လူပင်ပန်းတာမျိုးမဟုတ်ပဲ စိတ်ပင်ပန်းနေပြီဆိုရင် ဒီလက္ခဏာတွေပြလာလိမ့်မယ်
trend.com.mm
|
2018-11-26

တစ်ခါတစ်လေ တစ်မိနစ်လေး ကုန်ဆုံးရတာ ထောင်ပေါင်းများစွာသော မိုင်တွေကို ဖြတ်သန်းနေရသလိုပါပဲ။အရမ်းကြာတယ်။ ခန္ဓာကိုယ်ပင်ပန်းနေတယ်ထင်ပေမယ့် တကယ်တမ်း စိတ်ပင်ပန်းနေတာကို ကိုယ်တိုင် သတိမထားမိတဲ့အခါ ပိုပြီးအင်အားတွေ ကုန်ဆုံးရပါတယ်။








တကယ်လို့ မင်းစိတ်ပင်ပန်းနေပြီဆိုရင် ဒီလိုလက္ခဏာတွေပြလာပါလိမ့်မယ်
– ပုံမှန်ထက် မင်းခန္ဓာကိုယ်ဟာ ပင်ပန်းနေမယ်
– ခန္ဓာကိုယ် တစ်နေရာမဟုတ် တစ်နေရာကနေ ကိုက်ခဲနေမယ်
– ဘာမှမဟုတ်တဲ့ ပြဿနာအတွက် ဒေါသထွက်၊ သဝန်တို ပေါက်ကွဲနေမယ်
– တစ်ယောက်တည်းရှိချိန်အထီးကျန်လာသလို၊ စိတ်ဓာတ်ကျသလို ခံစားလာရ
– တစ်ချိန်လုံး လဲလျောင်းနေချင်တယ်
– ဘဝမှာ ဦးတည်ချက်ပျောက်ဆုံးနေသလို ဖြစ်လာမယ်
–အရာရာတိုင်းအပေါ် ဆက်ဆက်ထိမခံနိုင်ဖြစ်လာတယ်
– ကြိုမမြင်နိုင်တဲ့အနာဂတ်ကိုတွေးကြောက်နေတတ်







ဒါမျိုးတွေ ခံစားနေရပြီဆို မလွယ်ပါဘူး။အဆင်မပြေနိုင်ပါဘူး။ ဒီလိုခံစားချက်တွေနဲ့အတူ မင်းရဲ့ညတွေမှာအအိပ်ပျက်လာမယ်။ ကိစ္စတွေအပေါ် ကောင်းကောင်းအာရုံမစိုက်နိုင်လေ ပိုပေါက်ကွဲလေပါပဲ။ လူတွေရှေ့ ဘာမှမဖြစ်သလို ဟန်ဆောင်ရတာလည်း ပင်ပန်းပါတယ်။ တစ်ချိန်လုံး မင်းဟာ မကြံခိုင်နိုင်ဘူးလေ။ ဖွင့်ထုတ်လိုက်ပါ။


ရင်ထဲမှာအောင်းထားလေ ပိုခံစားရလေပါ။ ကိုယ့်ကိုကိုယ်အနားပေးလိုက်ပါ။အချိန်ယူပါ။ စိတ်ခွန်အားဖြစ်စေမယ့် စာကောင်းပေကောင်းတွေဖတ်ပြီး ကိုယ့်ကိုကိုယ် ပြန်ဆွဲတင်ပါ။ ရှေ့ဆက်လျှောက်
ရမယ့် လမ်းကအများကြီး။ ငါဒီမှာပဲ လက်လျော့အရှုံးပေးလိုက်မှာလားလို့ ကိုယ့်ကိုကိုယ် ပြန်မေးပါ။
ကိုယ့်ကိုကိုယ် သိဖို့ပဲလိုပါတယ်။အမြဲတမ်း စိတ်အခြေအနေက ကျမနေနိုင်ပါဘူး။ ပျော်ရတဲ့အချိတွေလည်း ရှိလာမှာပါ။ ဒါကြောင့် စိတ်ပင်ပန်းနေပြီဆိုတာအချိန်မှီသိရင် ကိုယ့်ကိုကိုယ် ပြန်ပြင်ဆင်နိုင်ပါသေးတယ်။




Some text some message..