![]()
အရမ်းချစ်ခဲ့ရတဲ့ ရည်းစားလေးနဲ့ပြတ်သွားကြတဲ့အခါ ပိုချစ်တဲ့လူက ပိုခံစားရတယ်ဆိုသလိုပဲ ရင်ကွဲမတတ်ခံစားနေရတဲ့ ကြားထဲကမှ သူက နောက်ရည်းစားပါ ဗြုန်းစားကြီးကောက်ထားလိုက်တဲ့အခါ ဘဝကြီးကို ရှေ့မဆက်ချင်လောက်အောင် ဖြစ်သွားသလိုမျိုး ဖြစ်သွားခဲ့ကြဖူးမှာမှာ။အသည်းကွဲတာ မဆန်းပါဘူး။ ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ သိပြီး လိုက်နာမယ်ဆိုရင်တော့ ခံစားရ သက်သာစေမှာပါ။
အောက်ကအကြံပေးချက် (၈) ချက်ကတော့အသည်းနုသူတွေ၊ သူနဲ့ပတ်သက်ရင် မကောင်းတာမှန်သမျှဘယ်လိုမှ မခံစားနိုင်တဲ့လူတွေအတွက် ရည်ရွယ်ထားတာမို့ စိတ်မာသူ၊ တင်းခံနိုင်သူတွေဖို့တော့် လွဲကောင်းလွဲနိုင်ပါတယ်နော်။ ဘယ်လိုပဲဖြစ်ဖြစ် ခံစားမှုထိရှလွယ်တတ်သူလေးတွေက ပိုပြီး စိုးရိမ်ရတာမို့ ဦးစားပေးအနေနဲ့အောက်က (၈) ချက်ကို ဖော်ပြလိုက်ပါတယ်။
(၁) ဖြစ်သမျှကို ကြိတ်မခံပါနဲ့။
ငိုသင့်ရင်ငိုပါ။ ယောက်ျားဖြစ်နေလို့ မိန်းမဖြစ်လို့မှမဟုတ်ဘဲ စိတ်ထဲအရမ်းမွန်းကြပ်လာတဲ့အခါ ငိုချလိုက်ပါ။ လူတွေမသိစေချင်ဘူးဆိုရင်တော့ လွတ်လပ်တဲ့ နေရာနဲ့အချိန်ကိုရှာဖွေပြီးအချိန်ပေးပြီးကို ငိုပါ။ ငိုပါများလေ ရင်ဝမှာပိတ်စို့နေတဲ့အလုံးကြီးက တဖြည်းဖြည်းအရည်ပျော်ကျသွားလေဖြစ်တာမို့ ရှိုက်ကြီးတငင်ကို ငိုချလိုက်ပါ။ ဘယ်မရာမဆိုတင်းခံမနေသင့်ပါဘူး။အကယ်၍သူငယ်ချင်းတွေရဲ့အကူအညီလိုအပ်တဲ့အခါ ရင်ဖွင့်ဖို့အတွက် သူတို့ကိုအကူအညီတောင်းလိုက်ပါ။
(၂) သင့်ထက်အနာမြန်မြန်ကျက်ပြီး ပျော်ပါးနေတာကို မုဒိတာသာ ပွားပေးပါ။
သူ့မှာနောက်တစ်ယောက်ရနေပြီဆိုတာ သိသိချင်းတော့ သူကဘာလို့ငါ့လို မခံစားရတာလဲဆိုပြီး ဝမ်းနည်းသွားမှာအမှန်ပါပဲ။ တကယ်တော့ ငါကခံခဲ့ရတာမို့ သူငါ့ကိုတော့အားနာတန်ကောင်းပါရဲ့ဆိုပြီး တွေးနေမယ့်အစား ကိုယ်ချစ်ရသူ ပျော်တာမြင်နေတာနဲ့တင်ကို မုဒိတာပွားနိုင်အောင် ကြိုးစားပါ။ မေတ္တာတရားတွေများများ ဖြန့်ကျက်ပါ။
(၃) ဘယ်သူကပိုပြီး ရည်းစားမြန်မြန်ထပ်ရမလဲဆိုပြီး ပြိုင်ပွဲဝင်ရမှာမဟုတ်တာ ခေါင်းထဲထည့်ထားပါ။
ဒါကတော့ ပါးစပ်က ထုတ်ဖော်မပြောကြပေမယ့်လည်း စိတ်ထဲကြိတ်ပြီးအလိုလိုပြိုင်သလိမျိုး ဖြစ်ကိုဖြစ်နေတတ်ပါတယ်။ ဘယ်သူကပဲအရင်ထားခဲ့ထားခဲ့၊ နှစ်ယောက်မှာ တစ်ယောက်က နောက်ထပ်အသစ်တစ်ယောက်အရင်ဆုံးရသွားတဲ့လူကို ကျန်တဲ့ တစ်ယောက်က မနာလိုလည်း ဖြစ်စရာမလိုပါဘူး။ ရည်းစားထားတယ်ဆိုတာ ဘဝကြီးရဲ့ မရှိမဖြစ် နေလုံးမှမဟုတ်တာ။ ဒါကြောင့် သူကျရတယ် ငါကကျအခုထိမရသေးဘူး၊ သူငါ့ကို တကယ်ချစ်ခဲ့တာရောဟုတ်ရဲ့လားတွေ မတွေးနေပါနဲ့။
(၄)အရမ်းချစ်ရပါသော်လည်း မကောင်းတဲ့ပြစ်ချက်တွေကိုပဲ ရွေးတွေးပေးပါ။
သူတောင်ကိုယ့်ကို ထားသွားပြီးနောက်တစ်ယောက်နဲ့ ပျော်ပါးနိုင်သေးတာပဲ။ ကိုယ်ရော ဝမ်းနည်းနေတာတွေကို ကျော်လွှားပြီး ပျော်သင့်နေပြီမဟုတ်လား။ ဒီတော့ စိတ်မနာနိုင်လည်း သူ့ကိုမာျးများစိတ်ပျက်စေဖို့အတွက် သူ့ကိုယ့်အပေါ်လုပ်ထားခဲ့တဲ့အပြစ်တွေ၊ သူ့ရဲ့ ပြစ်ချက်တွေ၊ မကောင်းတဲ့အချက်တွေ၊အကျင့်မကောင်းတာတွေ၊ ညစ်ပတ်တာတွေကအစ သူ့အကြောင်းတွေးမိတိုင်း ထည့်တွေးပစ်ပါ။
(၅) သူ့ရဲ့လက်ရှိရည်းစားနဲ့ ကိုယ်နဲ့ကို ဘယ်လိုအကြောင်းနဲ့မှ မနှိုင်းယှဉ်နေပါနဲ့။
ခါးသီးတဲ့အမှန်တရားကတော့ တစ်ဖက်လူဟာအခုအချိန်မှာတော့အနိုင်ရသူဖြစ်လို့နေပါပြီ။ ဒါကြောင့်လည်း သင့်ကို မယှဉ်သင့်ဘူးလို့ပြောတာပေါ့။ သင်ဘယ်လောက်ပဲသာနေပါစေ၊ သူ့အနားမှာရှိနေသူဟာ သင်မဟုတ်ဘူးဆိုတာလေးတစ်ချက်ပဲ သိဖို့ပါပဲ။ ဒါကြောင့် စိတ်ဆင်းရဲခံပြီး ဘာကိစ္စနဲ့ လိုက်ယှဉ်ကြည့်နေမှာလဲ။ ခွီချင်ရင်တော့ တစ်မျိုးပေါ့နော်။
(၆) သူတို့နှစ်ယောက်သားသွားလောက်မယ့်နေရာတွေကို တတ်နိုင်သမျှရှောင်ပါ။
ကိုယ်နဲ့ပြတ်ပြီးမှ သူတို့နှစ်ယောက်တွေ့ပြီး ချစ်ကြိုက်သွားတယ်ဆိုရင်တော့ သင်တတ်နိုင်သလောက်ရှောင်သင့်ပါတယ်။ နှစ်ယောက်စလုံးနဲ့ ကိုယ်နဲ့မျက်နှာချင်းဆိုင်တွေ့တဲ့အခါ သုံးယောက်စလုံးအိုးတို့အန်းတမ်း ဖြစ်နေပြီး သင်ကပါ စိတ်ပျော့သူဆိုတော့ လူသူတွေရှေ့မှာ ထငိုမိရင် ရှက်စရာကြီးလေနော်။ ရင်ဆိုင်ဖို့အားမရှိသေးသ၍တော့ စိတ်ပျော့သူလေးတွေ ရှောင်နေတာအကောင်းဆုံးပါပဲ။
(၇) Social Media တွေကို stalk လုပ်ခြင်းမှ ရှောင်ကျဉ်ပါ။
သူတို့နှစ်ယောက်ရဲ့ ပျော်ပါးချစ်ခင်ကြည်နူးနေပုံတွေကို စိတ်မခိုင်ဘဲ နေ့တိုင်းဝင်ဝင်ကြည့်နေတာတော့ သိပ်အဆင်မပြေပါဘူးနော်။ ကိုယ့်စိတ်ကိုကိုယ်အဆင်းရဲခံပြီး ဝင်ကြည့်နေမယ့်အစား ကိုယ်ရှာရင်လည်းအလွယ်တကူရှာလို့မရအောင် ခတ္တ block ထားလိုက်တာအဆင်ပြေစေမှာပါ။
(၈) ကိုယ့်ရဲ့ဘဝရှေ့ရေးအတွက် ဦးစားပေးစဉ်းစားအကောင်ထည်ဖော်ပါ။
ရည်းစားတစ်ယောက်အတွက် သင့်ရဲ့တစ်ဘဝလုံးစာကိုအခန်းထောင့်မှာငိုပြီးအချိန်မဖြုန်းတော့မှာလား။ သူကိုယ့်ကို ဘာကြောင့်ပစ်သွားတာလဲဆိုတဲ့အချက်ကိုရှာပြီး ပြန်ပြုပြင်ပါ။ ပိုတော်အောင်နေပါ။ ပိုလှ၊ပိုခန့်၊ပိုသန့်အောင်နေပါ။အကောင်းဆုံးလက်စားချေခြင်းဟာ သူနဲ့တွဲတုန်းကထက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေ ပိုတိုးတက်လာပြီး စာဆိုလည်းစာ၊အလုပ်ဆိုလည်းအလုပ်၊ ကြွယ်ဝချမ်းသာမှုဆိုလည်း ကြွယ်ဝချမ်းသာမှု စသဖြင့်အစစအရာရာ ပြောင်းလဲပစ်၊ သူ့ရှေ့ကို တမင်ကိုယ်ထင်ပြပြီး ကြွားလုံးထုတ်ရတာကိုပဲ။ မလုပ်ဖူးဘူးမဟုတ်လား။ ဒါဆိုရင်တော့အခုအချိန်ကစပြီး ကိုယ်ရဲ့ရုပ်ရည်အသွင်အပြင်အဆင်နဲ့အသက်မွေးဝမ်းကြောင်းအလုပ်တွေကို ထပြီး ပြုပြင်ပြောင်းလဲ တိုးတက်အောင် လုပ်ကြပါ။ ဒီလိုလက်စာချေတာ သိပ်အရသာရှိကြောင်း သိသွားမှာပါနော်။
Source: Love Penky
Penny