြောစရာမလိုပဲ သူကရင်ဆိုင်သွားပါလိမ့်မယ်။သူတကယ်ချစ်တဲ့မိန်းကလေးအတွက် သူကြိုးစားပါလိမ့်မယ်။တကယ်လို့ အဲ့ဒီလိုမဟုတ်ဘူးဆိုရင်တော့ ကိုယ့်အနားမှာမရှိချင်တဲ့သူကို ဆွဲမထားပါနဲ့။ဒါက ကိုယ် သူ့ကိုစွန့်လွှတ်လိုက်တာမဟုတ်ဘူးနော်။သူကိုယ့်ကိုစွန့်လွှတ်လိုက်ရတာပါ။

ဒါကြောင့် ကိုယ့်ရဲ့ အချိန်တွေကို မဖြုန်းပါနဲ့၊ဘယ်အချိန်မှာ စွန့်လွှတ်လိုက်ရမလဲ၊ဘယ်အချိန်မှာ ဝေးဝေးပြေးလိုက်ရမလဲ၊ဘယ်အချိန်မှာ သူ့ကိုဆွဲမထားသင့်တော့ဘူးလဲဆိုတာသိပါ။လမ်းခွဲကြသည်ဖြစ်စေ သက်ဆုံးတိုင်လက်တွဲကြသည်ဖြစ်စေ ဒီလိုအကြောင်းအရာမျိုးတွေ၊ဒီလိုခံစားချက်မျိုးတွေဆိုတာ အချစ်ရေးတစ်ခုမှာအမြဲရှိနေမယ်ဆိုတာသိထားဖို့လိုအပ်ပါတယ်။ဒါတွေသိထားမယ်ဆိုရင် ဘယ်အရာမဆို အကောင်းဆုံးအလှပဆုံးရင်ဆိုင်နိုင်ပါလိမ့်မယ်


Reference:Preach It






Some text some message..