ခရစ်ယာန်တို့၏ နေ့ထူးနေမြတ် ခရစ်စမတ်နေ့အကြောင်း သိမှတ်ဖွယ်ရာများ
popolay.com
|
2018-12-23

ခရစ်စမတ်နေ့။ ခရစ်စမတ်နေ့ဆိုရင် ကျုပ်တို့ ဗုဒ္ဓဘာသာ လူငယ်တွေလည်း သူတို့နဲ့ ပက်သက်တဲ့ နေ့ထူးနေ့မြတ်လိုပါပဲ။ ဒီဇင်ဘာလ (၂၅) ခရစ်ယာန် ဘာသာဝင်များအတွက်အထွဏ်အမြတ်နေ့ ဖြစ်ပါတယ်။ ဒီဇင်ဘာလ (၂၅)ရက်နေ့ကို ခရစ်စမတ်နေ့လို့ ခေါ်တာက ခရစ်စမတ်ဆိုတာက ခရစ်တော်၏မွေးဖွားခြင်းလို့အဓိပ္ပာယ်ရပါတယ်။ခရစ်စမတ်နေ့ကိုအေဒီ (၄)ရာစု မတိုင်ခင်ကတော့ ခရစ်စမတ်နေ့ကိုအတိအကျ သတ်မှတ်ထားတာ မရှိတော့ ဇန်နဝါရီ ၆ ရက် _ မတ် ၂၅ ရက် _ ဒီဇင်ဘာ ၂၅ ရက် တွေမှာအသီးသီးကျင်းပခဲ့ကြတာပါတယ် ။အရှေ့ပိုင်းအော်သိုဒေါ့အသင်းတော် (Eastern Orthodox Church) ကတော့ ဇန်နဝါရီလ (၁၇) ရက်နေ့ကို ခရစ်စမတ်နေ့လို့ယူကြတယ်လို့ သိရပါတယ်။





ခုနောက်ပိုင်း ခရစ်ယာန်အသင်းတော် က ဒီဇင်ဘာလ (၂၅) ရက်ကို ခရစ်စမတ် ရက်လို့ သတ်မှတ်ကြပြီး နိုင်ငံတာကာမှာ ခရစ်ယာန်တို့၏အထိမ်းအမှတ်နေ့ထူးနေမြတ်အနေနဲ့ ကျင်းပကြပါတယ်။ခရစ်စမတ် နေ့ရောက်ရင် ခရစ်စမတ်ကတ်လှလှလေးတွေ ဝယ်ပြီး ချစ်ကြ ခင်ကြသူတွေကို ကတ်ထဲမှာ စာလေးတွေရေးကြ။ လက်ဆောင်တွေ ပေးကြ။ချစ်စကား ကြိုက်စကားတွေလည်း ပြောကြ၊ ဆုတောင်း ပြည့်တယ် လို့ ယုံကြည်ကြတာကြောင့် ပျော်စရာအလေ့အထ လေးတစ်ခုဖြစ်ပါတယ်။





ဒီခရစ်စမတ်ကဒ်လေးတွေ ဝေငှတဲ့အလေ့အထက (၁၈၄၂) ခုနှစ်လောက်မှာ ပန်းချီဆရာကြီး Egley ဆိုသူကနေ ခရစ်တော်မွေးဖွားခြင်းသတင်းကောင်း ဖော်ပြတဲ့အနေနဲ့ ကတ်ပြားလေးတွေပေါ်မှာ မွေးဖွားခြင်းဆိုင်ရာ ရုပ်ပုံတွေရေးဆွဲပြီး သူ့မိတ်ဆွေအယောက် (၁၀၀) ဆီ ပေးပို့ရာကစတင်ခဲ့တာ ဖြစ်တယ်လို့ သိရတယ်။





နောက်တစ်ခုက ခရစ်စမမတ်နေ့မှာ ထူးခြားတဲ့ သစ်ပင်ကြီးပါ။ ခရစ်စမတ်သစ်ပင်ဆိုတာက ဧဒင်ဥယျာဉ်ကြီးကို ညွှန်းဆိုတာခြင်းဖြစ်ပါတယ် ။ ဒါဟာ ခရစ်ယာန်ဘာသာဝင်တို့အတွက်အဓိပ္ပါယ်အထူးလေးနက်ပါတယ်။ ဒီ ဧဒင်ဥယျာဉ်ဆိုတာ နှယ်နှယ်ရရ မဟုတ် ။ ခရစ်ယာန် ဘာသာအယူဝါဒအရလူသားတွေ သန္ဓေစတည်တာလည်း ဒီနေရာမှာ လူသားတွေရဲ့အချစ်အစပြုတာလည်း ဒီနေရာ ဖြစ်တယ်လို့သိရပါတယ်။ ခရစ်စမတ် သစ်ပင်ကို ရှေးရောမအင်ပါယာက လူမျိုး တမျိုး သူတို့ ရိုးရာနတ်ပွဲမှာ သုံးခဲ့တဲ့အမြဲစိမ်း သစ်ပင်က စတင်တာလို့ပြောကြသလို သစ်ပင်ကိုးကွယ်တဲ့ လူမျိုးတမျိုးကအစပြုခဲ့တယ်လို့လည်း ဆိုကြတယ်။ ခရစ်စမတ်ထင်းရူးပင်ကြီး ကလည်း မီးရောင် တစ်ထိန်ထိန်နဲ ကြည့်လို့အရမ်းကောင်းပါတယ်။




မျော်လင့်ချက်တွေနဲ့ ပြည့်စုံအောင် လုပ်ပေးတဲ့အကြောင်းအရာတစ်ခုကလည်းရှိနေပြန် ။ (AD 280) လောက်တုန်းက တူရကီမှာ (St. Nicholas) ဆိုတဲ့ ခရစ်ယာန် ဘုန်းတော်ကြီး တပါး ရှိခဲ့ဖူးရဲ့။ သူက ခရစ်စမတ်နေ့ မရောက်ခင် ဒီဇင်ဘာ (၂၄) ရက်နေ့တိုင်းမှာ လက်ဆောင်ထုပ်ကြီးသယ်ပြီး ကလေးတွေကို လက်ဆောင်လိုက်ပေးတယ်။ဒီလိုနဲ့ နီကိုလပ်သေသွားတော့ ကလေးတွေက လက်ဆောင်လာပေးဦးမလား ဆိုပြီးအတော်လေး မျှော်နေခြင်းတွေကလည်းအတော်ကိုပျော်စရာကောင်းပါတယ်။ ဒါနဲ့ ကလေးတွေ မိဘများကပဲ ဘုန်းတော်ကြီး နီကိုလပ် ကိုယ်စား ကလေးတွေမသိအောင် လက်ဆောင်ထုတ် ကလေးတွေ ချ ချထားပေးတယ်လို့ လည်း ယုံကြည်ကြပါတယ်။






သမင် (၈) ကောင်ဆွဲတဲ့ လှည်းပေါ်မှာ လက်ဆောင်ထုပ်ကြီးတင်ပြီး ခြူသံတညံညံနဲ့ ဆန်တာကလော့ကို ခရစ်စမတ်နေ့တွေတိုင်း ကလေးဘဝထဲက ရင်းနှီးပြီးသားပါ။ ဒီနေ့ တွေ့နေမြင်နေကြရတဲ့ စန်တာကလော့ ပုံစံက ပန်းချီဆရာ သောမတ်စ်နတ်စ်ထ် ဆိုသူက ပုံဖော်ရေးဆွဲခဲ့တာလို့ ဆိုကြတယ်။
" သခင်ရေရှူ မွေးဖွားတဲ့နေ့”
Happy Marry Christmas နေ့လေးမှာ ပျော်ပါစေ။




Some text some message..