လက်ထပ်လက်စွပ်တွေကို လက်သန်းကြွယ်မှာ ဝတ်ဆင်ရတဲ့အကြောင်းအရင်းအစစ်အမှန်
shwemom.com
|
2018-09-20

စုံတွဲတွေအားလုံးက လက်ထပ်လက်စွပ်ကို လက်သန်းကြွယ်မှာ ဝတ်ဆင်ကြပါတယ်။ ဒါပေမယ့် ဘာကြောင့် လက်သန်းကြွယ်လဲ..? လက်ထပ်လက်စွပ်ကို လက်သန်းကြွယ်မှာ ဘာကြောင့် ဝတ်ကြတာလဲဆိုပြီးတော့ရော သိချင်စိတ် ပေါ်ဖူးကြပါလား..?

ထိမ်းမြားလက်ထပ်ခြင်းဆိုတာ ကိုယ့်ချစ်သူနဲ့အတူ ဘဝတစ်လျှောက်လုံးအကောင်းအဆိုးအားလုံးကို ဖြတ်ကျော်ကာ လက်တွဲကြဖို့ တရားဝင်ကတိသစ္စာ ပြုလိုက်ခြင်းလို့ ဆိုနိုင်ပါတယ်။အိမ်ထောင်ပြုလိုက်ပြီ ဆိုတာနဲ့ ကိုယ့်ရဲ့ ဇနီးခင်ပွန်းနဲ့အနာဂတ်မှာ မွေးဖွားလာမယ့် သားသမီးတွေအတွက်ပါ တစ်ဘဝစာ တာဝန်ယူလိုက်တာလည်း ဖြစ်ပါတယ်။ ဆိုတော့ကာအခုလို ထိမ်းမြားလက်ထပ်ခြင်းတွေမှာအဓိက ဆင်မြန်းဖို့ ပြင်ဆင်ကြတာဟာ လက်ထပ်လက်စွပ်ပါ။ ထိုအရာဟာ လက်ထပ်ခြင်းကို ကိုယ်စားပြုထားပြီး တစ်ယောက်ယောက်က လက်သန်းကြွယ်မှာ လက်စွပ်ဝတ်ထားတာကို မြင်ကြရင် ထိုသူကအိမ်ထောင်ရှိသူဆိုတာလည်းအလွယ်တကူခန့်မှန်းနိုင်ပါတယ်။


စုံတွဲတော်တော်များများက သူတို့ရဲ့ လက်ထပ်လက်စွပ်တွေကိုအလေးအနက်ပြုလုပ်ကြပါတယ်။အချို့ဆို လက်စွပ်ပေါ်မှာ စာလုံးထွင်းတာတို့ စာကြောင်းထွင်းတာတို့အထိပါ။ လက်ထပ်လက်စွပ်ကို ဘာကြောင့် လက်သန်းကြွယ်မှာ ဝတ်ဆင်ရလဲဆိုရင်တော့အောက်က ဗီဒီယိုလေးကိုအရင်ကြည့်လိုက်ပါ။



ဗီဒီယိုမှာ ပြထားတဲ့အတိုင်း လက်ဖဝါးနှစ်ဖက်ကို ပူးပြီး လက်ခလယ်နှစ်ချောင်းကို ခေါက်ကာ ကပ်လိုက်ပါ။ လုပ်ပြီးရင် လက်မနှစ်ချောင်းကို ခွာကြည့်ပါ။ ခွာလို့ရမှာပါ။ ထိုနည်းတူ ကျန်တဲ့ လက်ညှိုး၊ လက်သန်းကြွယ်နဲ့ လက်သန်းတို့ကို လိုက်လုပ်ကြည့်ပါ။အချောင်းတိုင်းက ခွာလို့ရပါလိမ့်မယ်။ လက်သန်းကြွယ်နှစ်ချောင်းက လွဲပြီးတော့ပါ။ လက်သန်းကြွယ်နှစ်ချောင်းကိုတော့ ဘယ်လိုမှ ခွဲလို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် လက်ထပ်လက်စွပ်တွေကိုလည်း ဘယ်လိုခွဲခွဲ မကွဲတဲ့ သင်္ကေတဖြစ်စေဖို့ လက်သန်းကြွယ်မှာ ဝတ်ဆင်ကြတာပါ။


အများစုက လက်သန်းကြွယ်ဟာ နှလုံးသွေးကြောနဲ့ ဆက်သွယ်ထားတဲ့ လက်ချောင်းဖြစ်လို့ လက်သန်းကြွယ်မှာ လက်ထပ်လက်စွပ်ဝတ်ကြတယ်လို့ သိထားကြတာပါ။ တကယ်တော့ နှလုံးသွေးကြောနဲ့ ဆက်ထားတာက တခြားလက်ချောင်းတွေလည်းအတူတူပဲဖြစ်ပါတယ်။ လက်သန်းကြွယ်တွေပဲ မဟုတ်ပါဘူးတဲ့။ ဒါကြောင့်အခုလိုလက်ထပ်လက်စွပ်ကို လက်သန်းကြွယ်မှာ ဝတ်ဆင်ရတဲ့အကြောင်းမှန်ကို ဖော်ပြခြင်းဖြစ်ပါတယ်။ ကိုယ်ရဲ့ ဇနီးခင်ပွန်းတွေကိုလည်း ဒီအကြောင်းအရင်းကို ပြောပြလိုက်ပါဦ..း။

တစ်ကမ္ဘာလုံးမှာ ရှိသမျှ ဇနီးခင်ပွန်းတိုင်း လက်သန်းကြွယ်နှစ်ချောင်းလို ဘယ်လိုခွဲခွဲ မကွဲဘဲ တစ်သက်တာ ကြည်နူးဖွယ်အိမ်ထောင်ရေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်…။

Ref: Elite Readers, Bright Side




Some text some message..