အချစ်နဲ့တကယ်ဆေးဖက်ဝင်တဲ့အခါ ချစ်သူလင်မယား၊ မိသားစုစုံတွဲတွေအကြားအပေါင်းတန်ဖိုးတွေချည်းဖြစ်လာပါတော့တယ်။အခုတင်ဆက်ပေးမယ့်အချစ်နဲ့ဆေးဖက်ဝင်ခဲ့တဲ့ ကျန်းမာရေးပိုင်ရှင် စုံတွဲ ၇ တွဲ ကတော့ ခံယူချက်ချင်းတူညီကြတဲ့ စုံတွဲတွေဖြစ်တဲ့အပြင် မိသားစုဘဝကိုအတူတကွ သက်ဆုံးတိုင်အထိ ကျန်းမာရေးကောင်းကောင်းနဲ့ ပျော်ရွှင်နွေးထွေးစွာ ဖြတ်သန်းလိုတဲ့ စိတ်ပိုင်းဖြတ်မှုတွေကြောင့်
သူတို့လုပ်နိုင်စွမ်းသလောက်အထိလုပ်ပြပြီးအဝလွန်နေတဲ့ ကိုယ့်ခန္ဓာကိုယ်ကို ဝိတ်ချဖို့ တကယ်လုပ်နိုင်ခဲ့တဲ့သူတွေဖြစ်ပါတယ်။အဓိကအချက်ကတော့ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားကြတာပါပဲ။ ပုံတွေနဲ့အတူ ဖတ်ရှုကြည့်လိုက်ပါဦးဗျာ။
၁။ ဒန်နီနဲ့ လက်ဇီတို့ မောင်နှံဟာ ၂ဦးပေါင်းကို တစ်နှစ်အတွင်း ပေါင် ၄၄၀ ကျဆင်းသွားတဲ့အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လက်ထပ်ယူကြချိန်မှာ ၂ဦးပေါင်း ပေါင် ၇၇၀အထိရှိခဲ့ပါတယ်။ ရင်သွေးလေးမွေးဖွားချင်လို့ ကျန်းမာရေးကိုအထူးလိုက်စားခဲ့ကြဖြစ်ပြီး ချီးကျူးစဖွယ်အာဂသံမဏိစိတ်ဓာတ်ပိုင်ရှင်တွေပါ။ ချစ်မေတ္တာ ရဲ့အစွမ်းထက်မှုကြောင့်ပဲ။ နတ်ဖက်တဲ့ဖူးစာရှင်တွေလို တောက်ပသွားကြပါတယ်။
၂။ ပုံမြင်တာနဲ့တင် သိသာလွန်းပါတယ်။ ၁၀ နှစ်စာ ပိုပြီးအသက်ပြန်ငယ်သွားကြသလို နုပျိုလန်းဆန်းသွားကြပါတယ်။ နတ်ရေကန်ထဲခုန်ဆင်းတာမဟုတ်ပေမယ့် နှစ်သစ်ကူးအကြိုမှာ နှစ်သစ်ပန်းတိုင်ချမှတ်ပြီး တစ်ယောက်လက်တစ်ယောက်တွဲပြီးအားသွန်ခွန်စိုက် ဝိတ်ချနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။အားကျစဖွယ်မြင်ရမှာပါ။
![]()
၃။ သူတို့စုံတွဲနှစ်ဦးကတော့ တကယ့်အံ့မခန်းပါ။ လှလှလေးမင်္ဂလာဆောင်ချင်လို့ မင်္ဂလာဆောင်အမီအစွမ်းကုန် ဝိတ်ချခဲ့တာဖြစ်ပြီး လေးစားစိတ်ကူးနဲ့ သတ္တိပါပဲ။ ပွဲလာပရိသတ်တွေအံ့အားသင့်သွားစေမှာဖြစ်သလို မလွဲမသွေ ချီးကျူးသံတွေမစဲခဲ့မှာတော့ ကျိန်းသေပေါက်ပါပဲ။ စိတ်ဓာတ်ပြင်း၊ ခံယူချက်တူညီကြတဲ့ စုံတွဲပါ။
၄။ မိန်းကလေး ဟာလေစမစ်ဟာ သူ့ချစ်သူကောင်လေးက သူ့ဆီက လက်ထပ်ခွင့်တောင်းခံချိန်မှာအတော်ကြီး စိတ်ထိခိုက်သွားခဲ့ပုံရပါတယ်။အချိုတွေတအားစားတဲ့ ဟာလေက ခြောက်လအတွင်းမှာ ဝိတ်ချပြီးအချစ်အတွက် သူ့ကိုယ်သူ ပြောင်းလဲပစ်လိုက်ပါတယ်။အခုတော့ မှတ်တောင်မမှတ်မိနိုင်တော့လောက်အောင်ပါပဲ။ ပြုံးပျော်ကြည်နူးနေတာ မြင်ရသလို စိတ်ချမ်းသာစရာဖြစ်စေတာပါပဲ။
၅။ သူတို့နှစ်ယောက်ကိုအရင်ကသိကျွမ်းခဲ့ဖူးတဲ့သူတွေတောင် ပြန်တွေ့ရင်မမှတ်မိနိုင်တော့ပါဘူး။အချစ်ဟာ ဆေးဖက်ဝင်ခဲ့သလားပါပဲ။ ကောင်လေးဟာ ဆေးလိပ်ဖြတ်တယ်။ ညစာဖြတ်တယ်။အားကစားနဲ့ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ဖြစ်လာတယ်။ ချစ်သူမလေးရဲ့အစဉ်သဖြင့်အားပေးနေမှုကို ရခဲ့ပြီး ပေါင် ၁၁၀ တိတိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့ စံပြုနေထိုင်မှုက ကောင်မလေးကိုပါ ကူးစက်ပြီး နှစ်ဦးသား ကျန်းမာကျစ်လစ်သွားခဲ့တယ်။အချစ်ဟာ ဆေးဖက်ဝင်ခဲ့တယ်။
၆။ သူတို့စတွေ့ခါကအခြေအနေနဲ့ လက်ရှိအခြေအနေကို ယှဉ်ပြီးသာကြည့်ကြပါတော့။ သူလိုငါလိုစုံတွဲမျိုးကနေ စမတ်ကျကျ ကိုယ်ခန္ဓာအလှ နဲ့ ရှုမငြီးစရာဖြစ်သွားကြပါတယ်။ တစ်ယောက်ကိုတစ်ယောက်အပေါင်းလက္ခဏာဆောင်ခဲ့ကြတဲ့ သံယောဇဉ်ကြောင့် ထင်မထားတဲ့ ကျန်းမာရေးဆုလာဘ်တွေကိုပါ ဖမ်းယူနိုင်ခဲ့ကြတယ်။အပြန်အလှန်တန်ဖိုးထားတဲ့အချစ်မှာပဲအပြန်အလှန်တန်ဖိုးတက်နိုင်ကြတယ်ဆိုတာ မျက်မြင်ထင်ရှားဖြစ်ကြမှာပါ။
![]()
၇။ သူတို့စုံတွဲကတော့ ဝိတ်ချတာထက်တောင်ပိုပါတယ်။ ကလေးယူပြီးမှကိုအားကစားမောင် နဲ့အားကစာမယ်အဆင့်ထိရောက်သွားခဲ့ကြတယ်။ လင်မယားနှစ်ယောက်စလုံးရဲ့အချစ်ဟာအာနိသင်ကြီးခဲ့ပါတယ်။ ကလေးမွေးပြီးနောက် တူနှစ်ကိုယ်ကျန်းမာရေးအတွက်အပြင် ရင်သွေးငယ်အတွက်ပါ စံပြမိဘတွေအဖြစ် ရပ်တည်နိုင်ကြတော့မှာအမှန်ပါပဲ။
Ref: brightside.com "18 Couples Who Prove Love Changes People for the Better"
AI ( ရိုးရာလေး)