မြွေဖြူအိပ်မက်မက်ရင် ကံကောင်းပြီသာမှတ်တော့…!
trend.com.mm
|
2018-10-04




ဘယ်လိုကံကောင်းမှာလဲ?
လူတိုင်းရဲ့ ဘဝမှာအပြည့်ချင်ဆုံးဆုတစ်ဆုကဘာများဖြစ်မလဲ? ထီသာပေါက်ကြည့်လိုက် ဘာလုပ်မှာ၊ညာလုပ်မှာနဲ့စိတ်ကူးတွေယဉ်ထားကြတာပါ။ဒီတော့ ထီပေါက်ချင်တာဟာ ဘဝမှာအပြည့်ချင်ဆုံးဆုပါပဲ။ ဒါပေမဲ့ ထီသာလတိုင်းထိုးတယ်။မပေါက်ဘူး။ကြာလာတော့ စိတ်ဓာတ်ကျလာတယ်။စိတ်ဓာတ်မကျပါနဲ့၊အတိတ်နမိတ်တို့၊အိပ်မက်တို့ကိုသတိထားတတ်မယ်ဆိုရင် ထီပေါက်ဖို့အခွင့်အရေးပိုပြီးများလာနိုင်ပါတယ်။








ဘယ်လိုအတိတ်နိမိတ်လဲ။အိပ်မက်လဲ? မြွေဖြူအိပ်မက်ပါ။အိပ်မက်ထဲမှာ မြွေဖြူတွေ့တယ်၊မြွေဖြူတွေအများကြီးအုပ်စုလိုက်တွေ့တယ်ဆိုတာသင့်ရဲ့ကံကောင်းစေတဲ့နိမိတ်ပါပဲ။အဲ့အိပ်မက်သာမက်လို့ကတော့ ထီသာပြေးထိုးလိုက်ပါတော့။ထီမပေါက်ဘူးဆိုရင်တောင် တစ်ခြားကံကောင်းမှုတွေ
ရလာတတ်ပါတယ်။အဖြူရောင်မြွေနဲ့ကံကောင်းတာကဘယ်လိုဆက်စပ်နေတာလဲဆိုရင် မြွေဖြူဆိုတာ ဘုရားသခင်ရဲ့ကိုယ်စားပြု၊ဘုရားသခင်ရဲ့အမှာတော်ပါးစသဖြင့်အယူရှိပါတယ်။ဒါကြောင့်မြွေဖြူဆိုမသတ်ရဘူး။ဒါကကံကောင်းစေတဲ့အနာဂတ်ကိုယူဆောင်လာပေးတဲ့သင်္ကေတလို့ လူကြီးတွေပြောတာကြားဖူးကြမှာပါ။








မြွေဖြူအိပ်မက်မက်တာဟာ တစ်ခြားကံကောင်းမှုတွေထက် သာပါတယ်။အထူးသဖြင့် မြွေဖြူဟာ ငွေကြေးတွေအများကြီးရလာတာ၊ထီပေါက်တာစတဲ့ငွေကြေးပိုင်းဆိုင်ရာ ကံကောင်းစေပါတယ်။မြွေဖြူကိုဖမ်းမိတယ်လို့အိပ်မက်မက်ရင် ထီထိုးဖို့အကောင်းဆုံးပါ။မြွေဖြူတွေကိုသတ်လိုက်တယ်လို့အိပ်မက်မက်ရင် ကံမကောင်းဘူးလို့ထင်စရာရှိပေမဲ့ တကယ်တော့ကံကောင်းတဲ့သင်္ကေတပါ။ဒါကသင့်ရဲ့စီးပွားရေးလုပ်ငန်းတစ်ခုခုမှာအောင်မြင်မယ်လို့နိမိတ်ပြနေတာဖြစ်ပါတယ်။အခွင့်အရေးကိုလက်မလွှတ်ပါနဲ့။မြွေဖြူတွေကသင့်အနားကိုရောက်လာတယ်လို့မက်ရင် မကြာခင် သင့်မှာငွေကြေးကံကောင်းလာတော့မယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။မတော်တဆမှုတွေကြုံရရင်တောင်သင်က ဘာအန္တရာယ်မှမကျရောက်နိုင်ပါဘူး။








အိပ်မက်ထဲက မြွေဖြူအကြီးကြီးကကောင်းကင်ပေါ်တက်သွားတယ်လို့မက်ရင် ဒါက တကယ့်ကိုအကောင်းဆုံးအိပ်မက်တစ်ခုပါပဲ။ဒီအိပ်မက်ကသင့်အတွက် ငွေကြေးကံကောင်းမှုတင်မက တစ်ခြားကံကောင်းမှုတွေပါ ဆောင်ယူပေးပါလိမ့်မယ်။အလုပ်ကိစ္စ၊မိသားစုကိစ္စ၊ငွေကြေးကိစ္စအားလုံးအဆင်ပြေသွားတော့မှာပါ။

Unicode


ဘယ်လိုကံကောင်းမှာလဲ?
လူတိုင်းရဲ့ ဘဝမှာ အပြည့်ချင်ဆုံးဆုတစ်ဆုကဘာများဖြစ်မလဲ? ထီသာပေါက်ကြည့်လိုက် ဘာလုပ်မှာ၊ညာလုပ်မှာနဲ့စိတ်ကူးတွေယဉ်ထားကြတာပါ။ဒီတော့ ထီပေါက်ချင်တာဟာ ဘဝမှာအပြည့်ချင်ဆုံးဆုပါပဲ။ဒါပေမဲ့ ထီသာလတိုင်းထိုးတယ်။မပေါက်ဘူး။ကြာလာတော့ စိတ်ဓာတ်ကျလာတယ်။စိတ်ဓာတ်မကျပါနဲ့၊အတိတ်နမိတ်တို့၊အိပ်မက်တို့ကိုသတိထားတတ်မယ်ဆိုရင် ထီပေါက်ဖို့အခွင့်အရေးပိုပြီးများလာနိုင်ပါတယ်။


ဘယ်လိုအတိတ်နိမိတ်လဲ။အိပ်မက်လဲ? မြွေဖြူအိပ်မက်ပါ။အိပ်မက်ထဲမှာ မြွေဖြူတွေ့တယ်၊မြွေဖြူတွေအများကြီးအုပ်စုလိုက်တွေ့တယ်ဆိုတာသင့်ရဲ ့ကံကောင်းစေတဲ့နိမိတ်ပါပဲ။အဲ့အိပ်မက်သာမက်လို့ကတော့ ထီသာပြေးထိုးလိုက်ပါတော့။ထီမပေါက်ဘူးဆိုရင်တောင် တစ်ခြားကံကောင်းမှုတွေ
ရလာတတ်ပါတယ်။အဖြူရောင်မြွေနဲ့ကံကောင်းတာကဘယ်လိုဆက်စပ်နေတာလဲဆိုရင် မြွေဖြူဆိုတာ ဘုရားသခင်ရဲ ့ကိုယ်စားပြု၊ဘုရားသခင်ရဲ ့အမှာတော်ပါးစသဖြင့် အယူရှိပါတယ်။ဒါကြောင့်မြွေဖြူဆိုမသတ်ရဘူး။ဒါကကံကောင်းစေတဲ့အနာဂတ်ကိုယူဆောင်လာပေးတဲ့သင်္ကေတလို့ လူကြီးတွေပြောတာကြားဖူးကြမှာပါ။

မြွေဖြူအိပ်မက်မက်တာဟာ တစ်ခြားကံကောင်းမှုတွေထက် သာပါတယ်။အထူးသဖြင့် မြွေဖြူဟာ ငွေကြေးတွေအများကြီးရလာတာ၊ထီပေါက်တာစတဲ့ငွေကြေးပိုင်းဆိုင်ရာ ကံကောင်းစေပါတယ်။မြွေဖြူကိုဖမ်းမိတယ်လို့အိပ်မက်မက်ရင် ထီထိုးဖို့အကောင်းဆုံးပါ။မြွေဖြူတွေကိုသတ်လိုက်တယ်လို့အိပ်မက်မက်ရင် ကံမကောင်းဘူးလို့ထင်စရာရှိပေမဲ့ တကယ်တော့ကံကောင်းတဲ့သင်္ကေတပါ။ဒါကသင့်ရဲ ့စီးပွားရေးလုပ်ငန်းတစ်ခုခုမှာအောင်မြင်မယ်လို့နိမိတ်ပြနေတာဖြစ်ပါတယ်။အခွင့်အရေးကိုလက်မလွှတ်ပါနဲ့။မြွေဖြူတွေကသင့်အနားကိုရောက်လာတယ်လို့မက်ရင် မကြာခင် သင့်မှာငွေကြေးကံကောင်းလာတော့မယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။မတော်တဆမှုတွေကြုံရရင်တောင်သင်က ဘာအန္တရာယ်မှမကျရောက်နိုင်ပါဘူး။

အိပ်မက်ထဲက မြွေဖြူအကြီးကြီးကကောင်းကင်ပေါ်တက်သွားတယ်လို့မက်ရင် ဒါက တကယ့်ကိုအကောင်းဆုံးအိပ်မက်တစ်ခုပါပဲ။ဒီအိပ်မက်ကသင့်အတွက်ငွေကြေးကံကောင်းမှုတင်မက တစ်ခြားကံကောင်းမှုတွေပါ ဆောင်ယူပေးပါလိမ့်မယ်။အလုပ်ကိစ္စ၊မိသားစုကိစ္စ၊ငွေကြေးကိစ္စအားလုံးအဆင်ပြေသွားတော့မှာပါ။




Some text some message..