တက္ကသိုလ်မှ ဘွဲ့ရပြီးသူတွေ မဖြစ်မနေလုပ်ရမယ့်အရာများ
edge.com.mm
|
2019-01-17

တက္ကသိုလ်မှ ဘွဲ့ရပြီးတဲ့အခါ ဘယ်တွေ ဆက်လုပ်ရမယ်ဆိုတာ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ရင် သိနိုင်ပါတယ်နော်။


(၁)အသုံးကြတန်ဘိုးရှိတဲ့ သူတစ်ယောက်ဖြစ်ဖို့ နည်းလမ်းတွေရှာပါ။

■ လူငယ်တော်တော်များများဟာ ဘွဲ့ရတာနဲ့အလုပ်ရတာကိုလည်း တဆက်တည်း စဉ်းစားလေ့ရှိကြတယ်။ တကယ်တော့ တက္ကသိုလ်ကပေးတဲ့ ပညာဆိုတာ၊ ဘယ်လိုအသက်မွေးဝမ်းကြောင်း လမ်းကြောင်းပေါ်မှာ ရပ်တည်ရ မယ်ဆိုတာကို ညွန်ပြရုံလောက်ပဲလို့ဆိုတယ်။အဲဒီပညာရပ်တစ်ခုကို တကယ့်လောကထဲမှာရပ်တည်နိုင်ဖို့ကြတော့ သပ်သပ်ဖြည့်ဆည်းလေ့လာကြရတယ်။

တကယ့်လောကထဲကို ဝင်တော့မယ်ဆိုရင် သိထားသင့်တာကအလုပ်ရှင်ဆိုတာအလုပ်လုပ်လိုချင်တဲ့သူ (ဘွဲ့ရပြီးစလူငယ်) ဆီက လုပ်ကိုင်နိုင်စွမ်းရှိတဲ့ ဝန်ဆောင်မှုတစ်ခုခုကို ဝယ်ယူတာပဲဖြစ်တယ်။အဲဒီလို တန်ဘိုးတစ်ခုခု ပါအောင်၊ ကိုယ့်ရဲ့ Credibility နဲ့ Value ကိုတည်ဆောက်ကြရတယ်။

ဒါကြောင့် တက္ကသိုလ်တက်နေစဉ်ထဲက Volunteeringအလုပ်တွေအခွင့်သင့်တဲ့အခါ လုပ်ရင်း ကိုယ့်ရဲ့ တကယ့်စွမ်းဆောင်နိုင်ရည်တွေ၊ လိုအပ်ချက်တွေ သိအောင်လုပ်ရင်းထပ်ဖြည့်ဆီးလေ့လာသင်ယူသင့်တာတွေ သင်ယူဖို့ ပြင်ဆင်ကြရတယ်။


(၂)အမှားတွေလုပ်ပါ၊ ပြီးတော့အဲဒီကနေ သင်ခန်းစာယူပါ။

■ ယဉ်ကျေးမှုနဲ့ ဖြတ်သန်းလာခဲ့ရတဲ့ ခေတ်ကြောင့် ဒီက လူငယ်တော်တော်များများဟာအမှားလုပ်မိမှာ ကြောက်တတ်ကြတယ်။ ဘဝမှာအရာရာ ဟာအသစ်တွေကြီးပဲ။ စွန့်စားမှု မပါတဲ့ ကြိုးစားအားထုတ်မှု တွေနဲ့ ဒီဘက်ခေတ် ထဲမှာ လူငယ်တွေ ရပ်တည်ရှင်သန်ဖို့ မလွယ်ကြတော့ဘူး။ ဘွဲ့ရပြီး ကာစလူငယ်တစ်ယောက်အနေနဲ့ စွန်းစားရမှာပဲ၊အမှားတွေတွေ့မှာပဲ၊အဲဒီကလေ့လာသင်ယူပြီးရှေ့ဆက်ခြင်းဟာသာအကောင်းဆုံးသင်ယူခြင်းလို့ဆိုတယ်။


(၃) ကိုယ့်ကိုယ် ကောင်းရာညွန်ပြတဲ့ လေးစားရသူ၊ ဒါမှမဟုတ် ဆရာ ကိုရှာဖွေပါ။

■ မိဘပိုက်ဆံသုံးကျောင်းတက်တာပြီးလို့ ကိုယ့်ပိုက်ဆံကိုယ်ရှာရတော့မယ့်လောကထဲ ဝင်တဲ့အခါ သိပ်ရှုပ်ထွေးလွန်းလှပါတယ်။ ကိုယ့်ကိုယ်စိတ်ကောင်းစေတနာကောင်းတွေနဲ့ လမ်းညွန်တွဲခေါ်မယ့်သူ၊ ကိုယ်ရဲ့ လိုအပ်ချက် တွေ ကို စိတ်ရှည်စွာ ထောက်ပြတည့်မတ်ပေးနိုင်မယ့် သူတွေလိုပါတယ်။

ကိုယ့်လျောက်ရမယ့် ဘဝလမ်းမှာ ကိုယ်လေးစားအတုယူရမယ့် သူတစ်ယောက်ရှိခြင်းဟာလည်း ကိုယ့်ရည်ရွယ်ချက်ရည်မှန်းချက်ကိုသွားတဲ့အခါ ပိုလွယ်ကူ စေပါတယ်။ ကျောင်းသင်္ခန်းစာမှာ မပါတဲ့ဘဝအတွေ့အကြုံတွေ လမ်းညွန်မှုတွေကို သူတို့ဆီက သင်ယူနိုင်ပါတယ်။


(၄)အလုပ်ပတ်ဝန်းကျင်မှာအဆင်ပြေဖို့ Soft Skills တွေကိုမြှင့်တင်ပါ။

■ ဘွဲ့ရတာ၊အတတ်ပညာတစ်ခုခု တတ်မြောက်တာကို Hard Skills တွေရပြီလို့ဆိုကြပါတယ်။ တကယ့်လုပ်ငန်းခွင်မှာအဆင်ပြေပြေရပ်တည်ရှင်သန်နိုင်ဖို့၊ Negotiations, Listening, Persuasion, Presentation, Public Speaking စတဲ့ Soft Skills တွေဟာလည်းအခယာကြပါတယ်။ တက္ကသိုလ်မှာ စာတွေ သိပ်တတ်သိပ်တော်နေပေမယ့်၊ လူတွေနဲ့ မပေါင်းတတ်၊ မသင်းတတ်ဘူး၊ ကိုယ့်ဘာသာကိုယ်ပဲ ကျောင်းမှာတုန်းကလိုတသီးတခြားနေဖို့အဆင်မပြေနိုင်တော့ပါဘူး။

ပညာရပ်တွေမှာ သိပ်မတော်တဲ့သူတွေတောင် ဒီလို Soft Skills တွေကို ကျွမ်းကျင်လို့အဆင့်တစ်ခု နေရာတစ်ခုကို ရောက်သွားသူ၊ ရောက်နေသူတွေပတ်ဝန်းကျင်မှာအများကြီးရှိပါတယ်။ ဒါကြောင့် ကိုယ့်လိုအပ်ချက်တွေကို သိအောင်ကြိုးစားပါ။ Soft Skills တွေဖြည့်ဆည်းပါ။ လိုအပ်တဲ့နေရာတွေမှာတိုးတက်အောင်လုပ်ထားပါ။


(၅) ရယူဖို့ ကိုယ်ကအရင်ပေးပါ (Give to Get )။

■ ဘွဲ့ရသွားတဲ့ လူငယ်တွေအလုပ်ရှာတဲ့အခါ၊အင်တာဗျူးတွေလုပ်တဲ့အခါ တော်တော်များများမေ့နေတတ်ကြတာက၊အလုပ်ရှင်ဟာ ကိုယ်ဆီကဘာရမလဲ၊ ကိုယ်ကဘာပေးနိုင်မလဲဆိုတာအရင်ကြည့်တတ်ကြတယ်ဆိုတာပါ။ လူငယ်အများစုကတော့ ကိုယ်ရနိုင်တာတွေကိုပဲအရင်ကြည့်တတ်ကြပါတယ်။ လခဘယ်လောက်လဲ၊ ဘာခံစားခွင့်တွေရမလဲ လို့အင်တာဗျူးတွေမှာ မေးမြန်းရင်း ကိုယ်ဘာလုပ်ပေးနိုင်လဲဆိုတာ ပြောဖို့မေ့သွား တတ်ကြပါတယ်။

ဘွဲ့ရပြီးကာစ လုပ်ငန်းခွင်ထဲသွားမယ့်သူပဲဖြစ်ဖြစ်၊ ရေရှည် လောကထဲမှာအသက်မွေးဝမ်းကြောင်းမှုတစ်ခုခုနဲ့ ရပ်တည်မယ့်သူပဲဖြစ်ဖြစ်၊ကိုယ့် ကအရင်လောကကြီးကို ပေးရမယ်ဆိုတာအမြဲသတိရပါ။ ကိုယ်အကောင်းဆုံး ပေးဆပ်နိုင်လေလေ လောကကြီးဆီက ပြန်ရဖို့ကြိမ်းသေလေပါပဲ။


(၆) သင့်တင့်လျောက်ပတ်စွာ (အလုပ်နဲ့ လျော်ညီစွာ) ဝတ်စားဆင်ရင်ဖို့ ကြိုးစားပါ

■ မြန်မာစကားပုံမှာ တောင်းမှာအကွပ် လူမှာအဝတ်လို့ရှိပါတယ်။ ဘွဲ့ရပြီးလူငယ်တစ်ယောက်ဟာ သာမာန်လူတစ်ယောက်မဟုတ်တော့ပါဘူး။ ကိုယ့် Professional နဲ့ လိုက်လျောညီထွေအောင် ဝတ်စားဖို့လည်းလိုပါသေးတယ်။ ဒီနေရာမှာ ဈေးကြီးတာတွေ၊ Brand တွေကိုပြောတာမဟုတ်ပါဘူး။အလုပ်ပတ်ဝန်းကျင် သဘောသဘာဝနဲ့ကိုက်ညီစွာ ဝတ်စားဆင်ရင်ဖို့ပြောတာပါ။


(၇) စဉ်းစားတွေးခေါ်ပုံနဲ့ ရည်မှန်းချက်ကိုပြောင်းပါ (Switch your focus)။

■ ဆိုလိုတာက ကျောင်းသားတုန်းကတော့အရာရာဟာ ကိုယ့်အတွက်ပါ။ ကျောင်းသင်ခန်းစာတွေ လေ့လာတယ်၊ လေ့ကျင့်ကျက်မှတ်တယ် ဆိုတာ ကိုယ့်အကျိုးအတွက်ပါ။အပြင်လောကထဲရောက်ထဲက မှာတော့ ဒီအတွေးအခေါ်ကို ပြင်ဖို့ လိုပါလိမ့်မယ်။အလုပ်ရှင်ဆိုတာ သူအတွက် ကိုယ်က ဘာလုပ်ပေးနိုင်မလဲအရင်ကြည့်ပါလိမ့်မယ်။ လုပ်ငန်းခွင့်ထဲမှာအများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားရတာ ဦးစာပေးရ တာတွေလည်းရှိလာပါလိမ့်မယ်။ လူငယ်တော်တော်များများအလုပ်မှာအဆင်မပြေဖြစ်ကြတာ ဒီအချက်ကြောင့်အများကြီးပါတယ်ဆိုပါတယ်။


(၈) စိတ်ရှည်သီးခံတတ်ဖို့ လေ့ကျင်ယူပါ။


■ လူတစ်ယောက်ဟာ တစ်သက်မှာ နှစ်ပေါင်း ၄ဝ လောက်အလုပ်လုပ်ရမှာဆိုတော့၊ မတူကွဲပြားတဲ့ ပတ်ဝန်းကျင်စရိုက်တွေမှာ ရေရှည်အလုပ်လုပ်နိုင်ဖို့၊ ကိုယ်လိုချင်တဲ့ ကိုယ့်အသက်မွေးဝမ်းကြောင်းမှုပန်းတိုင်ကို ရောက်ဖို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ စိတ်ရှည်သီးခံတတ်ဖို့လိုပါတယ်။
တစ်ချို့ လူတော်တွေ ဖြစ်လျက်သားနဲ့ စိတ်မရှည်သီးမခံနိုင်မှုတွေကြောင့် လမ်းခုလပ်မှာပဲ ရပ်တန့်သွားခဲ့ရတဲ့သူတွေအများကြီးရှိကြပါတယ်။


(၉) ဘဝတသက်လုံးလေ့လာသင်ယူဖို့ လေ့ကျင့်ပါ။

■အနာဂါတ်မှာ ဘယ်လိုအလုပ်အကိုင်တွေဖြစ်လာမယ်၊ ဘယ်လိုအလုပ်အကိုင်တွေပျောက်သွားမယ်ဆိုတာ ပြောဖို့ခက်ပါတယ်။ တကယ်လို့ ကိုယ့်လေ့လာသင်ယူထားတဲ့အသက်မွေးဝမ်းကြောင်းမှုဟာ တစ်ချိန်ချိန်မှာ ခေတ်မမှီတော့ဘူး၊ လူတွေမသုံးကြတော့တဲ့ ပညာရပ်ဖြစ်သွားမယ်ဆိုရင် ခေတ်နဲ့ လိုက်လျောညီထွေစွာ ရှင်သန်နိုင်ဖို့အသစ်ပညာတွေ လေ့လာသင်ယူဖို့လည်းအသင့်ပြင်ဆင်ထားရပါမယ်။

အနာဂါတ်ကို ဘယ်သူမှ တိတိကျကျမခန့်မှန်းနိုင်ပါဘူး။ ကိုယ်လုပ်နေတဲ့အလုပ်မှာအမြဲမပြတ် လိုအပ်နေတဲ့ ပညာတွေ သင်ယူနေဖို့ မျက်ခြေမပြတ်သင့်သလို၊ ပြောင်းလဲလာမဲ့အနာဂါတ်နဲ့ ကိုယ် နဲ့ ကိုက်နေအောင်အသစ် ပညာတွေကို လေ့လာဆည်းပူးနိုင်ဖို့လည်းအသင့်ဖြစ်နေသင့်ပါတယ်။

Credit: ဆရာအောင်ကျော်စံ (ကျောက်သင်ပုန်း fb)





Some text some message..