ကမ္ဘာ့အသက်ငယ်ဆုံး ရင်သားကင်ဆာခံစားနေရသူ ၃ နှစ်သမီးလေးအသက်ရှင်
popolay.com
|
2018-12-05

ရင်သားကင်ဆာဖြစ်ပွားသူ ဝေဒနာရှင်များထဲတွင် ကံဆိုးစွာဖြင့် ကမ္ဘာ့အသက်အငယ်ဆုံး ဝေဒနာရှင်ဖြစ်လာသူကတော့ တရုပ်နိုင်ငံမှအသက် ၃ နှစ်အရွယ် သမီးငယ်လေး “ရန်ရန်” ဖြစ်ပါတယ်။

ရင်သားကင်ဆာဟာ ပုံမှန်အားဖြင့်တော့အရွယ်ရောက်ပြီးသားအမျိုးသမီးတွေမှာအဖြစ်များတတ်တဲ့ ကင်ဆာ ရောဂါဆိုးဖြစ်ပါတယ်။ (အမျိုးသားများမှာလည်း ရင်သားကင်ဆာ ဖြစ်နိုင်ပါတယ်၊ ဤနေရာတွင် ဖတ်ရှုပါ)။

“ရန်ရန်” ဟာ တရုပ်နိုင်ငံ ရှန်ဒေါင်းက ဖြစ်ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ရင်သားကင်ဆာ ဝေဒနာရှင်အဖြစ်လည်းအသိအမှတ်ပြုနိုင်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက မိခင်ဖြစ်သူက သမီးလေးရဲ့ ချွေးခံအင်္ကျီမှာအနီရောင်စေးပျစ်ပျစ်အရာတွေ စွန်းနေတာကို သတိထားမိခဲ့ပါတယ်။ သူမက ဒါကို တစ်ခုခုကြောင့်လို့အမှုမဲ့အမှတ်မဲ့ ထားလိုက်ပေမယ့် နောက်ထပ် သီတင်းပတ်အနည်းငယ်ထိ ဒီလိုပဲ ထပ်ပြီးစွန်းပေနေတာကြောင့် သမီးဖြစ်သူရဲ့ ဘယ်ဘက်ခြမ်းက ရင်သားနေရာကို စမ်းကြည့်တဲ့အခါအဖုအကျိတ်လေးလိုဖြစ်နေတာကို စမ်းမိခဲ့ပြီး စိုးရိမ်သွားတာကြောင့် ဆေးရုံမှာ သွားပြခဲ့ပါတယ်။

ဆရာဝန်က စစ်ဆေးပြီးတဲ့အခါ ကလေးအနေနဲ့ စောစေားစီးစီးအပျိုဖော်ဝင်လာတဲ့ လက္ခဏာတွေ့ရတာကြောင့် လက်ရှိကလေးကို ကျွေးနေတဲ့အစားအစာတွေကို ခဏလောက် ရပ်ထားဖို့ ပြောခဲ့ပါတယ်။ တစ်ကယ်တော့အဲဒီအချိန်မတိုင်ခင်ထဲက “ရန်ရန်” ကအဲဒီလို ကလေးစာတွေကို မစားတော့ဘူးလို့ မိခင်က ဆရာဝန်ကို ပြန်ပြောခဲ့ပါတယ်။

မိခင်က သမီးကို စိုးရိမ်လာပြီး ဂျန်ဆူးပြည်သူ့ဆေးရုံကြီးကို ထပ်မံသွားပြခဲ့ပြန်ပါတယ်။အဲဒီမှာတော့ ဆရာဝန်တွေက ထပ်မံစမ်းသပ်တဲ့အခါ “ရန်ရန်” ရဲ့ ညာဘက်ရင်သားမှာ ဂလင်းအရည်အိတ်တွေ ပြည့်နေတဲ့အဖုကြီးက ဂျိုင်းအောက်နားထိ ယောင်ပြီးဖုထွက်နေတာကို စမ်းမိခဲ့ပါတယ်။





အသားစ စစ်ဆေးကြည့်ရာမှာလည်း ကင်ဆာဖြစ်နိုင်ချေများတဲ့ ကာဆီနိုဂျင် တွေကို သူမရဲ့ရင်သားမှာ တွေ့ရှိတယ်လို့အတည်ပြုပေးခဲ့ပါတယ် (ဒီကင်ဆာမျိုးဟာအလွန်ဖြစ်ခဲပြီး တစ်ဖြည်းဖြည်းခြင်း ကြီးထွားလာတဲ့ ကင်ဆာမျိုးဖြစ်ပါတယ်)

အမေရိကန်အမျိုးသားကျန်းမာရေးအင်စတီကျူ့ က ပညာရှင်များရဲ့အဆိုအရ ဒီလိုဝေဒနာရှင်များဟာ နာကျင်မှုကို မခံစားရပဲအလုံးဟာ တစ်ဖြည်းဖြည်းကြီးထွားလာပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာမှ သိသာလာတတ်တယ်လို့ ဆိုပါတယ်၊ ဒီလိုအခြေအနေမျိုးမှာအချို့ဝေဒနာရှင်တွေအနေနဲ့ နို့သီးခေါင်း ဖြတ်လိုက်ရတာမျိုးတွေ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

ဘယ်လိုခွဲစိတ်မှုမျိုးကို လုပ်ပြီးရင်တော့ “ရန်ရန်”အနေနဲ့ ကြီးပြင်းလာတဲ့အခါ ဘယ်လိုအကျိုးဆက်တွေ ခံစားလာရနိုင်လဲဆိုတာကို ဟားဗတ်ဆေးတက္ကသိုလ်က ကျွမ်းကျင်သူတွေအကျိတ်အနယ် ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။အဲဒီနောက် ရင်သားကင်ဆာအထူးကု ဒေါက်တာ Tang Jin Hai က ကလေးရဲ့ သားမြတ်အုံထဲက ဂလင်းရည်တွေပြည့်နေတဲ့အလုံးကို ခွဲထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။





အခုဆိုရင် ဆရာဝန်တွေရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့အချိန်ကိုက်လုပ်ဆောင်မှုကြောင့် “ရန်ရန်” မှာအန္တရာယ်မရှိတော့ဘူးလို့ သိရပါတယ် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့မှာတော့ “ရန်ရန်” ဟာ ကျန်းမာရေး လုံးဝ ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါတယ်။ “ရန်ရန်” ဟာ ရင်သားကင်ဆာ ရောဂါဆိုကြီးထဲက ရုန်းထွက်နိုင်တဲ့ ကမ္ဘာ့အသက်အငယ်ဆုံး မိန်းကလေး ဖြစ်ပါတယ်။




Some text some message..