![]()
စင်ကာပူနိုင်ငံ၏အကောင်းဆုံး ပုဂ္ဂလိကကျောင်းကြီး စာရင်းတွင် ပါဝင်ရုံသာမက Asia One People’s Choice Award ဆုကို ၄ ကြိမ်တိုင်တိုင်ရရှိထားသည့် စင်ကာပူ နိုင်ငံရှိ Kaplan Higher Education Academy ၏ Kaplan’s Info & Admissions Day ကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
မတ်လ (၉) ရက်၊ စနေနေ့၊ မနက် ၁၀း၃၀ မှ ညနေ ၄း၃၀ ထိ AT&S (နိုင်ငံတကာပညာ ရေးဝန်ဆောင်မှုကုမ္ပဏီ)အဆောင်-၅၊အခန်း-၄၊ MICT Park၊ လှိုင်မြို့နယ်တွင် ပြုလုပ်မည်ဖြစ်သည်။
စင်ကာပူ Kaplan သည် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များမှ ဘွဲ့ဒီဂရီများကိုအချိန်ကုန် ငွေကုန် သက်သာစွာဖြင့်ရယူနိုင်သည့် ပညာရေးလမ်းကြောင်းမျာဖြင့်း သင်ကြားပေးနေသည့် ကျောင်းဖြစ်သည်။
Kaplan သည် ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် တက္ကသိုလ်ကြီးများဖြစ်သည့် သြစတြေးလျ၏ Murdoch University၊အင်္ဂလန်၏ Royal Holloway University ၊ Northumbria University၊ University of Essex ၊ University of Portsmouth ၊အိုင်ယာလန်နိုင်ငံ၏ University College Dublin (UCD) တို့ဖြင့်ချိတ်ဆက်ကာ နိုင်ငံတကာအဆင့်မှီ ဘွဲ့ဒီဂရီများ ကိုလည်း ပေးအပ် လျှက်ရှိပါသည်။
မြန်မာ ၁၀တန်းများ၊ တက္ကသိုလ်ပထမနှစ် ပြီးထားသူများအတွက် (၈) လအတွင်း ဒီပလိုမာဘွဲ့ ရယူနိုင်မည့် ဘာသာရပ်များအကြောင်း ၊ HNDပြီးဆုံးထားသူများသည် ၁၂ လ (သို့မဟုတ်) ၁၆ လ တက်ရောက်အတွင်း ဘွဲ့ဒီဂရီ ရနိုင်သည့်အခွင့်အလမ်းများ၊အင်္ဂလန်၊ သြစတေးလျနှင့်အိုင်ယာ လန်တက္ကသိုလ်များမှ ပေးအပ်သော ဘွဲ့ဒီဂရီများကို ၁၆ လ (သို့) ၂၄ လ တက်ရုံဖြင့် ဘွဲ့ဒီဂရီ ရရှိနိုင်မည့်လမ်း ကြောင်းများ၊ စီးပွားရေးဆိုင်ရာ မဟာသိပ္ပံဘွဲ့ ဒီဂရီအမျိုးမျိုးတို့ကို (၁) နှစ်အတွင်း ရယူနိုင်သည့်အကြောင်းများကို ရှင်းလင်းပြောကြား ပေးမည်ဖြစ်သည်။
ဟိုတယ်နှင့် ဧည့်လုပ်ငန်းစီမံခန့်ခွဲမှု ဘွဲ့ဒီဂရီရယူလိုသူများအတွက် Kaplan ဒီပလိုမာ (၈) လ မှတဆင့် ဆွစ်ဇာလန် နိုင်ငံတွင် ဖွင့်လှစ်ထားသော Business and Hotel Management School တွင် စာတွေ့ (၆) လ နှင့် လက်တွေ့ (၆) လ ပေါင်းစပ်သင်ကြားပေးသည့် ဘွဲ့ဒီဂရီအကြော်ငးကိုလည်းပြောကြားပေးမည်ဖြစ်သည်။
Kaplan ကျောင်းတွင် စီးပွားရေး၊ စီမံခန့်ခွဲမှု၊ စာရင်းကိုင်၊ သတင်းအချက်အလက်နှင့် နည်းပညာ၊အိုင်တီ၊ ဟိုတယ်နှင့်ခရီးသွား၊ လူမှုရေးသိပ္ပံ ၊ ဥပဒေ ပညာရပ်အစရှိသည့် ဘာသာရပ်ပေါင်းစုံကို တက်ရောက် သင်ကြားနိုင်မည်ဖြစ်ပါသည်။ သီးသန့် (Single Major) သင်ယူခြင်းအပြင် ဘာသာရပ်နှစ်ခုကို ပေါင်းစပ်သင်ကြား ပေးသည့် ဘာသာရပ်နှစ်ခုတွဲ (Double Major) ကို ရွေးချယ် သင်ယူနိုင်မည်ဖြစ်သည်။
ယင်းနေ့တွင် ကျောင်းအပ် နှံပါက လေယာဉ်လက်မှတ် ( 1 way Ticket) ပေးခြင်း၊ ပညာရေးအထောက်အထား စာရွက်စာတမ်းများအားအခမဲ့ နိုတြီပြန်ပေးခြင်း စသည်တို့ကိုအထူးအစီအစဉ်အနေဖြင့် ဆောင်ရွက်ပေး မည်ဖြစ်ပါသည်။
AT&S (နိုင်ငံတကာပညာရေး ဝန်ဆောင်မှုကုမ္ပဏီ)အဆောင် (၅)၊အခန်း (၄)၊ မြန်မာအင်ဖိုတက် (ခ်)၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်း (၀၁-၆၅၂၃၂၀၊၀၉-၅၀၆၂၁၆၁၊ ၀၉-၇၇၇၂၂၃၂၂၅) များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။