![]()
ကမ္ဘာ့ဘောလုံးအကျော်အမော် ရော်နယ်ဒိုဟာ ကာမအတင်းရယူမှုနဲ့ ပါတ်သတ်ပြီး စစ်ဆေးဖို့အတွက် လက်စ်ဗီးဂက် ရဲ့တပ်ဖွဲ့က DNA နာမူနာ ပေးဖို့တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က ကာသန်မာယော်ဂါဟာ 2009 ခုနှစ် ဇွန်လ 13 ရက်နေ့ညအစောပိုင်းက လက်စ်ဗီးဂက်က ပန်းမ် ဟိုတယ်မှာ ရော်နယ်ဒို သူ့မကိုအတင်းအားဓမ္မ ပြုကျင့်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပြီး ရော်နယ်ဒို Video Live လွှင့်ပြီး ဒါကိုုငြင်းဆန်ထားခဲ့ပါတယ်။
လက်ရှိအသက် 34 နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ကာသန်မာယော်ဂါဟာ ကျောင်းဆရာမဟောင်း တစ်ဦးဖြစ်ပြီး ၊ 2009 ခုနှစ် ဇွန်လ 13 ရက်နေ့ညအစောပိုင်းက လက်စ်ဗီးဂက်က ပန်းမ် ဟိုတယ်မှာ ရိုနာဒိုဟာ သူ့မကိုအတင်းအားဓမ္မ ပြုကျင့်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့သူ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ရော်နယ်ဒို Video Live လွှင့်ပြီး “ ဒီကနေ့ ပြောနေကြတဲ့ သတင်းတွေက လုံး၀ မမှန်ပါဘူး ၊ သတင်းအမှားတွေ ။ သူတို့ဟာ ကျနော့်ရဲ့ နာမည်ကိုအသုံးချပြီး နာမည်ကြီးချင် နေကြတဲ့ သူတွေပါ။ ဒါမျိုး လုပ်ဆောင်ချက်တွေ ရိုးနေပါပြီ။ ကျနော့်အတွက်တော့အမြဲတမ်းပဲ ပျော်ပျော်ရွှင်ရွှင် ဖြစ်အောင်နေဖြစ်ပါတယ်” လို့ ငြင်းဆို သွားခဲ့ပါတယ်။
ရော်နယ်ဒို ဟာအဲဒီအချိန်ကအပန်းဖြေဖို့အမေရိကားကို ရောက်ရှိနေချိန် ဖြစ်ပြီး ၊ မာယော်ဂါနဲ့ ကလပ်တစ်ခုမှာ တွေ့ဆုံခဲ့ကြကာ ၊ နားဘေးကပ်ကာ တစ်ခုခုပြောဆိုနေတဲ့ ဓါတ်ပုံတွေ ဆက်လက်ပေါ်ထွက်လာခဲ့ပါတယ်။အမှုတွဲဖိုင်တွေမှာ ရေးဖြည့်ထားတဲ့အချက်အလက်တွေအရ ရိုနာဒိုက မာယော်ဂါကို သူ့နေတဲ့အခန်းဆီ ခေါ်ဆောင်ခဲ့ပြီး ၊ ရေးချိုးကန်ထဲမှာအတူတူ ရေးချိုးဖို့အတင်း ခေါ်လာခဲ့တယ်လို့ ဆိုပါတယ်။အဲဒီနောက်အမျိုးသမီး ဖြစ်သူဘက်ကအင်္ကျီတွေ ရေစိုမှာ စိုးလို့ ငြင်းဆန်တာကြောင့် ၊ ရေချိုးခန်းအတွင်းချိတ်ထားတဲ့အင်္ကျီ တစ်တည်ကို လဲဖို ရော်နယ်ဒို ပြောဆိုခဲ့ပါတယ်။
အဲဒီလိုအဝတ်လဲနေချိန်မှာပဲ ရော်နယ်ဒိုအနားကို ရောက်ရှိလာခဲ့ကာ ကာမရယူဖို့ စတင်အားထုတ်လာခဲ့ပြီး ၊အမျိုးမျိုး ငြင်းဆန်နေသည့် ကြားထဲကနေအတင်းအဓမ္မ ရယူသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
သတင်းအချို့ကတော့အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သူမအနေနဲ့ လူသိရှင်ကြား ထုတ်မပြောဖို့ ၊ရော်နယ်ဒို ရှေ့တွေကနေ တစ်ဆင့် လျှော်ကြေး ပေါင် 287000 ရယူပြီး ကျေနပ်ခဲ့တယ်လို့ ဖော်ပြထားသလို၊ လက်ရှိ သူမရဲ့ ရှေနေကတော့အဲဒီအချိန်ကမယ်ယော်ဂါဟာ စိတ်တွေ ကယောက်ဂယက် ဖြစ်နေခဲ့တာကြောင့် သဘောတူညီမှုတစ်ခု ဆိုတဲ့အဓိပ္ပါယ်ကို ငြင်းဆိုထားပြီး တွန်းအားပေးတဲ့ ပုံစံမျိုးနဲ့ရယူသွားတာ ဖြစ်တယ်လို့အခိုင်အမာ ဆိုထားပါတယ်။ ဒါ့အပြင်အဲဒီအချိန်က သူ့မဟာအခြေအနေတွေကို သေချာလေ့လာ သုံးသပ်နိုင်စွမ်းအပြည့်အဝမရှိခဲ့ပဲ၊ စိတ်တွေ ခြောက်ခြားနေခဲ့တာ ဖြစ်တယ်လို့ မှတ်ချက် ပေးထားပြန်ပါတယ်။
သူမ ကိုယ်တိုင်ကတော့ မကြာခင်က ပြုလုပ်ခဲ့တဲ့အင်တာဗျူး တစ်ခုမှာ ရိုနာဒိုဟာ 99% လူကောင်းတစ်ယောက်ဖြစ်ကြောင်း ၊ သူမကတော့ 1% မကောင်းတဲ့အချိန်လေးရဲ့ ဓါးစာခံ ဖြစ်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။အဲဒီအဖြစ်အပျက်တွေနဲ့ ပါတ်သတ်ပြီ လက်စ်ဗီးဂတ် ရဲ့တပ်ဖွဲက ရော်နယ်ဒိုရဲ့ DNA ကိုစစ်ဆေးတော့မှာ ပဲဖြစ်ပါတယ်။