![]()
၁။ မြွေကိုက်ခံရသောနေရာတွင် နာကျင်မှုခံစားရပါမည်။အစွယ်အရာနှင့်ယောင်နေသောနေရာ ကိုရှာပါ။ ၂။အဆိပ်ရှိသောမြွေအကိုက်ခံရပါက နီးစပ်ရာဆေးရုံ၊ ဆေးပေးခန်းကိုအမြန်ဆုံးပို့ဆောင်ပေးပါ။ ၃။ ဒဏ်ရာကို ရေဖြင့် ညင်သာစွာဆေးကြောပါ။ ၄။ လူနာကိုလဲလျောင်း၍ ငြိမ်သက်စွာထားပါ။ မည်သည့်မြွေများသည်အဆိပ်ရှိ၍ မည်သည့်ပုံစံရှိသနည်း။ မြန်မာနိုင်ငံတွင်တွေ့ရတတ်သောအဆိပ်ရှိသောမြွေများမှာ မြွေပွေး၊ မြွေဟောက်၊ ငန်းတော် ကြား၊ ဂျပ်မြွေ၊ သံကွင်းစွပ်မြွေ စသည်တို့ဖြစ်ကြပါသည်။ မြွေဆိပ်သင့်ခြင်း၏ လက္ခဏာများမှာ မည်သည်တို့ဖြစ်သနည်း။အဆိပ်အတော်အသင့်မိခြင်း၏ လက္ခဏာများမှာ ပျို့ခြင်း၊အန်ခြင်း၊ ထုံကျင်ခြင်း၊အဆိပ် ပမာဏများပါက သွေးလန့်ခြင်း၊ သွေးများယိုစီးခြင်း၊ ငိုက်မျဉ်းခြင်း၊ (မြွေပွေး)၊ သတိလစ်ခြင်း (မြွေဟောက်) တို့ဖြစ်ပါသည်။ ဒဏ်ရာကို ရေခဲကပ်ခြင်း၊ ကြိုးစည်းခြင်းပြုလုပ်သင့်ပါသလား။အဆိပ်ရှိသောမြွေအကိုက်ခံရပါက ရေခဲမကပ်ရ။ ထို့အပြင် ဒဏ်ရာကို လှီးဖြတ်ခြင်း၊ စုပ်ထုတ်ခြင်း၊ မီးစနှင့်ထိုးခြင်း မပြုလုပ်ရပါ။ Ref: မြန်မာနိုင်ငံကြက်ခြေနီအသင်းသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။