စီးပွားရေးပညာနှင့် စီး ပွားစီမံဘာသာရပ်အဝေးသင် ပထမနှစ်သင်တန်းများကို ယခင်ကဲ့သို့ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များရှိအဝေးသင်တက္ကသိုလ်ဌာနခွဲများ တွင် မတက်ရတော့ဘဲ ရန်ကုန်၊ မုံရွာနှင့် မိတ္ထီလာစီးပွားရေးတက္က သိုလ်တို့၌ ပြောင်းတက်ရမည်ြ ဖစ်သည်။
ယခင်နှစ်အထိ ရန်ကုန်အ ဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင် တက္ကသိုလ်လက်အောက်၌အဝေးသင်ဌာနခွဲဖွင့် ထားသည့် တက္ကသိုလ်၊ ဒီဂရီကော လိပ်၊ ကောလိပ် ၃၆ ခုရှိပြီး မြန်မာစာ၊အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊အရှေ့တိုင်းပညာ၊ ဥပဒေပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ စီးပွားရေးပညာ၊ စီးပွားစီမံပညာ ဟူသည့်အထူးပြု ဘာသာရပ် ၁၅ ခုကို ထိုတက္ကသိုလ်များတွင် တက်ရသည်။
၂၀၁၉ ပညာသင်နှစ်ကစ၍ အဝေးသင်တက္ကသိုလ် ပထမနှစ် တက်မည့်သူများသည် ထိုဘာသာရပ် ၁၅ ခုအနက် စီးပွားစီမံ၊ စီးပွားရေးပညာ ဘာသာရပ်များ ကို စီးပွားရေးတက္ကသိုလ်များ၌ သာ တက်ရမည်ဖြစ်သည်။
‘‘အရင်က ဒီစီးပွားရေးဘာ သာရပ်တွေကအဝေးသင်ဌာနခွဲ တိုင်းမှာ တက်လို့ရတယ်။အခုက တော့ ဒီဘာသာရပ်တွေလျှောက် ရင် စီးပွားရေးတက္ကသိုလ်တွေမှာ ပဲအနီးကပ်တက်ရမှာပေါ့’’ဟုအဆင့်မြင့်ပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဒေါက်တာသိန်း ဝင်းက ပြောသည်။
အဝေးသင် စီးပွားရေးဘာ သာရပ်များသို့ ဝင်ခွင့်ရသူစာရင်းကို ဒီဇင်ဘာ ၁၈ ရက်က ကြေညာခဲ့ရာ ရန်ကုန်စီးပွားရေးတက္ကသိုလ် ၏ စီးပွားစီမံဘာသာရပ်ကို ၃၆၇ ဦး ဝင်ခွင့်ရခဲ့ပြီး ဝင်ခွင့်အမှတ်အနိမ့်ဆုံးမှာ တက္ကသိုလ်ဝင်စာ မေးပွဲ ရမှတ်စုစုပေါင်း ၃၅၀ မှတ်၊ အမြင့်ဆုံးမှာ ၅၀၂ မှတ်ဖြစ်သည်။ စီးပွားရေးပညာ ဘာသာရပ်ကိုအနိမ့်ဆုံး ၃၅၀ မှတ်၊အမြင့်ဆုံး ၃၉၇ မှတ်ဖြင့် ၇၁၉ ဦး ဝင်ခွင့်ရခဲ့ သည်။
မိတ္ထီလာစီးပွားရေးတက္ကသိုလ်၏ စီးပွားစီမံဘာသာရပ်
-အနိမ့်ဆုံး ၃၅၀ မှတ်၊
-အမြင့်ဆုံး ၄၈၆ မှတ်
- ၁၄၃ ဦး ဝင်ခွင့်ရ
မိတ္ထီလာစီးပွားရေးတက္ကသိုလ်၏ စီးပွားရေးပညာ ဘာသာရပ်
-အနိမ့်ဆုံး ၃၅၀ မှတ်
-အမြင့်ဆုံး ၄၅၄ မှတ်
- ၇၇၀ ဦး ဝင်ခွင့်ရ
မုံရွာစီးပွားရေးတက္ကသိုလ်၏ စီးပွားစီမံဘာသာရပ်
-အနိမ့် ဆုံး ၃၅၀ မှတ်
-အမြင့်ဆုံး ၄၂၇ မှတ်
- ၇၂ ဦး ဝင်ခွင့်ရ
မုံရွာစီးပွားရေးတက္ကသိုလ်၏ စီးပွားရေးပညာဘာသာရပ်
-အနိမ့်ဆုံး ၃၅၀ မှတ်
-အမြင့်ဆုံး ၄၅၉ မှတ်
- ၆၀၆ ဦး ဝင်ခွင့်ရ
ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်မှ ကျောင်း သား၊ ကျောင်းသူများသည် ရန်ကုန် စီးပွားရေးတက္ကသိုလ်တွင် တက်ရမည်ဖြစ်ပြီး မိတ္ထီလာစီးပွား ရေး တက္ကသိုလ်တွင် မကွေး၊ မန္တလေးတိုင်းဒေသကြီး ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကယားပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူများကို တက်ရောက်ခွင့်ပြုမည်ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်၊ ချင်းနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ကျောင်းသား၊ ကျောင်းသူများသည် မုံရွာစီးပွား ရေးတက္ကသိုလ်တွင် တက်ရမည် ဖြစ်သည်။
ကျောင်းအပ်နှံရမည့်ရက် နှင့်အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာ ကျောင်းများ တွင် ထပ်မံကြေညာမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း ကျောင်းအပ် ငွေသွင်းမှတ်ပုံတင်ရမည်ဟုအဆင့်မြင့် ပညာ ဦးစီးဌာနက ကြေ ညာထားသည်။
၂၀၁၈ ပညာသင်နှစ်တွင်အဝေးသင်တက္ကသိုလ် ကျောင်း သား၊ ကျောင်းသူ ၄၉၀,၀၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၆၀ ရာခိုင်နှုန်းခန့်အဝေးသင် တက်ရောက် နေကြောင်း ပညာရေးဝန်ကြီးဌာနအချက်အလက် များ၌ ဖော်ပြထားသည်။
source: 7day