TOP ကိုယ်ပိုင်အထက်တန်းကျောင်းမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာဒါန လျှောက်လွှာ ခေါ်ယူခြင်း
edge.com.mm
|
2019-02-26

၁။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာသင်ယူရန် ငွေကြေးအခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူများအားအကောင်းဆုံး ပညာသင်ကြားခွင့် ရရှိရန် မုံရွာမြို့ TOP ကိုယ်ပိုင်အထက်တန်းကျောင်းက ဆောင်ရွက်ပေးမည့် ပညာဒါနအစီအစဉ် ဖြစ်ပါသည်။

၂။ ပညာသင်ယူခွင့် လျှောက်ထားလိုသော ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ တက်ရောက် သင်ကြားမည့်အတန်းအသီသီး၌ ပညာသင်ယူရန်အမှန်တကယ်အခက်အခဲရှိသူ ဖြစ်ကြောင်း မိဘ (အုပ်ထိန်းသူ) ကိုယ်တိုင် တင်ပြကြရပါမည်။

၃။ လျှောက်ထားသူများသည် မိမိတို့၏ မိသားစု စီးပွားရေးအခြေအနေအရအမှန်တကယ် ပညာသင်ယူရန်အခက်အခဲရှိကြောင်းကို နောက်ဆုံး ပညာသင်ယူခဲ့သော ကျောင်းမှအတန်းပိုင် ဆရာ၊ ဆရာမ (သို့မဟုတ်) ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီး များ၏ ထောက်ခံချက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်များ ပူးတွဲတင်ပြရမည်။

၄။ လျှောက်ထားသူများသည် မိမိတို့ နောက်ဆုံးသင်ယူခဲ့သောအတန်းအသီးသီး၌ ပြဋ္ဌာန်းခဲ့သည့် (မြန်မာစာ၊အင်္ဂလိပ်စာ၊ သင်္ချာ) ဘာသာရပ်များနှင့် ဆက်နွှယ်သော မေးခွန်းများ စစ်မေးခြင်း၊ လူတွေ့စစ်ဆေးခြင်းများပြုလုပ်၍အတန်းတစ်တန်း လျှင် ကျား(၁)ဦး၊ မ(၁)ဦး စိစစ်ရွေးချယ်ပါမည်။

၅။ ရွေးချယ်ခံရသော ကျောင်းသား၊ ကျောင်းသူများသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စ၍ ပညာသင်ယူ နေစဉ် ကာလအတွင်း ကုန်ကျမည့် ပညာသင်စရိတ်များကို TOP ကိုယ်ပိုင်အထက်တန်းကျောင်းက တာဝန်ယူ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

၆။ TOP ကိုယ်ပိုင်အထက်တန်းကျောင်းက ဖွင့်လှစ်သင်ကြားမည့် ပဉ္စမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်း၊အဋ္ဌမတန်း၊ နဝမတန်း နှင့် ဒသမတန်းတို့တွင် ပညာသင်ယူရန်အခွင့်အလမ်း ရရှိမည်ဖြစ်ပါသည်။

၇။ ဤပညာသင်နှစ်တွင် လိမ္မာထူးချွန်စွာ ကြိုးစားအားထုတ်မည်ဆိုပါက နောင်လာမည့် ပညာသင်နှစ်အတွင်းတွင်အတန်းအသီးသီး၏ ပညာသင်ထောက်ပံ့စရိတ်များကို ဆက်လက်၍အကျိုးခံစားခွင့် ရရှိပါမည်။ ကြိုးစားအားထုတ်မှု မရှိခြင်း၊ လပတ် စာမေးပွဲများတွင် ကျရှုံးခြင်းတွေ့ရှိပါက ပညာဒါန ရပ်စဲခြင်းခံရပါမည်။

၈။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ထူးချွန်စွာအောင်မြင်၍အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားခွင့်ရရှိပါကလည်း ပညာသင်ယူနေစဉ် ကာလအတွင်း ကုန်ကျမည့် ပညာသင်ထောက်ပံ့ စရိတ်များကို ဆက်လက်၍ ပညာဒါန ပြုလုပ်ပေးရန် စီစဉ်ထားပါသည်။

၉။ ရွေးချယ်ခံရသော ကျောင်းသား၊ ကျောင်းသူများသည် ပညာသင်ယူနေစဉ် ကာလအတွင်းအကျင့် စာရိတ္တပျက်ပြားခြင်း၊ ကျောင်းစည်းကမ်း ချိုးဖောက်ခြင်းတို့ တွေ့ရှိရပါက ပညာဒါန ခံစားခွင့်ရပ်စဲ၍ ကျောင်းမှ ထုတ်ပယ်ခြင်းခံရပါမည်။

ပညာဒါနလျှောက်လွှာများကို ကျောင်းရုံးခန်းသို့ (ရုံးချိန်အတွင်း) လာရောက် ထုတ်ယူရပါမည်။

ဖြေဆိုမည့် နေ့ရက် - ၂၅-၃-၂၀၁၉ (တနင်္လာနေ့) နံနက်(၉:၀၀)နာရီမှ ညနေ(၄း၀၀)နာရီအထိ။

ပညာဒါန လျှောက်လွှာများကို မတ်လ (၂၀)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ လျှောက်ထားရမည်။







Some text some message..