မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးဆိုတာ…
trend.com.mm
|
2018-11-17

မိန်းကလေးတစ်ယောက်ကို တန်ဖိုးရှိတဲ့မိန်ကလေးတစ်ယောက်လို့ ဘယ်လိုစံနှုန်းတွေနဲ့သတ်မှတ်နေကြတာလဲ…ဒီခေတ်အခါကြီးထဲမှာ မိန်းကလေးတွေက ယောကျ်ားလေးတွေနဲ့တန်းတူသွားလာလှုပ်ရှားနေတာကို ရှေးအယူအဆကြီးတွေလက်ကိုင်ထားပြီး ဘောင်ဘီဝတ်တဲ့ဟိုမိန်းကလေးကတန်ဖိုးမရှိဘူး…ယောကျ်ားလေးသူငယ်ချင်းထားတဲ့မိန်းကလေးကတန်ဖိုးမရှိဘူး ဆိုတာမျိုးတွေပြောနေရင်တော့အကြီးအကျယ်မှားယွင်းနေပါပြီ။ မိန်းကလေးတစ်ယောက်ရဲ့တကယ့်တန်ဖိုးဆိုတာ ထက်မြတ်ခြင်းနဲ့ပေးဆပ်တတ်ခြင်းတွေပါ။ ကိုယ်ကျင်လည်တဲ့ Field မှာအလွန်အကြူးကြီးအအောင်မြင်ရင်တောင် ကျွမ်းကျွမ်းကျင်ကျင်နဲ့လုပ်ကိုင်နိုင်တဲ့ ယုံကြည်မှုရှိတဲ့မိန်းမမျိုးဖြစ်နေဖို့လိုပါတယ်။အချိန်တန်ယောကျ်ားမယူဘူးလား …ယောကျ်ားက မရှာနိုင်လို့လား ယောကျ်ားလုပ်စာထိုင်စားပေါ့လို့ ခပ်ပေါ့ပေါ့လေးပြောတတ်တဲ့သူတွေကို မေ့ထားလိုက်ပါ။ သူတို့တွေအသိဉာဏ်နည်းလွန်းနေလို့ဒီလိုစကားမျိုးပြောထွက်တာ… မိန်းကလေးဆိုတာ မျိုးကထက်သင့်တဲ့နေရာမှာလည်းထက်ရမယ် နူးညံ့သင့်တဲ့နေရာမှာလည်းနူးညံ့ရပါမယ်။ ကိုယ့်ချစ်သူကိုယ့်အမျိုးသားကို တစ်တောင့်တစ်နေရာကနေထောက်ပံံ့ကူညီပေးနိုင်တဲ့သူ ဖြစ်ကိုဖြစ်နေသင့်ပါတယ်။ နောက်တစ်ခုက ဘယ်လိုတွေနူးညံ့ ဘယ်လိုတွေသိမ်မွေ့နေပါစေအုံးတော့ စိတ်ဓာတ်မကောင်းပဲ ဖောက်လွဲဖောက်ပြန်လုပ်တတ်တဲ့သူ တဒင်္ဂစိတ်ကို မထိန်းချုပ်နိုင်တဲ့သူ ဒါမျိုးတွေကိုဘယ်လိုတန်ဖိုးရှိတဲ့မိန်းကလေးလို့ခေါ်ရမလဲ…ထက်မြတ်ပြီးသစ္စာတရား နဲ့မေတ္တာတရား ရှိတဲ့မိန်းမတွေက သိပ်ကိုတန်ဖိုးရှိတဲ့မိန်းကလေးတွေပါ။ လှဖို့မလှဖို့ဆိုတာထက် ကိုယ့်ချစ်သူအတွက်ပေးဆပ်ချင်စိတ်ရှိပြီး လူဝင်ဆင့်တဲ့အလှမျိုးနဲ့ ဘယ်နေရာသွားသွားကိုယ့်ဂုဏ်လေးနဲ့ကိုယ် တင့်တယ်နေပါစေ…







Unicode



မိန်းကလေးတစ်ယောက်ကို တန်ဖိုးရှိတဲ့မိန်ကလေးတစ်ယောက်လို့ ဘယ်လိုစံနှုန်းတွေနဲ့သတ်မှတ်နေကြတာလဲ…ဒီခေတ်အခါကြီးထဲမှာ မိန်းကလေးတွေက ယောကျ်ားလေးတွေနဲ့တန်းတူသွားလာလှုပ်ရှားနေတာကို ရှေးအယူအဆကြီးတွေလက်ကိုင်ထားပြီး ဘောင်ဘီဝတ်တဲ့ဟိုမိန်းကလေးကတန်ဖိုးမရှိဘူး…ယောကျ်ားလေးသူငယ်ချင်းထားတဲ့မိန်းကလေးကတန်ဖိုးမရှိဘူး ဆိုတာမျိုးတွေပြောနေရင်တော့ အကြီးအကျယ်မှားယွင်းနေပါပြီ။ မိန်းကလေးတစ်ယောက်ရဲ့တကယ့်တန်ဖိုးဆိုတာ ထက်မြတ်ခြင်းနဲ့ပေးဆပ်တတ်ခြင်းတွေပါ။ ကိုယ်ကျင်လည်တဲ့ Field မှာ အလွန်အကြူးကြီးအအောင်မြင်ရင်တောင် ကျွမ်းကျွမ်းကျင်ကျင်နဲ့လုပ်ကိုင်နိုင်တဲ့ ယုံကြည်မှုရှိတဲ့မိန်းမမျိုးဖြစ်နေဖို့လိုပါတယ်။ အချိန်တန်ယောကျ်ားမယူဘူးလား …ယောကျ်ားက မရှာနိုင်လို့လား ယောကျ်ားလုပ်စာထိုင်စားပေါ့လို့ ခပ်ပေါ့ပေါ့လေးပြောတတ်တဲ့သူတွေကို မေ့ထားလိုက်ပါ။ သူတို့တွေအသိဉာဏ်နည်းလွန်းနေလို့ဒီလိုစကားမျိုးပြောထွက်တာ… မိန်းကလေးဆိုတာ မျိုးကထက်သင့်တဲ့နေရာမှာလည်းထက်ရမယ် နူးညံ့သင့်တဲ့နေရာမှာလည်းနူးညံ့ရပါမယ်။ ကိုယ့်ချစ်သူကိုယ့်အမျိုးသားကို တစ်တောင့်တစ်နေရာကနေထောက်ပံံ့ကူညီပေးနိုင်တဲ့သူ ဖြစ်ကိုဖြစ်နေသင့်ပါတယ်။ နောက်တစ်ခုက ဘယ်လိုတွေနူးညံ့ ဘယ်လိုတွေသိမ်မွေ့နေပါစေအုံးတော့ စိတ်ဓာတ်မကောင်းပဲ ဖောက်လွဲဖောက်ပြန်လုပ်တတ်တဲ့သူ တဒင်္ဂစိတ်ကို မထိန်းချုပ်နိုင်တဲ့သူ ဒါမျိုးတွေကိုဘယ်လိုတန်ဖိုးရှိတဲ့မိန်းကလေးလို့ခေါ်ရမလဲ…ထက်မြတ်ပြီးသစ္စာတရား နဲ့မေတ္တာတရား ရှိတဲ့မိန်းမတွေက သိပ်ကိုတန်ဖိုးရှိတဲ့မိန်းကလေးတွေပါ။ လှဖို့မလှဖို့ဆိုတာထက် ကိုယ့်ချစ်သူအတွက်ပေးဆပ်ချင်စိတ်ရှိပြီး လူဝင်ဆင့်တဲ့အလှမျိုးနဲ့ ဘယ်နေရာသွားသွားကိုယ့်ဂုဏ်လေးနဲ့ကိုယ် တင့်တယ်နေပါစေ…




Some text some message..