တက္ကသိုလ်များတွင် နေ့သင်တန်း (Day) နှင့်အဝေးသင်နှစ်မျိုးကို ယခုပညာသင်နှစ်က စတင်ဖွင့်လှစ်မည်
edge.com.mm
|
2018-12-21




ရန်ကုန်အဝေးသင်တက္ကသိုလ် နှင့် မန္တလေးအဝေးသင်တက္ကသိုလ် တို့၏ ဌာနခွဲအဖြစ်သာအဝေးသင် သင်တန်းများကို ဖွင့်လှစ်ခဲ့ခြင်း မဟုတ်ဘဲတက္ကသိုလ်များတွင် OneCampus- Two System အစီအစဉ် (နေ့သင်တန်း (Day) နှင့်အဝေးသင်နှစ်မျိုး)ဖြင့် ၂၀၁၉- ၂၀ ပညာသင်နှစ်၌ စတင်ဖွင့်လှစ် မည်ဖြစ်သည်။

ထိုသို့ပြောင်းလဲရန် သက် ဆိုင်ရာတက္ကသိုလ်များကသြဂုတ်အတွင်း ကျင်းပသည့် ၂၀၁၈ ပညာရေး ဖွံ့ဖြိုတိုးတက်မှုအကောင်အထည်ဖော်ရေး နှီးနှော ဖလှယ်ပွဲ (အဆင့်မြင့်ပညာကဏ္ဍ) တွင် တင်ပြ ခဲ့ပြီး ဒီဇင်ဘာ ဒုတိယ ပတ်၌ တက္ကသိုလ်၊ ဒီဂရီကော လိပ်၊ ကောလိပ်များက ထိုသို့စ တင်ဆောင်ရွက်မည်ဟု ကြေညာ ခဲ့သည်။

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများကစ၍ ထို စနစ်သစ်ကို ကျင့်သုံးမည်ဖြစ်ပြီး One Campus - Two System ဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင်အဝေးသင်နှင့် နေ့ ကျောင်းသား များကို ကျောင်းအပ် လက်ခံခြင်း၊ သင်ကြားပေးခြင်း၊ ဘွဲ့ပေးအပ်ခြင်းများဆောင်ရွက် မည်ဖြစ်သည်။

ထိုစနစ်သစ်အရ ၂၀၁၉ ဇန်နဝါရီတွင် ဖွင့်လှစ်မည့်အဝေးသင်တက္ကသိုလ် ၂၀၁၈-၁၉ပညာသင်နှစ် ပထမနှစ်သင်တန်းများအတွက် စာမေးပွဲမေးခွန်းကို ယင်းတက္ကသိုလ်များကသာ မေးခွန်း ထုတ် စစ်ဆေးမည်ဖြစ်သည်။

‘‘ဒီစနစ်သစ်အရ နောင်နှစ် မှာအဝေးသင်ရှိတဲ့ကျောင်းတွေ က သူ့တက္ကသိုလ်အလိုက်မေးခွန်း ထုတ်မှာပါ’’ ဟုအဆင့်မြင့်ပညာဦး စီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက် တာသိန်းဝင်းကပြောသည်။

စနစ်သစ် ပြောင်းလဲခြင်း ကြောင့်အသုံးစရိတ်၊ ဝန်ဆောင် စရိတ်များသက်သာလွယ်ကူစေ ပြီးနိုင်ငံတော် ဘဏ္ဍာသက်သာမည့်အပြင် ကျောင်းသား၊ကျောင်း သူများအကျိုးပိုမိုသက်ရောက်နိုင် ကြောင်း မြစ်ကြီးနားတက္ကသိုလ် နှင့် မုံရွာတက္ကသိုလ်က One Campus-Two System နှင့် ပတ်သက်၍ တင်ပြထားသည်။

ပြီးခဲ့သည့် ပညာသင်နှစ်အထိ ရန်ကုန်နှင့် မန္တလေး၌အဝေး သင်တက္ကသိုလ်နှစ်ခုရှိပြီး ထိုအ ဝေးသင်တက္ကသိုလ်များ၏ ဌာနခွဲ ကိုဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ၃၆ ခု ၌ ဖွင့်လှစ်ထားသည်။

ယခုပညာ သင်နှစ်တွင်ပြောင်းလဲမည့်စနစ်အရအဝေးသင်စီးပွားရေး ဘာ သာရပ်များကိုစီးပွားရေး တက္က သိုလ်များ၌သာ တက်ရမည်ဖြစ် ရာအဝေးသင်ဘာသာရပ် သင် တန်းဖွင့်သည့် တက္ကသိုလ် ၃၉ ခု ရှိလာမည်ဖြစ်သည်။

ပြီးခဲ့သည့် ပညာသင်နှစ်အ ထိ တစ်နိုင်ငံလုံးရှိအဝေးသင် တက္ကသိုလ်ဌာနခွဲ ဖွင့်ထားသည့် တက္ကသိုလ်တိုင်း၌ ရန်ကုန်တက္က သိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင် တက္ကသိုလ်တို့မှ ပါ မောက္ခများထုတ်သော စာမေးပွဲ မေးခွန်းဖြင့်သာစစ်ဆေးနေသည်။

source: 7day





Some text some message..