ချစ်သူအချင်းချင်း မလုပ်သင့်ဘူးဆိုတဲ့ တားမြစ်ချက်တွေကို တစ်ခါတစ်ရံချိုးဖောက်ခြင်းကအချစ်ပိုမိုခိုင်မြဲစေနိုင်
myanmaplatform.com
|
2018-11-14



တချို့သောအရာတွေက ချစ်သူစုံတွဲ၊ လင်မယားအချင်းချင်း မပြုလုပ်သင့်ဘူးဆိုပြီး တားမြစ်ချက်တွေ ရှိနေပါတယ်။ ဥပမာ ချစ်သူအချင်းချင်း ငွေရေးကြေးရေးအကြောင်း မပြောသင့်ဘူးတို့၊ လင်မယားတွေအိပ်ရာခွဲမအိပ်သင့်ဘူးတို့ စသဖြင့်အပြုအမူတွေကအချစ်လျော့စေတယ်ဆိုပြီး စိတ်ပညာရှင်တချို့က ဆိုထားတဲ့အတွက် လူအများစုက ချစ်သူရယ်လို့ဖြစ်လာရင် ဒါတွေ မလုပ်ရဘူးလို့ ပုံသေသတ်မှတ် ထားကြပါတယ်။ ဒါပေမယ့် ချစ်သူအချင်းချင်း၊ လင်မယားအချင်းချင်း မလုပ်သင့်ဘူးလို့ ယူဆထား ကြတဲ့တချို့သောအပြုအမူ၊ ကိစ္စရပ်တွေက တစ်ဦးနဲ့တစ်ဦး နားလည်မှုပိုမိုရလာစေပြီး သင်တို့ရဲ့အချစ်ရေး၊အိမ်ထောင်ရေးကို ပိုမိုခိုင်မြဲလာစေတဲ့ ကောင်းကျိုးတွေ ရှိနေပါတယ်။ ဒါ့ကြောင့် ပုံသေသတ်မှတ်ထား ကြတဲ့ ချစ်သူအချင်းချင်း တားမြစ်ချက်တွေကနေ ခွဲထွက်ပြီး စမ်းလုပ်ကြည့်သင့်တဲ့အချက်တွေကို ပြောပြချင်ပါတယ်။


(၁) ရည်းစားဟောင်းအကြောင်းပြောဆိုခြင်း







ကိုယ့်ရဲ့လက်ရှိချစ်သူရှေ့မှာအရင်ရည်းစားဟောင်းအကြောင်း ပြောဆိုတာက စိတ်ကသိကအောက် ဖြစ်စေတာတော့အမှန်ပါပဲ။ ဒါ့ကြောင့်လည်း ချစ်သူရှေ့မှာ ရည်းစားဟောင်းအကြောင်းကို ဘယ်စုံတွဲမှ မဟကြပါဘူး။ ဒါပေမယ့် ချစ်သူအချင်းချင်းမှာ နားလည်မှုနဲ့ ယုံကြည်မှု ရှိနေရင် ရည်းစားဟောင်းအကြောင်း ပြောလည်း ဘာရှော့မှ ရှိမနေပါဘူး။ ကိုယ်နဲ့ ပြတ်သွားပြီးသားဖြစ်တဲ့ ရည်းစားဟောင်းအကြောင်းကို တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောပြနိုင်ဖို့ ဆိုတာ သူနဲ့ပတ်သတ်သမျှ ကိုယ့်စိတ်ထဲ ဘယ်လိုမှသဘောမထားတော့တဲ့အချိန်မျိုးမှ ပြောလို့ရမှာပါ။ ဒါ့ကြောင့်အရင်ရည်းစားနဲ့ ပတ်သတ်ပြီး ဘာခံစားချက်မှ မရှိတော့တဲ့အကြောင်းကိုအခုလက်ရှိချစ်သူရှေ့မှာ တည်တည်ငြိမ်ငြိမ်နဲ့ ပြောပြနိုင်တာကလည်း သင်တို့နှစ်ဦးကြား နားလည်မှုပိုမိုရရှိစေပြီးအချစ်တိုးလာစေပါတယ်။


(၂) ငွေရေးကြေးရေးအကြောင်းပြောဆိုခြင်း







ချစ်သူအချင်းချင်း ပွင့်လင်းမှု ရှိသင့်တာကိုတော့အားလုံးလက်ခံပြီးသား ဖြစ်မှာပါ။ သင့်ကို တကယ်ချစ်တဲ့ ချစ်သူဆိုတာ သူနဲ့ပတ်သတ်တဲ့အရာရာတိုင်းကို ရင်ဖွင့်ပြောဆိုမှာပါပဲ။ ငွေရေးကြေးရေးအကြောင်းကို ချစ်သူသမီးရည်းစားကြား မပြောသင့်ဘူးဆိုတဲ့အများစုရဲ့ယူဆ ချက်တွေက ခွဲထွက်သင့်ပါတယ်။ ချစ်သူအကြား ငွေရေးကြေးရေးအကြောင်း ဆွေးနွေးတယ်ဆိုတာဟာ ရှေ့ရေးအတွက် ဘယ်လိုအစီအစဉ်တွေ ချမှတ်နေတယ်၊ ဘယ်လိုအဆင်ပြေအောင် ကြိုးစားရုန်းကန်နေတယ်ဆိုတာကို နည်းလမ်းတစ်မျိုးနဲ့အသိပေးတဲ့ သဘောပါပဲ။ ဒါ့ကြောင့် ချစ်သူသမီးရည်းစားအချင်းချင်း ငွေရေးကြေးရေးအကြောင်းကို ပြောဆိုဆွေးနွေးဖို့ မရှက်ပါနဲ့။


(၃)အချိန်တိုင်းမက်ဆေ့ချ်ပို့ခြင်း







တစ်နေကုန်အချိန်ပြည့်၊ လွမ်းတဲ့အခါတိုင်း မက်ဆေ့ချ် ပို့တာက တစ်ဖက်လူကို စိတ်အနှောက်အယှက် ဖြစ်စေလို့ ချစ်သူအချင်းချင်း မလုပ်သင့်ဘူးလို့ စာတွေမှာ ဖတ်ဖူးကြမှာပါ။ ဒါပေမယ့် ကိုယ့်ရဲ့ လွမ်းနေတဲ့ စိတ်ကို သူသိစေဖို့ကိုတော့ ပြောပြသင့်ပါတယ်။ ဒါ့ကြောင့် လွမ်းတဲ့အချိန်တိုင်း မက်ဆေ့ချ် ပို့တာကလည်း မမှားပါဘူး။ ဒါပေမယ့် သင့်မက်ဆေ့ချ်ကို ချက်ချင်း Reply ပြန်ရမယ် လို့တော့ မသတ်မှတ်ထားပါနဲ့။အားတဲ့အချိန်မှာ သင့်ကို မက်ဆေ့ချ်ပြန်ပါလိမ့်မယ်။ လွမ်းတဲ့အချိန်မှာလည်း မက်ဆေ့ချ်ပို့ပါလိမ့်မယ်။ ဒါကလည်း ချစ်သူနှစ်ဦးကြားအချစ်တွေကို ဖလှယ်တဲ့ သဘောပါပဲ။


(၄) ချစ်သူမပါဘဲသူငယ်ချင်းနဲ့ပျော်ပါးခြင်း







ဒါကလည်း ချစ်သူရည်းစားစုံတွဲတော်တော်များများမှာ ပြဿနာဖြစ်စေတဲ့အချက်ပါပဲ။ ချစ်သူထက် သူငယ်ချင်းကအရေးကြီးတာလား ဆိုတဲ့ နားလည်မှု လွဲမှားစေတဲ့ လုပ်ရပ်အဖြစ် သတ်မှတ်ထားကြ တဲ့အတွက် ချစ်သူစုံတွဲအများစု ရှောင်ကြတဲ့အမူအကျင့်ပါပဲ။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ ကိုယ့်ချစ်သူကို သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်ပျော်ပါးခွင့် ပေးသင့်ပါတယ်။ ကိုယ့်အနားမှာပဲ 24/7 နေရမယ်လို့ မချုပ်ချယ်ထားပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် ဒီလို လွတ်လပ်ခွင့် ပေးတာကလည်း ချစ်သူအချင်းချင်း နားလည်မှု ပိုမိုရရှိစေတယ်ဆိုတာ မမေ့ပါနဲ့။


(၅)အိပ်ရာခွဲအိပ်ခြင်း







စိတ်ပညာရှင်များရဲ့ လေ့လာဆန်းစစ်ချက်တွေအရ ချစ်သူလင်မယားတွေအိပ်ရာခွဲအိပ်လိုက်တာနဲ့အချစ်စိတ်တွေ လျော့ပါးသွားပြီးအချိန်ကြာလာတဲ့အခါ ရင်းနှီးမှုတွေလည်း မရှိတော့ဘဲအိမ်ထောင်ရေးလည်း သာယာမှု မရှိတော့ဘူးလို့ ဆိုပါတယ်။ ဒီပုံသေသတ်မှတ်ချက်ကနေခွဲထွက်ပြီးအိပ်ရာခွဲအိပ်ကြည့်လိုက်ပါ။ တစ်ယောက်နဲ့တစ်ယောက်အိပ်ရာခွဲအိပ်လိုက်ရုံနဲ့အချစ်တွေ လျော့မသွားဘူး ဆိုတာကို သိရှိလာစေဖို့ စမ်းသပ်တဲ့ သဘောပါပဲ။ နောက်ပြီးအမြဲအတူအိပ်နေရာကနေ ခွဲအိပ်ကြတဲ့အချိန်မှာ လွတ်လပ်မှုနဲ့ ခံစားမှုအသစ်ကို ခံစားရမှာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးအချိန်ပေးရမယ်၊ တခါတရံ လွတ်လပ်ခွင့်ပေးသင့်တယ်ဆိုတဲ့ နားလည်မှုကလည်း ပိုတိုးလာမှာပါ။




Some text some message..