![]()
UNAM မှ စိတ်ပညာရှင်များရဲ့လေ့လာမှုမှာတော့ ဝကစ်ကစ် ကောင်မလေးတွေကို ပိုင်ဆိုင်ထားတဲ့ ယောကျ်ားလေးများဟာ ပိုစိတ်ချမ်းသာရကြောင်း တွေ့ရှိခဲ့ရပါတယ်။ နှိုင်းယှဉ်ကြည့်လိုက်တော့ ပိန်သွယ်တဲ့ကောင်မလေးတွေထက် ဝကစ်များကအမျိုးသားများကို ၁ဝဆ ပိုပျော်ရွှင်အောင် စွမ်းဆောင်ပေးနိုင်သတဲ့ ။
ခေတ်စားနေတဲ့ စကားလေးတိုင်းပေါ့ .. ဝဝပြည့်ပြည့် မိန်းကလေးတွေကို ချစ်ပါ.. ပြည့်ပြည့်ဝဝ ပြန်အချစ်ခံရမယ်ဆိုသလိုပါပဲ။ ပိန်သွယ်တဲ့ မိန်းကလေးတွေလည်း မချစ်တတ်ဘူးလို့ ဆိုလိုချင်တာ မဟုတ်ပါဘူးလေ။ ဝကစ်လေးတွေကို ဦးစားပေး စောင့်ကြည့်ထားတာမို့ ပညာရှင်များရဲ့ လေ့လာမှုကို ပြန်လည်ဝေမျှပေးတာဖြစ်ပါတယ်။
သူတို့ဟာ ချစ်တတ်သူလေးတွေပါ
ဝကစ်တွေဟာ ချစ်သူကောင်လေးတွေကို စိတ်ရှုပ်အောင် သိပ်မလုပ်တတ်ကြဘူး။ တစ်ယောက်တည်းနေချင်တယ်ဆို လွှတ်ပေးထားတတ်တယ်။ ” ကိုကို ဆေးလိပ်သောက်ချင်တယ်ဆို လျော့သောက်နော် ” နဲ့ပဲ စကားကို လတ်စသတ်လိုက်ပါတယ် ။ ပွစိပွစိတွေ ထပ်ပြီးမပြောတော့ဘူး။ ချစ်သူ နားငြီးပြီး မချစ်တော့မှာကို ဝကစ်လေးတွေ စိုးရိမ်လို့ပေါ့။အဓိက ချစ်သူစိတ်ချမ်းသာရင်ပြီးတာပါပဲလို့ လွှတ်ထားတာပါ။ မင်းရောဂါဖြစ်မှာကိုတော့ သူလည်း စိုးရိမ်ပါတယ်။
![]()
Foodies သမားတွေဖြစ်တယ်
ဘာလာလာ စားမယ် ၊ ဝါးမယ် ဆိုတဲ့ သူလေးတွေပေါ့ ။ ဒီနေ့ ဘာသွားစားမယ်လို့ ပြောလိုက်တာနဲ့ ခေါင်းကလေးတွေထောင်လာပြီး မျက်နှာဟာအပြုံးတွေနဲ့တောက်ပလာသလို ပါးကြီးနှစ်ဖက်ကလည်း ပိုညှစ်ချင်စရာကောင်းလာလို့ ကိုကိုတွေအတွက်အသည်းယားစရာ။အစားတစ်လိုင်း သက်သက်တော့ မဟုတ်သေးပါဘူးလေ။ သူတို့ကိုယ်တိုင်ကလည်းအစားစာတွေကိုအရသာကောင်းကောင်း ရှယ်ချက်နိုင်ပါသေးတယ်။ ဒီလို ဟင်းချက်ကောင်းတဲ့ မိန်းမကို ပိုင်ဆိုင်ထားလို့ကတော့ တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့ ဟင်းလျာတွေကို မြိန်ရည်ရှက်ရည်စားသုံးရမှာအမှန်ပဲနော်။
![]()
း ဖက်လို့ သိပ်ကောင်
![]()
ဝကစ်ကစ် မိန်းကလေးကို ပိုင်ဆိုင်ထားခြင်းဟာအသည်ယားတိုင်းအားရပါးရ ဖက်လို့ကောင်းတာပါပဲ။ တူတူအိပ်ရင်လည်းအရုပ်တွေ၊ ဖက်ခေါင်းအုံးတွေ မလိုဘူး။ ဝကစ်လေးရှိရင် ပြည့်စုံပြီ။ သူတို့ကို ဖက်အိပ်ထားရင် နှစ်ခြိုက်စွာအိပ်ပျော်နိုင်ဦးမှာတဲ့။ သွားယားရင်လည်း သူတို့ရဲ့ လက်တုတ်တုတ်လေးတွေကို ကိုက်လို့ရတယ်.. ငိငိ
![]()
အရမ်းပျော်တတ်တဲ့ ဝကစ်လေးများ
မင်း ဟာသတစ်ခုခုပြောလိုက်ရင်အားရပါးရအော်ရယ်ပေးမယ့် ပရိတ်သတ်လေးပါ။ သူတို့ကိုယ်တိုင်ကလည်းအူကြောင်ကြောင် ဟာသအဆန်းတွေလုပ်ပြတတ်တယ်။ စိတ်ဖိစီးမှုတွေများနေရင် ချစ်သူ ဝကစ်နဲ့သာ တွေ့ဆုံလိုက်ပါ။ သူက မင်းကိုပျော်ရွှင်အောင်လုပ်ပေးနိုင်လိမ့်မယ်။
![]()
လက်ဆောင်ပေးရ လွယ်ကူ
နှစ်ပတ်လည်နေ့တွေ ၊ ချစ်သူများနေ့တွေမှာအထူးတလည် လက်ဆောင်တွေ စီစဉ်နေစရာမလိုပါဘူး။ သူတို့ကြိုက်တဲ့ မုန့်တွေကို ပါဆယ်ထုတ်ပြီး ပို့လိုက်ပါ။ မိန်းကလေးဆိုတော့ ပန်းစည်းလေးလည်း ကြိုက်မှာပေါ့။ ပန်းစည်းလေးနဲ့ မုန့်ထုတ်တွေနဲ့သာ စပရိုက်သွားလုပ်လိုက်ပါ။
![]()
တစ်ချို့ယောကျ်ားလေးတွေဟာ Gym သွားဆော့ရမှာကိုအင်မတန်ပျင်းပါတယ်။ တကယ်လို့ မင်းဟာ ဝကစ်ကိုသာ ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ နေ့တိုင်းအပြင်းထန် Gym ဆော့နေစရာမလိုပါဘူး။ သူမနဲ့အတူ စားလိုက်၊အိပ်လိုက်နဲ့အတူတူ ဖက်တီးပုတ်လေးတွေ ဖြစ်ချင်လည်း ဖြစ်သွားနိုင်ပါတယ်… ဒါကြောင့် ဝကစ်ကစ်ကောင်မလေးတွေကို ပိုင်ဆိုင်ထားတဲ့ ယောကျ်ားလေးများက ပိုစိတ်ချမ်းသာရတာဖြစ်ပါတယ်။ Gym သွားစရာမလို