မိန်းကလေးတစ်ယောက် စိတ်နာသွားရင်
trend.com.mm
|
2018-09-12

မိန်းကလေးတစ်ယောက်ဟာ လှည့်မကြည့်ချင်လောက်အောင် စိတ်ထဲမှာအရမ်းကိုနာကျင်သွားပြီဆိုရင်တော့ ဘယ်လိုအရာကမှ သူမစိတ်ကိုပြောင်းလဲပေးလို့ရတော့မှာမဟုတ်ပါဘူး။ မင်းကိုထားခဲ့ဖို့ သူမဆုံးဖြတ်လိုက်ပြီဆိုရင်မင်းဘယ်လိုပဲ ကြိုးစားပါစေ သူမ မင်းဆီကို ပြန်လာတော့မှာမဟုတ်ပါဘူး။




ထားခဲ့ရတဲ့အကြောင်းက မင်းသူမအပေါ်အမှားလုပ်မိတာလည်းဖြစ်သလိုအကြောင်းမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။ ဒါပေမယ့် မိန်းမတွေက ယောကျ်ားတစ်ယောက်ကို တကယ်ချစ်ရင် ထားသွားဖို့ကိုအင်မတန် စဉ်းစားယူရပါတယ်။ နောက်ဆုံးအချိန်ထိ နားလည် ၊ ပြုပြင်ပေးဖို့ ဇွဲမလျော့ချင်ကြဘူး။ တကယ်လို့များ သူမစိတ်ပြောင်းသွားခဲ့မယ်ဆိုရင် …






ဘယ်သူမဆို လိမ်တာလုံးဝမကြိုက်ပါဘူး။ သိနေရက်သားနဲ့ ပေါ်တင်လိမ်တာမျိုးကို ဘယ်သူမှ သည်းမခံနိုင်ဘူး။ ပြဿနာကအထားခံရလိုက်တဲ့အချိန်မှာ သူပြောင်းလဲသွားပြီ။ ပြန်လာတော့မှာမဟုတ်တော့ဘူးဆိုတဲ့စိတ်နဲ့ မိန်းကလေးတွေက စိတ်သစ်လူသစ် ပြန်နေဖို့အရှိန်ယူကြတယ်။အတော်လေး နာကျင်နေတဲ့အချိန်တွေပေါ့။အဲ့ဒီအချိန်တွေမှာတော့ ယောကျ်ားလေးတွေကအေးဆေးရှိနေမှာပါ။အချိန်တစ်ခုကြာလို့ သတိရလာချိန်မှာ သူမဆီပြန်သွားလိုက်မယ်။ သူမ လက်ခံမှာပါဆိုတဲ့အတွေးဟာ လုံးဝမှားသွားပြီ။ သူမ မင်းမရှိပဲနဲ့လည်း နေသားကျနေပါပြီ။




သူမကို မင်းပြန်လိုချင်လား ။ ခံစားချက်တွေ ပြန်နွေးထွေးလာအောင်အတော်လုပ်ယူမှရပါလိမ့်မယ်။ ပြုလုပ်သူနဲ့ ခံရသူမှာ ကွာဟချက်က ဒါပါပဲ။ ခံရသူက သူခံစားရတာကို ဘယ်တော့မှ မမေ့ဘူး။ တစ်ချိန်မဟုတ် တစ်ချိန်တော့ တွေးနေမိမှာ။ ခွင့်လွှတ်မှုကို လိုချင်ရင် မင်းအကောင်းဆုံး ကြိုးစားပြနိုင်ဖို့တော့ လိုပါတယ်။ ဘဝမှာ ကိုယ့်အပေါ်တကယ်ချစ်ပေးနိုင်တဲ့လူကို ဆုံးရှုံးလိုက်ရတာလောက် ကြီးကျယ်တာ ရှိဦးမလား။ မနက်ဖြန် ဘာဖြစ်မလဲ ကြိုမမြင်နိုင်တဲ့ ဘဝကြီးမှာ ဒီလိုလူမျိုးတွေကို တန်ဖိုးထားပြီး ပျော်ရွှင်စွာနေကြပါ။




Some text some message..