အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွား လာစေရန်နှင့် တက္ကသိုလ်ကျောင်းသားများ ၏ တီထွင်ဖန်တီးမှု ပရောဂျက်များကို ပြသရန် ရည်ရွယ်ပြီး မော်လမြိုင်နည်းပညာတက္ကသိုလ် တွင် "ဆန်းသစ်တီထွင်ဖန်တီးရန်အနာဂတ်အတွက်မနက်ဖြန် (Students Fair and Career Development) ပွဲကို ဇန်နဝါရီ ၂၆ ရက် မှ ၂၇ ရက်အထိ နှစ်ရက်တာ ကျင်းပ မည်ဖြစ်ကြောင်း ပွဲကျင်းပရေး တာဝန်ခံများ ထံမှ သိရသည်။
Students Fair and Career Development မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုစိုင်းပြည့်စုံသူက "ကျောင်းသား ကျောင်းသူ တွေ လေ့လာဆန်းသစ်တီထွင်ထားတဲ့ ပရောဂျက် တွေကို ပြသမှာဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျောင်းသားကျောင်းသူတွေရဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လင်းလာမယ်။ နယ်ပယ်အသီးသီးက ပညာရှင်တွေက သူတို့အတွေ့အကြုံတွေကို ဆွေး နွေးဖလှယ်ပေး မယ်။ ကိုယ့်အတွက်အခွင့်အလမ်းတွေအများ ကြီးရစေတဲ့အတွက် လာတက်သင့်တယ်" ဟု ပြောဆိုသည်။
ထောက်ပံ့
အဆိုပါအခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး မွန်ပြည်နယ်အစိုးရက လည်း ကျပ် ၇၅ သိန်းထောက်ပံ့ထားသည့်အပြင် မွန်ပြည်နယ်အတွင်းမှ စီးပွားရေးလုပ် ငန်းရှင်များနှင့် သာသနာနွယ်ဖောင်ဒေးရှင်း မှလည်း ကူညီထောက်ပံ့ပေးထားကြောင်း သိရသည်။
ပြသမည့် ပရောဂျက် ၄၄ ခု ရှိပြီး ကွန်ပျူ တာဘာသာရပ်၊ မြို့ပြအင်ဂျင်နီယာဘာသာ ရပ်၊ လျှပ်စစ်စွမ်းအား၊အီလက်ထရွန်နစ်၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး စသည့် ဘာသာရပ်ပိုင်းဆိုင်ရာ တီထွင်မှုများ ကို ပြသမည်ဖြစ်ပြီးအလုပ်အကိုင်အခွင့်အလမ်းအတွက် ဆွေးနွေးကြရန်လည်းရှိ ကြောင်း သိရသည်။