![]()
လူအမျိုးမျိုးစိတ်အထွေထွေ ဆိုသလို တစ်ယောက်နဲ့တစ်ယောက်ကတော့ ယုံကြည်ကိုးစားမှုခြင်းမတူနိုင်ကြဘူးပေါ့လေ…အတွဲတွေ ဘုရားမှာအလှူလုပ်လို့ နှစ်ယောက်နာမည်ကို ဖြတ်ပိုင်းမှာရေးဖူးရင်ပြတ်တတ်တယ်တို့၊ ဘိုတစ်ထောင်ဘုရားသွားရင် မညားတော့ဘူးတို့၊ နာရီဝယ်ပေးရင် ကွဲတတ်တယ်တို့၊ ဖိနပ်လက်ဆောင်ပေးတာနဲ့ကိုယ့်ချစ်သူကကိုယ့်နားကထွက်သွားတတ်တယ်တို့ ၊ ရေလည်ကျောက်တန်းဘုရားသွားတဲ့ စုံတွဲတွေ မပေါင်းလိုက်ရဘူးတို့…အို…မျိုးစုံ ပါပဲ။ ဒါတွေက ချစ်သူနှစ်ဦးအတွက် ကြောက်စရာကောင်းတဲ့ ကျိန်စာတွေအလားပါပဲ… ကိုယ်ချစ်တဲ့သူနဲ့မကွဲချင်ကြတာကြောင့်အလှူတူတူလှူပြီးရင် နှစ်ယောက်နာမည်ရေးဖို့တွန့်ဆုတ်လာကြပြီ၊ ကိုယ့်ချစ်သူကို နာရီလက်ဆောင်ပေးဖို့ မဝံ့မရဲဖြစ်လာကြပြီ။ ကွဲတတ်တယ်လို့ပြောတဲ့ဘုရားတွေကိုနှစ်ယောက်အတူတူကုသိုလ်ယူပြီးတက်ဖို့ ကြောက်ရွံ့နေကြပြီမလား…တကယ်တော့ မယုံလို့လည်းမရသလို ယုံ လည်းဘာမှမထူးဘူးလို့ကိုယ်ထင်တာပါပဲ။ မယုံဘူးကွာဆိုတဲ့အတွဲတွေလည်းမမှားသလို ယုံကြည်တဲ့အတွဲတွေလည်းမမှားပါဘူး။ လူတိုင်းက ကိုယ့်ခံယူချက်နဲ့ကိုယ်ပါ။ တစ်ခုသေချာတာကတော့ ပေါင်းစည်းဖို့ဖူးစာကံမပါရင် ဒါတွေကိုအသေးစိတ်လိုက်ရှောင်ရှားလဲကွဲတာပါပဲ။ ဒါတွေမလုပ်လို့ ကွဲမဲ့ကံကနေ ပေါင်းတဲ့ကံဆီပြောင်းသွားတာမျိုးရယ်မှမရှိတာ။ ဒီလိုပဲ ဒါတွေကို မသိပဲ သဘောရိုးနဲ့လုပ်မိလိုက်တဲ့စုံတွဲတွေကလည်း ငါတော့လုပ်လိုက်မိပြီ ငါတို့အတွဲကွဲတော့မယ်ထင်တယ်…မပေါင်းရတော့ဘူးထင်တယ်ဆိုတဲ့ စိုးရိမ်မှုမျိုးမဝင်ပါနဲ့ သင်တို့မှာပေါင်းဖို့ကံပါလာရင်ပေါင်းရမယ် ဆုံရဖို့ရေစက်ကျန်နေသ၍ ဆုံရပေါင်းရမှာပါပဲ။ ဒါကြောင့်ပျက်သွားလည်းဒါတွေကြောင့်ပြတ်သွားတယ်လို့မယူဆပဲ ကံလို့သာယူဆပါ။ တစ်ယောက်နဲ့တစ်ယောက်မေတ္တာစစ်နဲ့ချစ်မြတ်နိုးနေသ၍ ရေစက်ကျန်နေသ၍ကတော့ ဖိနပ်ပဲပေးပေး နာရီပဲပေးပေး ပြတ်ပါဆိုရင်တောင်မပြတ်ပါဘူး။ ဒီလိုပဲ ကုသိုလ်ရအောင်အလှူတူတူလုပ်ခဲ့ပြီး ဖြတ်ပိုင်းမှာ နှစ်ယောက်နာမည်ထည့်ခဲ့တာဟာလည်းနှစ်ဦးသားရဲ့သဒ္ဒါတရားနဲ့ စေတနာမလို့ ဒါမျိုးကြောင့်ပြတ်တယ်လို့မယူဆပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် ချစ်နေဖို့ သစ္စာရှိနေဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက်ဖူးစာမှန်ဖို့ပဲလိုတာပါ…
Unicode