![]()
အထီးကျန်ခြင်းမှအံ့သြဖွယ်ရာ ရလဒ်များကို ရရှိနိုင်ကာ ပိုမို ပြည့်စုံ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင် ရရှိနိုင်ပါသည် ။အထီးကျန်သည်ဟု ခံစားလာရပါကအောက်ပါအချက်များကို ကြိုးစားကြည့်ပါ ။
![]()
တစ်ခါတစ်ရံ လူတွေဟာအထီးကျန်မှာအလွန် စိုးရိမ်ကြောင့်ကြ တတ်ကြသည်။ မိဘစွန့်ပစ်သွားမှာ ၊ ချစ်ခင်သူ ဆုံးရှုံးမှာ ၊ လုပ်ငန်းတွင် မပျော်ရွှင်သောအဆင်မပြေသော၊ လုပ်ဖော်ကိုင်ဖက်များနှင့်အဆင်မပြေခြင်း ၊ မိတ်ဆွေသူငယ်ချင်းကို ဆုံးရှုံးရခြင်း ၊ မျှော်လင့်ချက် ရည်မှန်းချက်များ ပျက်စီးသွားရခြင်း၊မိမိ ချစ်ခင်မြတ်နိုးသောအရာများကို ဆုံးရှုံးခြင်း စသည်တို့ကို မလွဲမသွေ ကြုံလာရ သောအခါအထီးကျန်းခြင်းဒဏ်ကို မခံစားနိုင် မည်သို့ မည်ပုံ ကျော်ဖြတ်ရမည် ဖြေရှင်းရမည်ကို နားမလည်သောကြောင့်ဆိုးကျိုးကိုသာ ခံစားကြရသည် ။အမှန်မှာအထီးကျန်ခြင်းမှအံ့သြဖွယ်ရာ ရလ်းများကို ရရှိနိုင်ကာပိုမို ပြည့်စုံ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင် ရရှိနိုင်ပါသည် ။ အထီးကျန်သည်ဟုခံစားလာရပါကအောက်ပါအချက်များကို ကြိုးစားကြည့်ပါ ။
ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲတက်ပါ
အဆုံးစွန်ခံစားပါ။ စိတ်ကို ဖွင့်ချလိုက်ပါ ။ ဝမ်းနည်းပူးဆွေးလွန်ကာအော်ဟစ်ငိုယို သတိလစ်စေဦးတော့၊ မည်သူမျှ သင့်အား မည်သူမျှ ဝေဖန်ပြစ်တင်မည့်သူမရှိပါ။အဆုံးစွန် ခံစားပြီးပါက ပြန်လည်တည်ငြိမ်လာနိုင်သည် ။ ထို့အပြင် ပူဆွေးသောက ရောက်သူချင်းခံစားချက်ကို သိမြင်ကာ ကိုယ်ချင်း စာနာတတ်သော စိတ် ၊အလေ့အထ ကို ရရှိလာမည် ဖြစ်သည် ။
ဆိုးရွာစွာ စိတ်ကသိကအောက် ဖြစ်စေသော ရုပ်ရှင် ကြည့်ပါ
မူမမှန်သော စရိုက်လက္ခဏာ ရှိသော ဇာတ်ကောင်များ၏ မနှစ်မြို့ဖွယ်အကြောင်းအရာများကိုခွဲခြား ဝေဖန်နိုင်ရုံသာမက စိတ်အပြောင်းအလဲဖြစ်ကာမိမိ၏ ကိုယ်ပိုင်ဘ၀ တန်ဖိုးကို နားလည်ကာ လက်တွေ့ဖော်ဆောင်ချင်သော စိတ်များကို ဖန်တီးရယူနိုင်ပါသည် ။
နေရာသစ်သို့ ခရီးထွက်ပါ
မိမိကို နာကျင်စေသောအထီးကျန်စေသောအကြောင်းအရာများမှ ရှောင်လွှဲသွားစေရုံမကနေရာသစ်အတွေ့အကြုံအသစ် ယဉ်ကျေးမှုအသစ်များကို ခံစားနိုင်ရုံမကအစားအသောက်အသစ်အဆန်းများစားသုံးနိုင်ကာ ညှိုးငယ်အထီးကျန်သော ခံစားမှုများကို ဖယ်ရှာပေးနိုင်ပါသည် ။
တကိုယ်တည်း ညစာထွက်စားပါ
မိမိအနှစ်သက်ဆုံးအစားအစာ ကို တစ်ကိုယ်တည်း သီးသန့် ညစာထွက်စားပါ။အစားအသောက်နှင့် မိမိ နှစ်သက်သော စာအုပ်ဖတ်ခြင်း တို့တွင် သင့်စိတ်ကို နစ်မြုပ်ထားလိုက်ပါ။ ညစာစားစဉ် တစ်စုံတစ်ယောက်ဆီမှ ဖုန်းများလာမည်လားဟူသော မျှော်လင့်ချက်ဖြင့် စိတ်အနှောက်အယှက်ခံကာ ဖုန်းဘက် ခဏခဏ လှည့်မကြည့်ပါနှင့် ။
ပြတိုက်သို့သွားပါ
ပြတိုက်များသို့ ခရီးသွားတစ်ယောက်လို ၊ ဧည့်လမ်းညွှန်လို ၊ ဆရာတစ်ယောက်လိုသွားရောက်လေ့လာပါ ။ ရုန်းရင်းဆန်ခတ်နိုင်သော ကလေးများနှင့် ပူးပေါင်းကြည့်ပါ ။ စာတမ်းပြုလေ့လာခြင်းဖြင့်အချိန်ဖြုန်းပါ ။ မိမိလေ့လာ သိရှိထားသည်များကို စာတမ်းပြုပါ ၊ မျှဝေပါ၊ သင်ကြားပါ ။
Spa သွားပါ ၊ ဈေးဝယ်ထွက်ပါ
တကိုယ်ရေ လှပကျန်းမာ စေရုံမက စိတ်ဖိစီးမှုများ လျော့နည်းစေနိုင်သောကြောင့်အနှိပ်နယ်ခံပါ ။ ကိုယ်လက်မျက်နှာပေါင်းခံခြင်း၊ ဆံပင်ပုံစံပြောင်းခြင်းများ ပြုလုပ်ခြင်းဖြင့် မိမိကိုယ်မိမိ ပြုပြုပြင်ပြင် နေထိုင်ပါ။ဈေးဝယ်ထွက်ခြင်း သည်လည်း သင့်ကိုအာရုံပြောင်းလဲစေသောအရေးကြီးအပြုအမူပင် ။
စာအုပ်ဆိုင် သို့မဟုတ် စာကြည့်တိုက် သွားပါ
အိပ်ယာထဲတွင် ကွေးမနေပဲ စာအုပ်ဆိုင် သို့မဟုတ် စာကြည့်တိုက်သို့သွားရောက်ကာ စိတ်ဝင်စားသော စာအုပ်များ နှင့်အချိန်ဖြုန်းပါ ။ ကော်ဖီသောက်ရင်း ဆိတ်ငြိတ်စွာ စာဖတ်ခြင်းမှအကျိုးကျေးဇူးဗဟုသုတများကို ရယူပါ ။ စိတ်ဝင်စားပါက မိမိခံစားချက်များနှင့် သိရှိထားသောအကြောင်းအရာများကို စာရေးပါ ။ မိမိကိုယ်ကို တန်ဖိုးမြှင့်တင်ပါ ။
တီဗွီကြည့်ပါ
မိမိ နှစ်သက်သော ဇာတ်လမ်းများ တယ်လီဗေးရှင့် စီးရီးများကို စောင့်ကြည့်ခြင်းသည်အထီးကျန် စိတ်ဒဏ်ရာအား မေ့ဖျောက်နိုင်စေသောအကြောင်းအရာတစ်ခုပင်ဖြစ်သည် ။
ဂီတပွဲသို့ တက်ရောက်ပါ
မိမိနှစ်သက်သောအဆိုတော်များ၏ ဂီတပွဲများသို့ တက်ရောက်ပါ ။ သံစဉ်များကိုခံစားပြီး စိတ်သစ်လူသစ်ဖြစ်အောင်ကြိုးစားပါ ။ မိတ်ဆွေ သူငယ်ချင်းအသစ်များ ဖွဲရန် မကြောက်ရွံပါနှင့်။
ကာရာအိုကေ သီချင်းဆိုပါ
ရင်ထဲမှ ခံစားချက်များကိုဖောက်ထုတ်ပစ်နိုင်သောအကောင်းဆုံးနည်းမှာ ကာရာအိုကေ သီးချင်းဆိုကာ စိတ်ကို ထွက်ပေါက်ပေး လိုက်ခြင်းပင် ။ ခံစားချက်များနှင့်တိုက်ဆိုင်သော သီချင်းများကို ဟောဟစ် သီဆို ပစ်လိုက်ပါ ။
လူတွေကိုစောင့်ကြည့်ပါ
ပန်းခြံ ၊ ရေကူးကန် ၊ ဈေးဝယ်စင်တာများ၊ ပျော်ပွဲရွှင်ပွဲများ စသော လူအများရှိတဲ့နေရာကို ရောက်ပြီး လူတွေ၏အပြုအမူများကို ကြည့်ရှုပါ လူတွေ၏ ပြောဆိုရယ်မောသံများကိုနားထောင်ပါ ။ ချစ်စရာကောင်းသောအပြုအမူများ၊ ရယ်ရွှင်ဖွယ်အပြုအမူများ သည် သင့်စိတ်ကို ပျော်ရွှင် ကြည်နူးစိတ် ဖြစ်ပေါ်စေနိုင်ပါသည်။
မိမိကိုယ်ကိုအလိုလိုက်ပါ
မိမိ ကိုယ်ကိုအလိုလိုက်ပါ ဆိုရာတါင် ကျန်းမာရေးကို ထိခိုက်စေနိုင်သောနေ့ည မအိပ်မစားပဲနေခြင်း ၊ ဖော်လော်သောအဝတ်အစားဝတ်ခြင်း ၊ ရိုင်းပျ ပြောဆိုခြင်းများသည် မိမိ ကိုသာ ထိခိုက်စေသောကြောင့် မလိုလားအပ်သော စိတ်အလိုလိုက်မှုမူ မဖြစ်သင့် ။ မိမိကိုယ်ကို ယုံကြည်မှု တိုးပွားစေသော၊ စမတ်ကျသောသူဖြစ်အောင် ပြုြ့ပင် နေထိုင်ပါ ။ မိမိ ဝါသနာပါသော ဂီတာတီးခြင်း ၊ စာရေးခြင်း ၊ပန်ချီရေးခြင်း၊ ချက်ပြုတ်ခြင်း စသည်ဖြင့် စိတ်အလိုကျ ပြုလုပ် ဖန်တီးပါ ။
လက်စသတ်ပါ
မိမိ လုပ်ငန်း ၊ ပရောဂျက် ရည်မှန်းချက် တို့ကိုအပြီးသတ်ပါ ။ လိုအပ်ပါကမိမိ မပျော်ရွှင်သော ၊အထီးကျန်စေသော လုပ်ငန်းခွင်များကို စွန့်လွတ်ကာ ဝါသနာပါသောအလုပ်သစ်များ ရှာဖွေသင့်သည် ။
တည်ငြိမ်မှုကို ရယူပါ
သဘာဝရှုခင်းများ နှင့် မိတ်ဖွဲ့ပါ ။ လမ်းလျှောက်ကာ နှင်းဆီရနံ့များကိုရှူရှိုက်ခြင်း ၊ မြေကြီးနံ့ကို ရှူရှိုက်ခြင်း မြက်ပင်များနှင့် ထိတွေ့ခြင်း လုပ်ဆောင်ပါ ။ မိမိယုံကြည်ရာ ဘုရားဝတ်ပြုခြင်း ၊တရားထိုင်ခြင်းများမှ တိတ်ဆိတ် ငြိမ်သက်ခြင်းသည် သင့်ကို ငြိမ်းချမ်းစေလိမ့်မည် ။
မီးဖိုချောင်အတွေ့အကြုံယူပါ
ဗိုက်ဆာ သောအခါ ဖြစ်စေ ၊ မိမိ မိတ်ဆွေ သူငယ်ချင်းအတွက် ဖြစ်စေ မီးဖိုချောင်သို့ဝင်ကာ ချက်ပြုတ်ခြင်းကိုလုပ်ဆောင်ကြည့်ပါ ။အလွန်ပျော်ရွှင်စရာကောင်းကာ စိတ် လှုပ်ရျားခြင်းများ ရရှိပါလိမ့်မည်။ တစ်ကြိမ်မျှပင် မချက်ပြုတ်ဖူးသူ ဖြစ်စေဦးတော့ မိမိ၏ ပထမဆုံး လက်ရာအတွက် ကြိုးစားပြင်ဆင်မှုအတွက် ရင်ခုန် ပျော်ရွှင်နိုင်ပါသည် ။
အကောင်းမြင်စိတ်ထားပါ
ကျောဖြန့်အိပ်ပြီး မိမိ၏ ကောင်းမွန်သော ပြည့်စုံသော ကောင်းကွက်လေးများကို တွေးတော ဖော်ကျူးပါ ။ တခြားသူ တညခားအကြောင်းအရာများ နှင့်မဆို မိမိ ကောင်းကွက်ဖြင့် နှိုင်းယှဉ် ကြည့်ပါ ။ မိမိသည်သာ မိမိအတွက် တန်ဖိုးအရှိဆုံးဆိုတာ သိရှိ နားလည်လာလိမ့်မည် ။