VentureWell Open 2018 မှာ ပထမဆု ရရှိခဲ့တဲ့ ရတနာပုံဆိုက်ဘာစီးတီး ကျောင်းသားအဖွဲ့
popolay.com
|
2019-01-15

အမေရိကန် နိုင်ငံ VentureWell Open 2018 ပွဲ မြန်မာနိုင်ငံမှ ရတနာပုံဆိုက်ဘာစီးတီး မှအဖွဲ ကျောင်းသားအဖွဲ့နှင့် Taxas A&M Universityအဖွဲ ဟာ ပထမဆုရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ကမ္ဘာမြေအတွက် တီထွင်ပါ “Invent fot the Planet ” ခေါင်းစဉ်ဖြင့် နိုင်ငံပေါင်း ၄၀၀ ကျော် ပါဝင်ပြိး ၄၈ နာရီအတွင် တီထွင်လုပ်ပြရတာဖြစ်ပါတယ်။အဆိုပါပြိုင်ပွဲမှာ ဒီပွဲမှာ ကမ္ဘာ့စွမ်းအင် ဆိုင်ရာ စိန်ခေါ်မှုများ ၊ စွန့်ပစ်ပစ္စည်း စီမံမှုနဲ့ဆေးပညာရပ်ဆိုင်ရာ ပြဿနာများကို နည်းပညာနဲ့ဖြေရှင်းပြသရတာ ဖြစ်ပါတယ်။







Taxas A&M University မှာကျင်းပတဲ့ Taxas ပွဲမှာ မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင် ရတနာပုံဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ် (UT-YCC) ကျောင်းသား ၅ ဦးဖြစ်တဲ့ ဗန်လာရုအဒ် ၊ သီရိကိုကို ၊ ဟိန်းဒွေးဆန် ၊ ထက်ဝေလင်းနဲ့နှောင်းသက်ထားဝေတို့ဟာ Edu-LIGHTER နာမည်နဲ့ဝင်ပြိုင်ခဲ့တာ ဖြစ်ပြီး မိသားစုသုံး လျှပ်စစ်ထုတ်နိုင်တဲ့အပ်ချုပ်စက်တစ်လုံးကို ပြိုင်ပွဲမှာ ပြသခဲ့တာပါ။

ဒီပွဲမှာ ပထမဆုကိုအိမ်ရှင်တက္ကဆက်တက္ကသိုလ်မှ Illumi-Niteအသင်းမှ ရရှိခဲ့ပြီး Team Edu-LIGHTER က ဒုတိယဆု ရခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ပြသခဲ့တဲ့အပ်ချုပ်စက်ဟာ ၂၂ ဒေါ်လာကုန်ကျခဲ့ပါတယ်။ ရရှိခဲ့ပါတယ်။ Illumi-Niteအသင်းကတော့ ပလတ်စတစ် ရေဗူးတွေလို စွန့်ပစ်ပစ္စည်းတွေသုံးပြီး LED မီးတွေ ထွင်ပြီး Edu-LIGHTERအသင်းကတော့ လျှပ်စစ်ထုတ်လုပ်တဲ့ စနစ်ကို တီထွင်တာ ဖြစ်ပါတယ်။








Invent for the Planet ပြိုင်ပွဲမှာ ပထမနဲ့ ဒုတိယဆု ရရှိကြတဲ့အဖွဲ့နှစ်ဖွဲဟာ ပူးပေါင်းပြီး EDU –Lite ဆိုတဲ့ နာမည်တစ်ခုနဲ့ ပူးပေါင်းခဲ့ကြပြီး VentureWell 2018 Open Minds ပြပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။








အနိုင်ရရှိခဲ့တဲအသင်းနှစ်သင်းဟာ VentureWell 2018 OPEN Minds မှာ တီထွင်မှုကို သရုပ်ပြသခဲ့ပြီး ဆုကြေးငွေ ဒေါ်လာ ၃၀၀ VentureWell 2018 OPEN Minds ပြိုင်ပွဲဟာ ကျောင်းသားတွေရဲ့ သိပ္ပံသုတေသန ထုတ်ကုန်တွေကို ဈေးကွက်တင်ဖို့နှစ်စဉ်ကျင်းပနေတဲပွဲဖြစ်ပါတယ်။








ဒီ ပြပွဲနေ့မှာ တက်ရောက်လာသူများမှ ဒီအသင်းနှစ်သင်းပေါင်းထားတဲ့ ထုတ်ကုန်အတွက် ရန်ပုံငွေ Venture Bucks ဒေါ်လာ ၃ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ Venture Bucks ဆိုတာကတော့ တကယ့်ငွေကြေးအစစ်အမှန်ရရှိတာမျိုး မဟုတ်ပဲ ဒီတီထွင်မှုအပေါ်မှာ ရင်းနှီးမြုပ်နှံချင်တဲ့ သူတွေက မဲပေးပြီးတော့ ရွေးချယ်တဲ့ ငွေကြေးပမာဏဖြစ်ပါတယ်။








ပြိုင်ပွဲ ပြီးဆုံးချိန်မှာတော့ ဆုရရှိတဲ့ မြန်မာ -အမေရိကန် ကျောင်းသားအဖွဲဟာ ဒေါ်လာ ၇၅ သန်း ရရှိခဲ့တယ်လို့ VentureWell ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဒီလောက်များပြားတဲ့ ရင်နှီးမြှပ်နှံမှု ရရှိတာဟာ သူတို့ရဲ့ တီထွင်မှုအပေါ်မှာ လူအများအပြားက စိတ်ဝင်စားတယ်ဆိုတဲ့ သဘောဆောင်ပါတယ်။








ရတနာပုံဆိုက်ဘာစီးတီးမှ ကျောင်းသားတွေဖြစ်တဲ့ Edu-LIGHTERအဖွဲ့ဟာ ၂၀၁၇ နှစ်ကလည်း FIRST Global Robotics Challenge နာမည်နဲ့နိုင်ငံပေါင်း ၁၅၆ နိုင်ငံမှအသင်းပေါင်း ၁၆၁ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ မက္ကဆီကို ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု လူငယ်အသင်းမှ ပြိုင်ပွဲ ၆ ပွဲမှာ ၅ ပွဲနိုင် စုစုပေါင်း ၅၈၄ မှတ် ရခဲ့ပြီး ဆဌမချိတ်ခဲ့ပါတယ်။




Some text some message..