ပိုက်ဆံကုန်ကျခံစရာမလိုဘဲ စိတ်အပန်းပြေစေမယ့် ဇိမ်ခံနည်းလမ်းများ
shweinnlay.com
|
2018-11-17



စိတ်အပန်းဖြေ၊အနားယူဖို့အတွက် ဇိမ်ခံချင်တယ်ဆိုရင် လူအများစုက ခရီးထွက်မယ်၊ ငွေတွေသုံးဖြုန်းပြီး လိုချင်တာတွေ ဝယ်မယ်၊ resort တွေမှာအနားယူမယ် လို့ပဲ ပြေးမြင်ကြပါတယ်။ တကယ်တော့ သင့်ကို စိတ်အပန်းပြေစေပြီး ငွေကုန်ကြေးကျလည်း ကုန်ခံစရာမလိုတဲ့ ဇိမ်ခံနည်းတွေအများကြီးရှိနေပါတယ်။ စိတ်ရှုပ်စရာ၊ stress တွေ ပြေလျော့သွားမယ်ဆိုရင် ဒါဟာလည်း ဇိမ်ခံနည်းတစ်မျိုးပါပဲ။


(၁) ရေပန်းနဲ့ ရေချိုးပါ

ဇာတ်ကားတွေထဲမှာဆို တွေ့မြင်ဖူးကြပါလိမ့်မယ်။ စိတ်အရမ်းညစ်လာတဲ့အခါ ရေချိုးခန်းထဲ ရေပန်းအောက်မှာ ရေအကြာကြီး ချိုးတာတို့၊ ရေကန်ထဲ ဝင်စိမ်နေတာမျိုးတို့ပေါ့။ ဒါဟာအမှန်တကယ်ပဲ စိတ်အပန်းပြေစေတဲ့ နည်းလမ်းတစ်ရပ်ပါပဲ။ ရေပန်းက ကျလာတဲ့ ရေစက်တွေက ဦးခေါင်းကတစ်ဆင့် မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ် စီးဆင်းသွားတဲ့ ခံစားချက်က တကယ့်ကို ဇိမ်ကျလွန်းလှပါတယ်။ ဒီတော့… resort၊ ရေကူးကန်တွေ သွားနေစရာမလိုတော့ပါဘူး။


(၂) ကိုယ်တိုင်ကော်ဖီဖျော်စပ်ပါ

အသင့်ဖျော်ရမယ့် ကော်ဖီမှုန့်ထုပ်တွေကို ဖျော်ခိုင်းတာမဟုတ်ပါဘူး။ ကော်ဖီမှုန့်ကြမ်းနဲ့ ကိုယ်တိုင် ဖျော်စပ်သောက်သုံး ကြည့်လိုက်ပါ။ ကော်ဖီက သင့်စိတ်ကို လန်းဆန်းစေသလို၊ ကိုယ်တိုင် ဖျော်စပ်ထားရတဲ့ ကော်ဖီကောင်းကောင်းတစ်ခွက်ကို ဇိမ်ရှိရှိသောက်သုံးနိုင်ပါတယ်။


(၃) Work out လုပ်ပါ

စိတ်ပင်ပန်းနွမ်းနယ်လာတဲ့အခါ ကိုယ့်ကိုယ်ကို ပြန်လည်တက်ကြွလာစေဖို့ လှုပ်လှုပ်ရှားရှားနေဖို့ လိုပါတယ်။ ဒီတော့… ငွေကုန်ကြေးကျ ကုန်ကျခံမနေဘဲအကျိုးရှိရှိ နဲ့ စိတ်အပန်းဖြေချင်တယ် ဆိုရင်တော့ work out လုပ်ပါ။ ခန္ဓာကိုယ် လှုပ်လှုပ်ရှားရှား နေတာက သင့်ရဲ့စိတ်ကို ပြန်လည် လန်းဆန်းတက်ကြွလာစေမှာအမှန်ပါပဲ။


(၄) ပြတင်းပေါက်မှာထိုင်ပါ

ပြတင်းပေါက် ဒါမှမဟုတ် ဝရံတာမှာ ထိုင်ပြီးအပြင်လောကကို ကြည့်လိုက်ပါ။ လန်းဆန်းတဲ့ လေ၊ နေရောင်ခြည်ကို ခံစားရရှိနိုင်မယ့်အပြင် ပတ်ဝန်းကျင်ကိုလည်း ရှုမြင်ကြည့်နိုင်ပါတယ်။ သင့်ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်တွေ ပြေလျော့သွားပြီး စိတ်ကြည်လင်လန်းဆန်းလာပါလိမ့်မယ်။


(၅) သီချင်းနားထောင်ပါ

သီချင်းနားထောင်တာက သင့်ရဲ့ စိတ်ကိုအပန်းဖြေပေးမယ့်အရာထဲက တစ်ခုပါပဲလို့ စိတ်ပညာရှင်များက ဆိုထားပါတယ်။ နားကြပ်တပ်ပြီးပဲဖြစ်ဖြစ်၊ ဆောင်းဘောက်စ်နဲ့ ဖွင့်ပြီး သီချင်းဂီတကို ခံစားနားဆင်ကြည့်လိုက်မယ်ဆို စိတ်အပန်းဖြေစေပြီး တကယ့်ကို ဇိမ်ပါပဲနော်။


နန်း(ရွှေအင်းလေး)




Some text some message..