![]()
ဆုတောင်းတိုင်းပြည့်လား??လူတိုင်းက ဘဝမှာအနည်းဆုံးဆုတစ်ခုလောက်တော့တောင်းဖူးကြမှာပါပဲ။ဖြစ်လာတာ မဖြစ်လာတာက သူ့အပိုင်းပေါ့။ဒါပေမဲ့ ကိုယ်တောင်းလိုက်တဲ့ဆုတွေ ၁၀၀ မှာ ၈၀ရာခိုင်နှုန်းလောက်ပြည့်ဖို့များတဲ့ ကံကောင်းစေတဲ့လက်ဆောင်လေးတွေရှိပါတယ်။ကိုယ်မမြင်နိုင်ပေမဲ့အစွမ်းထက်တယ်ဆိုသလို ဒီလို magic charm လေးတွေက သင့်ဆန္ဒတွေ၊သင့်ဆုတောင်းတွေ ပြည့်လာဖို့ကူညီပေးနိုင်ပါတယ်။တကယ်ဟုတ်မဟုတ် စမ်းကြည့်ကြနော်။ကဲ ဒါဖြင့် ဘယ်လိုလုပ်ရမလဲဆိုတာပြောတော့မယ်
*Charm 1
ဒါကအရိုးရှင်းဆုံးနဲ့အထိရောက်ဆုံးလို့ပြောလို့ရပါတယ်။လူတိုင်းမှာမသိစိတ်စွမ်းအားဆိုတာရှိတဲ့အတွက် သူ့အချိန်တန်တဲ့အခါထိရောက်မှုပိုရှိပါတယ်။သင်လုပ်ရမှာက ညအိပ်ရာမဝင်ခင် စိတ်ထဲကနေ နက်နက်နဲနဲဆုတောင်းဖို့ပါပဲ။ပြီးရင် ကိုယ့်ဆုတောင်းတွေတကယ်ဖြစ်လာပြီဆိုတဲ့အကြောင်း စိတ်ကူးယဉ်ကြည့်ပါ။
*Charm 2
ဒိုင်ယာရီစာအုပ်နဲ့ဆုတောင်းကြည့်ပါ။ “Prayer diary”ဆိုတာမျိုးရှိပါတယ်တဲ့။သင်လုပ်ရမှာက ဒိုင်ယာရီစာအုပ်တစ်ခုကိုယူ၊ပြီးရင်အဲ့ဒီထဲမှာ သင့်ရဲ့ဆုတောင်းတွေတကယ်ဖြစ်လာတဲ့ပုံစံချရေးပါ။ဥပမာ “ရုတ်တရက် ငွေတွေအများကြီးရလာပြီး လိုချင်တာတွေဝယ်ခဲ့၊စားချင်တာတွေစားခဲ့ရတယ်”
ဆိုတာမျိုး။ကိုယ်ဖြစ်ချင်တာတွေတကယ်ဖြစ်လာတဲ့အတိုင်း၊ဖြစ်ချင်တဲ့အတိုင်း ချရေးပါ။အဲ့ဒီစာအုပ်ကိုသေချာဂရုတစိုက်သိမ်းပါ။
*Charm 3
ဒါကတော့အဖြူရောင်ငှက်မွှေးလေးတွေ့ရင်ဆောင်ထားဖို့ပါ။အဖြူရောင်ငှက်မွှေးရှာတွေ့ဖို့မလွယ်ဘူးဆိုပေမဲ့ တွေ့လာခဲ့ရင်အဲ့ဒီငှက်မွှေးလေးကိုလက်ဖဝါးထဲထည့်၊ပြီးရင် “ငှက်မွှေးနတ်သမီးလေးရေ ကျွန်တော့်ဆန္ဒတွေခင်ဗျားကိုပို့လိုက်ပြီ”လို့ပြောပြီး ကောင်းကင်ပေါ်ကိုမှုတ်ထုတ်လိုက်ပါ။ကြားရတာ ကလေးဆန်ချင်ဆန်နေလိမ့်မယ်ဆိုပေမဲ့ ကိုယ်မမြင်ရတဲ့အရာ၊နားမလည်နိုင်တဲ့အရာတွေအများကြီးပါ။ဒီငှက်မွှေးလေးကနေတစ်ဆင့် သင့်ဆန္ဒတွေကိုနတ်သမီးလေးတွေကြားသွားပြီးဖြည့်ဆည်းပေးပါလိမ့်မယ်တဲ့။မယုံနိုင်စရာကောင်းပေမဲ့ ဒီဆုတောင်းနည်းလေးကအလုပ်ဖြစ်တယ်လို့ပြောထားပါတယ်။
*Charm 4
ဒီဆုတောင်းနည်းလေးကတော့အခုလက်ရှိကိုယ်ရောက်နေတဲ့အခြေအနေကို ပြောင်းလဲချင်တဲ့သူတွေအတွက်ပါ။အုန်းဆီအနည်းငယ်ကို တံခါးလက်ကိုင်မှာသုတ်လိုက်ပါ။ပြီးရင် ကိုယ်ဖြစ်ချင်တဲ့ဆုတောင်းကိုရွတ်ရင်းတံခါးကိုဖွင့်လိုက်ပါတဲ့။အဲ့ဒါဆို ကိုယ်ဖွင့်လိုက်တဲ့တံခါးကနေ ကံကောင်းခြင်းတွေရောက်လာမယ်လို့အယူအဆရှိပါတယ်။
*Charm 5
ဒီတစ်ခါပြောမယ့်ဆုတောင်းနည်းကတော့ ကိုယ့်ဆုတောင်းက ဘယ်အချိန်ပြည့်ပြည့်ရတယ်၊စောင့်နိုင်တယ်ဆိုတဲ့သူတွေအတွက်အဆင်ပြေမယ့်နည်းလေးပါ။တနင်္ဂနွေနေ့တိုင်း စာရွက်တစ်ရွက်ပေါ်မှာ ကိုယ့်ဆုတောင်းတစ်ခုချရေးပါ။ပြီးရင် ဘူးသေးလေးထဲထည့်ပါ။အပတ်စဉ်တနင်္ဂနွေနေ့တိုင်း
ရေးပြီးအဲ့ဘူးလေးထဲပဲထည့်ရမှာနော်။အပတ်ရေများလာလေ ကိုယ့်မှာစွမ်းအားတွေပိုရှိလာလေဖြစ်ပြီး နောက်ဆုံးမှာ ဆုတောင်းတွေပြည့်လာပါလိမ့်မယ်။တူညီတဲ့ဆုတစ်ခုတည်းကိုပဲအပတ်တိုင်းချရေးရမှာနော်။
*Charm 6
နောက်ဆုံးနည်းလမ်းလေးကလည်းရိုးရိုးရှင်းရှင်းလေးပါပဲ။အဖြူရောင်စာရွက်အစားငွေရောင်စာရွက်ကိုသုံးပေးရမှာပါ။ပီကေစားရင် ပါတဲ့ငွေရောင်စက္ကူလေးကိုယူထားလိုက်ပါ။ပြီးရင်အဖြူရောင်ဘက်ခြမ်းမှာ ကိုယ့်ဆုတောင်းလေးချရေးပြီးအဲ့ဒါလေးကိုသေချာသိမ်းထားပါ။ဒါက တကယ်ရောဟုတ်ရဲ့လားလို့ သံသယဖြစ်နိုင်ပါတယ်။ဒါပေမဲ့ သင်သာ စူးစူးနစ်နစ်ယုံကြည်ထားမယ်ဆိုရင် ဒီငွေရောင်စက္ကူလေးကသင့်ဆုတောင်းကိုဖြည့်ပေးပါလိ့မ်မယ်။
ကံကောင်းစေတဲ့အဆောင်လေးတွေ၊အပြုအမူလေးတွေက ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို ပိုပြီးဖြစ်ချင်လာအောင်ပံ့ပိုးပေးပါတယ်။ဘာရယ်မဟုတ်စိတ်ထဲဆုတောင်းလိုက်တာနဲ့စာရင် ဒီလို Charm လေးတွေလုပ်တာက ကိုယ့်ယုံကြည်ချက်ကိုပိုပြီးပြင်းထန်စေပြီး ဆုတောင်းတွေတကယ်ဖြစ်လာစေနိုင်တဲ့အတွက် စမ်းပြီးလုပ်ကြည့်ကြပေါ့
Unicode
*Charm 1
ဒါက အရိုးရှင်းဆုံးနဲ့အထိရောက်ဆုံးလို့ပြောလို့ရပါတယ်။လူတိုင်းမှ ာမသိစိတ်စွမ်းအားဆိုတာရှိတဲ့အတွက် သူ့အချိန်တန်တဲ့အခါထိရောက်မှုပိုရှိပါတယ်။သင်လုပ်ရမှာက ညအိပ်ရာမဝင်ခင် စိတ်ထဲကနေ နက်နက်နဲနဲဆုတောင်းဖို့ပါပဲ။ပြီးရင် ကိုယ့်ဆုတောင်းတွေတကယ်ဖြစ်လာပြီဆိုတဲ့အကြောင်း စိတ်ကူးယဉ်ကြည့်ပါ။
*Charm 2
ဒိုင်ယာရီစာအုပ်နဲ့ဆုတောင်းကြည့်ပါ။ “Prayer diary”ဆိုတာမျိုးရှိပါတယ်တဲ့။သင်လုပ်ရမှာက ဒိုင်ယာရီစာအုပ်တစ်ခုကိုယူ၊ပြီးရင် အဲ့ဒီထဲမှာ သင့်ရဲ့ဆုတောင်းတွေတကယ်ဖြစ်လာတဲ့ပုံစံချရေးပါ။ဥပမာ “ရုတ်တရက် ငွေတွေအများကြီးရလာပြီး လိုချင်တာတွေဝယ်ခဲ့၊စားချင်တာတွေစားခဲ့ရတယ်”
ဆိုတာမျိုး။ကိုုယ်ဖြစ်ချင်တာတွေတကယ်ဖြစ်လာတဲ့အတိုင်း၊ဖြစ်ချင်တဲ့အတိုင်း ချရေးပါ။အဲ့ဒီစာအုပ်ကိုသေချာဂရုတစိုက်သိမ်းပါ။
*Charm 3
ဒါကတော့ အဖြူရောင်ငှက်မွှေးလေးတွေ့ရင်ဆောင်ထားဖို့ပါ။အဖြူရောင်ငှက်မွှေးရှာတွေ့ဖို့မလွယ်ဘူးဆိုပေမဲ့ တွေ့လာခဲ့ရင် အဲ့ဒီငှက်မွှေးလေးကိုလက်ဖဝါးထဲထည့်၊ပြီးရင် “ငှက်မွှေးနတ်သမီးလေးရေ ကျွန်တော့်ဆန္ဒတွေခင်ဗျားကိုပို့လိုက်ပြီ”လို့ပြောပြီး ကောင်းကင်ပေါ်ကိုမှုတ်ထုတ်လိုက်ပါ။ကြားရတာ ကလေးဆန်ချင်ဆန်နေလိမ့်မယ်ဆိုပေမဲ့ ကိုယ်မမြင်ရတဲ့အရာ၊နားမလည်နိုင်တဲ့အရာတွေအများကြီးပါ။ဒီငှက်မွှေးလေးကနေတစ်ဆင့် သင့်ဆန္ဒတွေကိုနတ်သမီးလေးတွေကြားသွားပြီးဖြည့်ဆည်းပေးပါလိမ့်မယ်တဲ့။မယုံနိုင်စရာကောင်းပေမဲ့ ဒီဆုတောင်းနည်းလေးက အလုပ်ဖြစ်တယ်လို့ပြောထားပါတယ်။
*Charm 4
ဒီဆုတောင်းနည်းလေးကတော့ အခုလက်ရှိကိုယ်ရောက်နေတဲ့အခြေအနေကို ပြောင်းလဲချင်တဲ့သူတွေအတွက်ပါ။အုန်းဆီအနည်းငယ်ကို တံခါးလက်ကိုင်မှာသုတ်လိုက်ပါ။ပြီးရင် ကိုယ်ဖြစ်ချင်တဲ့ဆုတောင်းကိုရွတ်ရင်းတံခါးကိုဖွင့်လိုက်ပါတဲ့။အဲ့ဒါဆို ကိုယ်ဖွင့်လိုက်တဲ့တံခါးကနေ ကံကောင်းခြင်းတွေရောက်လာမယ်လို့အယူအဆရှိပါတယ်။
*Charm 5
ဒီတစ်ခါပြောမယ့်ဆုတောင်းနည်းကတော့ ကိုယ့်ဆုတောင်းက ဘယ်အချိန်ပြည့်ပြည့်ရတယ်၊စောင့်နိုင်တယ်ဆိုတဲ့သူတွေအတွက်အဆင်ပြေမယ့်နည်းလေးပါ။တနင်္ဂနွေနေ့တိုင်း စာရွက်တစ်ရွက်ပေါ်မှာ ကိုယ့်ဆုတောင်းတစ်ခုချရေးပါ။ပြီးရင် ဘူးသေးလေးထဲထည့်ပါ။အပတ်စဉ်တနင်္ဂနွေနေ့တိုင်း
ရေးပြီးအဲ့ဘူးလေးထဲပဲထည့်ရမှာနော်။အပတ်ရေများလာလေ ကိုယ့်မှာစွမ်းအားတွေပိုရှိလာလေဖြစ်ပြီး နောက်ဆုံးမှာ ဆုတောင်းတွေပြည့်လာပါလိမ့်မယ်။တူညီတဲ့ဆုတစ်ခုတည်းကိုပဲ အပတ်တိုင်းချရေးရမှာနော်။
*Charm 6
နောက်ဆုံးနည်းလမ်းလေးကလည်းရိုးရိုးရှင်းရှင်းလေးပါပဲ။အဖြူရောင်စာရွက်အစားငွေရောင်စာရွက်ကိုသုံးပေးရမှာပါ။ပီကေစားရင် ပါတဲ့ငွေရောင်စက္ကူလေးကိုယူထားလိုက်ပါ။ပြီးရင် အဖြူရောင်ဘက်ခြမ်းမှာ ကိုယ့်ဆုတောင်းလေးချရေးပြီး အဲ့ဒါလေးကိုသေချာသိမ်းထားပါ။ဒါက တကယ်ရောဟုတ်ရဲ့လားလို့ သံသယဖြစ်နိုင်ပါတယ်။ဒါပေမဲ့ သင်သာ စူးစူးနစ်နစ်ယုံကြည်ထားမယ်ဆိုရင် ဒီငွေရောင်စက္ကူလေးကသင့်ဆုတောင်းကိုဖြည့်ပေးပါလိ့မ်မယ်။
ကံကောင်းစေတဲ့အဆောင်လေးတွေ၊အပြုအမူလေးတွေက ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို ပိုပြီးဖြစ်ချင်လာအောင်ပံ့ပိုးပေးပါတယ်။ဘာရယ်မဟုတ်စိတ်ထဲဆုတောင်းလိုက်တာနဲ့စာရင် ဒီလို Charm လေးတွေလုပ်တာက ကိုယ့်ယုံကြည်ချက်ကိုပိုပြီးပြင်းထန်စေပြီး ဆုတောင်းတွေတကယ်ဖြစ်လာစေနိုင်တဲ့အတွက် စမ်းပြီးလုပ်ကြည့်ကြပေါ့