![]()
ဒီနှစ်တွေမှာ မြန်မာနိုင်ငံတစ်ဝန်း လူမှုကွန်ယက်ဖေ့ဘွတ်ခ် စာမျက်နှာကို ကြားခံပြီး နာမည်ကြီးလာကာ လူသိများလာတဲ့ သူတွေ ဒုနဲ့ဒေးပါပဲ။လူအများကြားမှာရေပန်းစားကျော်ကြားနေတဲ့ ထူးခြားမှုများစွာထဲကမှ ပဲခူးမြို့မှ မိန်းကလေး မစုမို့မို့နိုင်က သူမရဲ့ သေးသိမ်လွန်းတဲ့ ခါးကြောင့် လူသိများလာသူတစ်ယောက်ဖြစ်ပါတယ်။ ‘ခါးသေးရင်ချီ’ ယဉ်တစ်ကိုယ်မယ်အလှကို ပိုင်ဆိုင်ထားတဲ့ မစုမို့မို့နိုင်ဟာ ပဲခူးမြို့ ပဲခူးတက္ကသိုလ်မှာ ရုက္ခဗေဒအထူးပြုဘာသာရပ်နဲ့ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ဦးပဲဖြစ်ပါတယ်။
သူမရဲ့ သေးသိမ်လွန်းတဲ့ ခါးကြောင့်လူတွေက သူမကို ‘ပုရွက်ဆိတ်’ နဲ့ နှိုင်းယှဉ် တုဆပြီး ပုရွက်ဆိတ်ခါးလို့တင်စားခေါ်ဝေါ်ကြပါတယ်။
ခါးသေးရင်ချီအလှနဲ့ လှသွေးကြွယ်နေတဲ့ မစုမို့မို့နိုင်ဟာ သူမနဲ့ လိုက်ဖက်တဲ့ မြန်မာဝတ်စုံ လှလှလေးတွေကိုဝတ်ဆင်လေ့ရှိပါတယ်။ မြန်မာဝတ်စုံဆိုတာကလဲ ခါးတုတ်ပြီး ဗိုက်ပူတဲ့လူတွေဝတ်ရင်အမြင်မှာအဆင်သိပ်မချောဘူးမဟုတ်ပါလား။ ခါးသေးတဲ့ လူဝတ်တော့ သူ့ဖက်ရှင်နဲ့ သူတင့်တယ်ပြီးအမြင်ဆန်းလို့ နေပါတယ်။
မစုမို့မို့နိုင်ကလဲ သူမကိုအားပေးတဲ့ပရိတ်သတ်တွေအတွက် သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ပုံလေးတွေတင်ပေးလေ့ရှိပါတယ်။
ခါးသေးသိမ်လှတဲ့ ကိုယ်ခန္ဓာအလှကိုပေါ်စေတဲ့ မြန်မာဝတ်စုံအဆန်းလေးတွေကို ဝတ်စားဆင်ယင်တတ်တဲ့သူမဟာ သနပ်ခါးလိမ်းရတာကြိုက်သူတစ်ယောက်ဆိုတာ သူမတင်ထားတဲ့ ဓာတ်ပုံတွေကိုကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။
ပရိတ်သတ်ကြီးရေ မစုမို့မို့နိုင်ရဲ့ ထူးခြားဆန်းပြားတဲ့အလှတရားတွေကို သဘောကျနှစ်သက်မိတယ်ဆိုရင် like&share လုပ်ဖို့လဲမမေ့နဲ့ဦးနော်။