ပါးစပ်အဟောင်းသား ဖြစ်စေမယ့် ရှေးဟောင်းရောမလူမျိုးတို့ရဲ့အဆန်းကြယ်ဆုံးဖြစ်ရပ်များ
shwemom.com
|
2018-12-13

ရောမအင်ပါယာဆိုတာဟာ ကမ္ဘာ့သမိုင်းမှာအထင်ရှားဆုံးသောအရာတစ်ခုပါ။ ကျယ်ပြန့်တဲ့အင်ပါယာကြီးကို ချဲ့ထွင်နိုင်ခဲ့တဲ့ ရှေးခေတ်ရောမလူမျိုးတွေ ပြုလုပ်ခဲ့တဲ့ ထင်မှတ်မထားလောက်တဲ့အရာတွေကတော့ …
ရှေးခေတ် ရောမယဉ်ကျေးမှုဟာ ဘီစီ(၈)ရာစုအစောပိုင်းကအီတလီကျွန်းဆွယ်မှာ စတင်ခဲ့ပါတယ်။
ရောမအင်ပါယာကြီး လျှမ်းလျှမ်းတောက်အောင်မြင်ထွန်းကားနေချိန်မှာ ရောမအင်ပါယာရဲ့လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ (၁၂)ရာခိုင်နှုန်းသာ ပါဝင်ပါတယ်။
ရောမအင်ပါယာဟာ သမိုင်းတစ်လျှောက်မှာအကြီးမားဆုံးလို့ ပြောလို့မရပါဘူး။ နံပါတ်နဲ့ရေတွက်မယ်ဆိုရင် (၂၈)ခုမြောက်အကြီးဆုံးသောအင်ပါယာအဖြစ်နဲ့သာ ရှိနေပါတယ်။
ရောမလူမျိုးတွေနဲ့ ပါရှားလူမျိုးတို့ရဲ့ စစ်ပွဲဟာ နှစ်ပေါင်း(၇၂၁)နှစ် ကြာမြင့်ခဲ့ပြီး လူ့သမိုင်းတစ်လျှောက်အကြာရှည်ဆုံးသော ပဋိပက္ခရယ်လို့ သတ်မှတ်နိုင်ပါတယ်။


Photo Credit: amp.businessinsider.com
ရှေးခေတ်ရောမတွေဟာ စေတန်နယ်လီယာလို့ခေါ်တဲ့ သခင်နဲ့ကျွန် နေရာလဲတဲ့ပွဲတော်ကို ကျင်းပကြပါတယ်။
ဘီစီ(၇)ရာစုအတွင်းမှာတော့အမျိုးသမီးတွေဟာအပျိုစင်ဖြစ်ကြောင်း သက်သေပြဖို့အတွက်အသက်(၃၀)အထိ သူတို့ရဲ့အပျိုမှေးကို ပကတိအတိုင်း ထိန်းသိမ်းထားကြရပြီး တကယ်လို့ ပျက်ကွက်ခဲ့ရင်တော့အရှင်လတ်လတ် မြေမြုပ်ခံရပါတယ်။
ရှေးခေတ်ရောမမြို့ရဲ့ လူဦးရေဟာ လက်ရှိ နယူးယောက်မြို့ရဲ့လူဦးရေထက် (၈)ဆပိုထူထပ်ပါတယ်။
ရောမသူရောမသားတို့မှာ မိလ္လာပိုက်စောင့်နတ်ဘုရားမ၊အိမ်သာနတ်ဘုရားနဲ့ မစင်နတ်ဘုရားဆိုပြီး ရှိခဲ့ပါတယ်။
ကျင်ငယ်ရေကိုအဝတ်အထည်တွေ လျှော်ဖွတ်ဖို့အတွက်အသုံးပြုကြသလို သွားတွေ ဖြူစင်လှပစေဖို့လည်း သွားလှဆေးအဖြစ်နဲ့ သုံးခဲ့ကြပါတယ်။


Photo Credit: medinaction.com
ရှေးခေတ်က ရောမနဲ့ဂရိလူမျိုးတို့ဟာ ကျွန်တွေကို ဆားနဲ့ပေးပြီး ဝယ်ယူခဲ့ကြပါတယ်။
ရောမအင်ပါယာပြည့်ရှင် ဂိုင်ယက်စ် ကာလီဂူလာဟာ သူ့ရဲ့မြင်းကို လွှတ်တော်အမတ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ရှေးတုန်းက ရောမမြို့မှာ နေထိုင်တဲ့အမျိုးသမီးတွေဟာ လူလူချင်းသတ်ပုတ်ပြီး ဖျော်ဖြေရတဲ့ သူရဲကောင်းတွေရဲ့ ချွေးကို သူတို့ရဲ့အလှအပနဲ့အသားအရေအလှအတွက် လိမ်းကျံခဲ့ကြပါတယ်။
ရောမသူရောမသားတွေဟာ ရေမြုပ်ကိုတုတ်တပ်ပြီးအိမ်သာတက်တဲ့အခါ သုံးကြပါတယ်။ ပြီးတော့အဲ့ဒီ့တုတ်တစ်ချောင်းကို လူအများကြီးက တူတူဝိုင်းသုံးကြတာ ဖြစ်ပါတယ်။
ရှေးတုန်းက ရောမလူမျိုးအများစုဟာ ကျွန်တွေကို ရိုက်နှက်နှိပ်စက်တာမျိုးတွေကို ရှောင်ကျဉ်ကြပါတယ်။ ဒီနေ့ခေတ် ဝန်ထမ်းတွေလိုပဲ ဘောက်ဆူးပေးတာတွေ၊ ဆုပေးတာတွေနဲ့အလုပ်ပိုပြီးအောင် နည်းလမ်းသုံးခဲ့ကြပါတယ်။
လူအချင်းချင်း၊ ဒါမှမဟုတ် တိရစ္ဆာန်နဲ့သတ်ပုတ်၊ ဖျော်ဖြေရတဲ့သူတွေဟာ သေတဲ့အထိ သတ်ပုတ်ကြတာ ရှားပါတယ်။အဲ့ဒီ့ခေတ်တုန်းက သူတို့ဟာ ဆယ်လီတွေအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။


Photo Credit: thoughtco.com
ရောမအင်ပါယာ ကျဆုံးပြီးနောက်မှာ ကွန်ကရိပြုလုပ်တဲ့ နည်းပညာဟာ နှစ်ပေါင်းတစ်ထောင်ကျော်အထိ ပျောက်ဆုံးနေခဲ့ပါတယ်။
ရှေးခေတ်ရောမမြို့မှာအထပ်ပေါင်းလေးထပ်ပါဝင်ပြီး ဆိုင်ခန်းနဲ့ရုံးခန်းပေါင်း(၁၅၀)ပါဝင်တဲ့ ရှော့ပင်းမောလ်တစ်ခု ရှိခဲ့ပါတယ်။
တစ်စုံတစ်ယောက်ရဲ့အဖေကို သတ်မိရင် ပြစ်ဒဏ်ကတော့ သေဒဏ်ပါ။ မြွေပွေးတစ်ကောင်၊ ခွေးတစ်ကောင်နဲ့ ကြက်ဖတစ်ကောင် ထည့်ထားတဲ့အိတ်ကြီးထဲမှာ ထည့်ချုပ်ခံရပြီး ရေထဲအမြှုပ်ခံရတာ ဖြစ်ပါတယ်။
ဂီဇာပိရမစ်တွေဟာ ရောမမြို့ကြီးထက် များစွာရှေးကျပါတယ်။
ရောမအင်ပါယာရဲ့ဘုရင် နီရိုဟာ သူ့ရဲ့နောက်လိုက်ပါတွေထဲက ယောက်ျားတစ်ယောက်ကို သတို့သမီးနေရာမှာထားပြီး မင်္ဂလာဆောင်နှင်းခဲ့ပါတယ်။

အလင်းဦး (Shwemom)


Source: YouTube




Some text some message..