အချစ်ဦးနဲ့ရည်းစားဦးကို တစ်ခါတစ်ရံမှာတူတူပဲလို့မြင်တတ်ကြပါတယ်။ တကယ်တမ်းကြတော့သူတို့နှစ်ဦးကအမြဲထပ်တူမကျနိုင်ပါဘူး။ရည်စားဦးဆိုတာ ရည်းစားအဖြစ်စတင်သတ်မှတ်ပြီးထားခဲ့တဲ့သူပါ။ သူ့ကိုမချစ်ဖူးလို့မပြောဘူးနော်ဒါပင်မဲ့ သူ့ထက်အရင်ချစ်မိပြီး ရည်းစားမဖြစ်ခဲ့တဲ့သူလည်းရှိသလို သူနဲ့တွဲပြီးပြတ်သွားမှနောက်တစ်ယောက်ကိုတကယ်ချစ်မိသွားတာမျိုးတွေလည်းရှိနိုင်ပါတယ်။ ဆိုတော့အရှင်းလင်းဆုံးပြောရရင် ရည်းစားဦးဆိုတာ ရည်းစားအဖြစ်စတင်သတ်မှတ်ပြီးတွဲခဲ့သူ ဖြစ်ပြီးအချစ်ဦးဆိုတာကတော့ ရှေ့မှာရည်းစားတွေဘယ်လောက်ပဲရှိခဲ့တယ်ဆိုဆို ဘယ်သူ့ကိုမှမချစ်ဘူးတဲ့အချစ်မျိုးကိုယ့်ဘဝတစ်လျှောက်လုံး သူ့အပေါ်မှာမှသက်ဝင်မိတဲ့မေတ္တာမျိုးနဲ့ချစ်မိသွားတဲ့သူကိုပြောတာမျိုးပါ။ ရည်းစားဦးကအချစ်ဆုံးဖြစ်ချင်မှဖြစ်နိုင်မယ်။ ဒါပင်မဲ့ တကယ်ကို ဘယ်သူ့ကိုမှမချစ်ဘူးတဲ့အချစ်မျိုးနဲ့နစ်နစ်ကာကာချစ်မြတ်နိုးမိနေတဲ့သူကသာအရင်တွဲတွဲမတွဲတွဲသင့်ဘဝရဲ့အချစ်ဦးပါပဲ။လူတိုင်းမှာတော့အချစ်ဦးကိုယ်စီရှိကြမှာပါ။ ကံကောင်းရင်အချစ်ဦးကရည်းစားဦးဖြစ်နိုင်ပြီး နောက်ဆုံးအချစ်အချစ်ဆုံးလည်းဖြစ်တတ်ကြပါတယ်။ ဆိုလိုချင်တာက ကိုယ်ကကိုယ့်ချစ်သူရဲ့ဘယ်နှစ်ယောက်မြောက်ဖြစ်တယ်ဆိုတာထက် ကိုယ့်ချစ်သူဆီက ရထားတဲ့အချစ်တွေကသူဘယ်သူ့ကိုမှမပေးဖူးတဲ့မေတ္တာမျိုးတွေဖြစ်နေပြီးကိုယ့်အပေါ်သိပ်ချစ်တတ်နေဖို့ပဲလိုပါတယ်။ လူတိုင်းကတော့အမှန်နဲ့မတွေ့ခင်ကာလမှာ မှားနေကြအူးမှာပါပဲ။ ဒီလိုပဲ တကယ့်စစ်မှန်တဲ့အချစ်စစ်နဲ့မတွေ့ခင်တော့ ကြားထဲမှာလူပေါင်းစုံနဲ့ပတ်သတ်မနေနိုင်တာပါပဲ။ ဒါကြောင့်ကိုယ့်ချစ်သူရဲ့ဘယ်နှစ်ယောက်မြောက်ချစ်သူဆိုတာထက်အရေးကြီးတာသူဘယ်သူ့ကိုမှမချစ်ဖူးတဲ့အချစ်မျိုးနဲ့ကိုယ့်ကိုချစ်နေဖို့လေးပါပဲ…ချစ်တဲ့သူတိုင်းပျော်ရွှင်စွာပေါင်းဖက်နိုင်ကြပါစေ…
Unicode