M.Ed နှင့် M.Ed (Q) သင်တန်းတို့ကိုအခြေခံပညာကျောင်းအုပ်ကြီးများအား လျှောက်ထားခွင့်ပေးမည်မဟုတ်
edge.com.mm
|
2019-03-25

မဟာပညာရေးဘွဲ့နှင့် မဟာပညာရေးဘွဲ့ (အရည်အချင်းစစ်)သင်တန်းတို့ကိုအခြေခံပညာကျောင်းအုပ်ကြီးများအား လျှောက်ထားခွင့်ပေးမည် မဟုတ်ကြောင်းသိရသည်။


၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့တွင် ဖွင့်လှစ်မည့် မဟာပညာရေးဘွဲ့ (M.Ed) သင်တန်းနှင့်

မဟာပညာရေးဘွဲ့ (အရည်အချင်းစစ်) M.Ed (Q) သင်တန်း တို့ကို ဖွင့်လှစ်မည်ဖြစ်သည်။

ထိုသင်တန်းဝင်ခွင့် စာမေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပညာရေးဘွဲ့ရ ဆရာ၊ ဆရာမများ လျှောက်ထားနိုင်သော်လည်းအခြေခံပညာ ကျောင်းအုပ်ကြီးများ (ထက်၊ လယ်၊ မူ) တို့သည် ကျောင်းနှင့် ကင်းကွာ၍ မရသည့်အတွက် ပညာသင်နှစ်ကာလ ၃ နှစ်အတွက် ခွင့်မပြုကြောင်းအခြေခံပညာဦးစီးဌာနမှ သိရသည်။




READ - မဟာပညာရေးဘွဲ့ (အရည်အချင်းစစ်) M.Ed(Q) သင်တန်းဝင်ခွင့် စာမေးပွဲ လျှောက်လွှာခေါ်ယူခြင်း


"သင်တန်းကာလက ၃ နှစ်တက်ရတာဆိုတော့ ကျောင်းအုပ်တွေကအဲဒီလောက်အထိ တက်ဖို့ကျတော့အဆင်မပြေဘူး။ တချို့အကြောင်းအရာတွေကျတော့ ကျောင်းအုပ်တွေ ကိုယ်တိုင်လုပ်မှ ဖြစ်မယ့်ဟာမျိုးတွေ ရှိတယ်။ ကျောင်းအုပ်နဲ့ ဆရာအရေအတွက် နည်းတဲ့ ကျောင်းတွေကျတော့လည်း ကျောင်းအုပ်မရှိရင်အဆင်မပြေဘူး။အထူးသဖြင့် မူလတန်းကျောင်းတွေမှာဆိုရင် ကျောင်းအုပ်အပါအဝင်မှ ဆရာ ၄ယောက်ပဲရှိတာ" ဟု
ပြောသည်။

ထိုသင်တန်းကို ဦးစီးအရာရှိများ၊ ဒုတိယမြို့နယ်ပညာရေးမှူးများ၊ လက်ထောက်မြို့နယ်ပညာရေးမှူးများ၊ ဒု-ကြီးကြပ်ရေးမှူးများ၊ ဒု-ဦးစီးမှူးများ၊ ကွန်ပျူတာလုပ်ဆောင်ရေးမှူးများ၊ ပညာရေးဘွဲ့ရ ဆရာ၊ ဆရာမများ၊ ပညာရေး ဘွဲ့ရအမှုထမ်းများသည် ဦးစီးဌာန၊ ကျောင်းများ၏ ရုံးလုပ်ငန်း၊ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်အခက်အခဲမရှိ ပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး ပြည်နယ်နှင့် ဦးစီးဌာနအဆင့်ဆင့်၏ ခွင့်ပြုချက်များဖြင့် ဝင်ရောက်ဖြေဆိုခွင့်ပြုကြောင်း သိရသည်။

သင်တန်းတက်ရောက်ရန်အတွက် ခွင့်ပြုချက်များ တောင်းခံစေခြင်းမှာ ဝန်ထမ်းအင်အားအရ လုံလောက်ခြင်းမရှိသည့်နေရာများတွင်အခက်အခဲများ ရှိလာနိုင်သည့်အတွက် စိစစ်ခွင့်ပြုရန် ဖြစ်သည်။




READ - ရန်ကုန်ပညာရေးတက္ကသိုလ်အထက်ကျောင်းဝင်ခွင့်ကို တိုင်းဒေသကြီးအစိုးရ၏ သတ်မှတ်ချက်အတိုင်းသာ သတ်မှတ်မည်

source: deomcracy





Some text some message..