![]()
နခြည်ဦးလို့ဆိုလိုက်တာနဲ့ သူမရဲ့အောင်မြင်မှုတွေနဲ့အတူ ဂယက်တွေ၊ Troll တွေကိုပါ တစ်သီတစ်သန်းထဲ လိုက်ပါလာအောင် ဆွဲဆောင်နိုင်သူတစ်ယောက်ကို ပြေးမြင်မိမှာပါ...အမြဲဆိုသလို ဟန်ဆောင်မှုမရှိ သွက်လက်တက်ကြွစွာပြုံးပျော်နေတတ်တဲ့ Chi Chi ကတော့ မိန်းကလေးပရိသတ်တွေရဲ့အခိုင်အမာချစ်ခင်အားပေးမှုတွေကိုအပြည့်အဝရရှိထားသူတစ်ယောက်လဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ (၂၆) နှစ်အရွယ်အောင်မြင်မှုများစွာကိုပိုင်ဆိုင်ထားပြီဖြစ်တဲ့ခြည်ခြည်ကအတိတ်ကာလ (၁၆) နှစ်သမီးအရွယ်က နေခြည်ဦးကိုအနာဂတ်အတွက် သတိပေးစာလေးတစ်စောင် ရေးသားလိုက်ပါတယ်။
“သို့ 16 နှစ်အရွယ်ရောက် မနေခြည်ဦး ….
ဆယ်တန်းပြီးပြီဆိုတော့အခုအချိန်မှာ "လွတ်လပ်ပြီကွ" လို့မင်းတွေးနေမယ်ဆို....
အင်းးးးးး ၃၀% လောက်တော့ မင်းရဲ့အဖေနဲ့အမေက လွတ်လပ်ခွင့်ပေးလိုက်တာတော့အမှန်ဘဲကွာ။ ဒါတောင်မင်းဘဝက နိုင်ငံခြားကားတွေမှာလို မဟုတ်သေးဘူးဟေးးး။ ဘွဲ့ရပြီးမှ ဘဝတိုက်ပွဲတွေတန်းစီလာလိမ့်မယ်။ ဒါနဲ့ ဆရာမ ET မင်းကို ၈ တန်းတုန်းကပြောခဲ့တာ မှတ်မိလား "ဆယ်တန်းမှာ ဂုဏ်ထူး ၄ ဘာသာပါမယ်" ဆိုတာလေ။ မင်းတောင် ၄ လုံးဘဲပါမယ်ပြောလို့ ဗေဒင်ဆရာမကို စိတ်ဆိုးသေးတယ်လေ၊ ဆိုးမနေနဲ့ တကယ် လေးလုံးဘဲထွက်တယ်။ စာမလုပ်ဘဲအပျင်းတစ်နေခဲ့တာကိုး ၂၆အထိလည်း မင်းအပျင်းရောဂါက ပါလာတုန်းပါဘဲ။ မင်းကသိပ်ခေါင်းမာတာဘဲ တော်လည်းတော်ပါတယ်၊ စာပေဘက်မှာတော့ မင်းအရမ်းမထူးချွန်တော့ပေမယ့် ဖြတ်ထိုးဉာဏ်တော့ ကောင်းသား။ ဆေးလိပ်မသောက်နဲ့ ပြောစရာမလိုဘူး မင်းမသောက်ဘူး...မင်းအရက်တော့ လျှော့သောက်ကွာ မိန်းကလေးဖြစ်ပြီး ထမ်းထုတ်ရတဲ့အခေါက်တွေမနည်းဘူး။ သူငယ်ချင်းတွေလည်း မင်းအပေါ်အရမ်းကောင်းပါတယ်။ မင်းက ဆိုးတဲ့သူတွေအသိုင်းအဝိုင်းနဲ့တွေ့ခဲ့တယ်။ ဒါပေမယ့် သူတို့က မင်းကို ချောက်ထဲအတူဆွဲမခေါ်ခဲ့ဘူး။ မင်းဘဝမှာအတွေ့အကြုံအသစ်တွေအများကြီးရခဲ့တယ်။”
“နိုင်ငံခြားမှာ ကျောင်းသွားတက်ရင် မင်း social activities တွေ
ပိုလုပ်ခဲ့ကွာ school club တွေဝင် join ကျောင်းပြီးအခန်းပြန်အိပ်မနေနဲ့ကြားလား။
ပြီးတော့ စာအုပ်ဖတ်တဲ့အကျင့်လုပ်။အားရင် စာဖတ်။ ရည်းစားကို တက္ကသိုလ်ရောက်မှထားပါကွာ။ မင်းအဲ့မတိုင်ခင်က တော်တော်ဆိုးတာကွ ဒါပေမယ့် မင်းကံကောင်းသွားတာတွေအများကြီးဘဲ။ မိဘကို မင်းနားမလည်ပေးခဲ့ဘူး။ မင်း ဟိုမှာ ပိုက်ဆံတွေလိမ်ညာတောင်းပြီး shopping တွေထွက်ခဲ့တယ်။အဲ့တုန်းက ကိုယ့်ကိုယ်ကို နာမည်ကြီးလှပြီ ထင်ရင်မှားသွားလိမ့်မယ်ဟေ့။ မင်းလိုချင်တဲ့ attention တို့ လူတိုင်းမင်းအကြောင်းစိတ်ဝင်စားတာတ်ု့က ၂၅ နှစ်ရောက်ရင် ဖြစ်လာလိမ့်မယ်။ ငါပြောတာကိုယုံ။ အဲ့ဒါမတိုင်ခင်တော့ မင်း မင်းမိဘကို မနှိပ်စက်ပါနဲ့ သူတို့ကမင်းကို ပညာတတ်စေချင်လွန်းလို့အမျိုးတွေဆီက မျက်နှာငယ်လေးနဲ့ ပိုက်ဆံချီးပြီး ကျောင်းပို့ပေးထားတာ။ ဒါတွေကို မင်းအားငယ်မှာ စိုးလို့ ထုတ်မပြောခဲ့ဘူး။ ဒါကို မင်းကအလိုက်ကန်းဆိုး မသိခဲ့ဘူးလေ။ part-time စောစောဝင်လုပ် ဟိုမှာလစာကောင်းတယ်။”
“မေဂျာရွေးရင် သူများစောက်ထင်ကြီးအောင်ဆိုပြီး ကိုယ့်နိုင်ငံမှာ သုံးလို့မရတဲ့ ဘာသာတွေမယူပါနဲ့ကွာ။ ဘွဲ့ရပြီး မင်းတစ်နှစ်လောက်လေနေသေးတာ။ finance business management accountingအဲ့ဒါတွေတက်ခဲ့။ မင်းက သင်္ချာအရမ်းတော်တယ်။အဲ့တော့ finance ယူကြားလား။ ကျောင်းကောင်းစရာမလိုဘူး။အဓိကက ဘွဲ့ရဖို့လိုတယ်။ ကိုယ်က မြန်မာနိုင်ငံပြန်မယ့်သူ oxford ကပြီးလည်း မင်းကို ရန်ကုန်မှာ နှစ်ဆမပေးဘူး။အချစ်ကို မကိုးကွယ်လိုက်ပါနဲ့ မယ်မင်းကြီးမရေ။ ကိုယ့်ကိုယ်ကိုပိုချစ်လိုက်စမ်းပါ။မင်းအသဲတွေကွဲဦးမှာ ဒါပေမယ့် ခဏပါဘဲ။ ဘယ်သူဘယ်သူနဲ့ ကြိုက်လို့ ငါမပြောချင်ဘူး ဘာလို့လဲဆိုတာ မင်းက မင်းဘဝမှာအမှားတစ်ခု လုပ်မိတိုင်း ပိုပို strong ဖြစ်လာတယ်။ မင်းရဲ့ mistakes ကိုမင်းသေချာ learn ပြီးကောင်းကောင်းအသုံးချနိုင်ခဲ့တယ်။အဲ့တော့ မှားပလိုက်။ that will make you a better and stronger person! ဘဝမှာအကောင်းဆုံးယောက်ျားက မင်းအဖေဘဲ။ သူ့ကို ငိုအောင်တွေမလုပ်ပါနဲ့ဟာ။ သူကမင်းအရှေ့က မားမားကြီးရပ်နေပေးမယ့် တစ်ဦးတည်းသော ယောက်ျားပါ။ ဘာသာရေးများများလုပ်ခဲ့ပေးစမ်းပါဟာ။ ငါအခုဆိုတော်တော်လိုက်နေရတာဟ။ မေတ္တာသုတ်ရွတ်တဲ့အကျင့်တွေ ပါရဟိတအလုပ်တွေ များများလုပ်ပါ။ ပိုုက်ဆံစုတဲ့အကျင့်စလုပ်ပါ။ မစုတတ်ရင် dollars တွေဝယ်ထား ဘာမှမလုပ်နဲ့ ဒီအတိုင်းထား ပိုဆိုးပက်သက်မြတ်လိမ့်မယ်။”
“အားကစားလဲ လုပ်ပါ။ မင်းကခြေသလုံးတွေ ပေါင်တွေကြီးတယ် ပြီးရင် ဝတ်ချင်တော့ ဘောင်းဘီတိုလေးတွေ gym ဆော့တာပုံမှန်လေးလုပ်။ မင်းက သူငယ်ချင်းတွေကို လွှမ်းမိုးနိုင်တယ်။ တစ်ခါတစ်လေ you have to let it go. ကိုယ့်လို သူများကတွေးချင်မှတွေးတာအဲ့တော့ တစ်ပါးသူအတွက်အရမ်း လိုက်စဉ်းစား လိုက်ပြောပေးမနေနဲ့ သူတို့ကျေးဇူးအတင်ခံရတာအသားထားဦး ကိုယ်ပြောလိုက်လည်း လုပ်ချင်တာ လုပ်တဲ့ ဘောဒါတွေကြီးဘဲ မင်းမှာ။ မင်းဘဝမှာအခု ၁၆ နှစ်အချိန်မှာ ဘာလုပ်ရမှန်းမသိဖြစ်နေလိမ့်မယ်။ ဘွဲ့အကြီးကြီးရချင်တယ်။အလုပ်ကြီးတစ်ခုရချင်တယ်။ မိဘကို မျက်နှာမငယ်စေချင်ဘူး ဒါပေမယ့် ဘယ်ကစရမှန်းမသိဘူးမှတ်လား။ မပူနဲ့ မင်းဘေးက all D နဲ့အောင်ပြီး မင်းအမေကို ခနဲ့ သွားတဲ့ဟာတွေလည်း future မှာ စုတ်ပြတ်သတ်။ တိုင်းပြည်က ထင်သလောက်မတိုးတက်သေးဘူးကွာ သိလား။ ချမ်းသာချင်လား ငါပြောတဲ့အချက်တွေမှတ်ထားအောက်ကျတတ်ရမယ်၊ သည်းခံတတ်ရမယ်...အခွင့်ရတိုင်းအသုံးချတတ်ရမယ်၊ လည်ရမယ် ရဲရမယ်၊ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းရဲရမယ်။ ငယ်လို့သမီးက မလုပ်တတ်ဘူး မလုပ်ရဲဘူးတို့ ဖေဖေက သူဌေးတို့ သွားစမ်းပါ ဒိုး !!!!!!!!!”
“ကိုယ့်ခြေထောက်ပေါ်ကိုယ် စောစောရပ်နိုင်တဲ့နေ့ မင်းစောစောချမ်းသာတဲ့နေ့ဘဲမှတ်ထား။ ဒီစာလေးဖတ်ရလို့ မင်းအတွက်အထောက်အကူ တစ်ခုခုဖြစ်ရင်ကို တော်ပါပြီကွာ။ မင်းငါပြောတာလေးတွေပြင်နိုင်ရင်တော့ ငါအခု ၂၆ မှာအောင်မြင်နေတာထက် ပိုအောင်မြင်မှာ သေချာပါတယ်။ မောင်လေးညီမလေးကိုလည်း ဂရုပိုစိုက်ကွာ မင်းမောင်လေးက မင်းကိုတော်တော်ချစ်တာကွ။ သူ့ကို စိတ်ဒါဏ်ရာတွေမပေးဖြစ်အောင် ကြိုးစားပါ။ သူကအမှတ်ကြီးတယ်။ ကဲစာလည်းရှည်ပြီ။ ငါသွားတော့မယ်။
P.S >> မင်းက ကြီးလာလည်းမချောဘူး ဆုတောင်းမနေနဲ့အဲ့တော့ ပြင်မယ်ဆို ၁၈ လောက်ထဲကအိမ်ကိုပူဆာလိုက် နှာခေါင်းဘဲပြင်။အမှတ်ကိုလည်း laser နဲ့ဖြတ်မနေနဲ့။ မင်း signature ဖြစ်လာလိမ့်မယ်။” ဆိုကာအတိတ်ကကောင်မလေးတစ်ယောက်ရဲ့အနာဂတ်ဘဝမှာ ဖြစ်တည်လာမှာတွေကို သတိပေးတဲ့အနေနဲ့ရေးသားထားခြင်းဖြစ်ကာ လူငယ်တွေအတွက် တစ်ထောင့်တစ်နေရကနေ စိတ်ဓာတ်ခွန်အားပေးနိုင်အောင် ရေးသားလိုက်တာဖြစ်ပါတယ်…