ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သူတွေ တယောက်တည်း နေထိုင်ရခြင်းအကြောင်းရင်းများ
popolay.com
|
2018-10-17

ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သူတွေ တယောက်တည်း နေထိုင်ရခြင်းအကြောင်းရင်းများ

လူတွေနဲ့အမြဲပေါင်းသင်းဆက်ဆံနေခြင်းဟာအမြဲလိုလိုတော့အကောင်းဆုံးတွေ ဖြစ်နေစေမှာမဟုတ်ပါဘူး။ လေ့လာတွေ့ရှိချက်အသစ်တွေအရဆိုရင်တော့ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သူအများစုဟာ လူတွေနဲ့အမြဲထိတွေ့ဆက်ဆံနေရတာကို မနှစ်သက်ကြဘဲ ဒါဟာအချိန်ကြာလာတာနဲ့အမျှ လူမှုဆက်ဆံရေးနယ်ပယ်မှာ မပျော်မရွှင်ဖြစ်လာစေတယ်လို့ ဆိုပါတယ်။







ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သူတွေအနေနဲ့ ဘာကြောင့် တယောက်တည်းနေထိုင်ကြရတာလဲဆိုတာကိုတော့ လေ့လာတွေ့ရှိချက်တွေမှာအခုလိုပဲ ဖော်ပြထားပါတယ်။

(၁) တယောက်တည်းနေထိုင်ခြင်းဟာ လူအများစုရဲ့အမြင်မှာတော့အထီးကျန်မှုကို ခံစားနေရလိမ့်မယ်လို့ ထင်မှတ် ကြပေမယ့် လေ့လာတွေ့ရှိချက်တွှေအရဆိုရင်တော့ တယောက်တည်းနေထိုင်ခြင်းဟာ သာမန်လူတွေထက် စိတ်ဖိစီးမှု ကင်းပြီး ပိုမိုပျော်ရွှင်ကြတယ်လို့ ဆိုပါတယ်။

ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သူတွေဟာဆိုရင်လည်း ရေရှည်ကို မျှော်တွေးတတ်ကြသူတွေဖြစ်တာကြောင့် ဒီအချက်အတိုင်းနေထိုင်ကြတာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

(၂) မိမိပတ်ဝန်းကျင်မှာ ပြစ်တင်ဝေဖန်နေသူတွေမရှိတာဟာအင်မတန်မှ နေပျော်စရာကောင်းတယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။ ပြစ်တင်ဝေဖန်မှုတွေကိုအားနာပြီး ဂရုစိုက်နေစရာမလိုတာကြောင့် ကိုယ်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းအကြောင်းအရာတွေပေါ်မှာ ပိုမိုအာရုံစိုက်နိုင်ပြီးအာရုံစူးစိုက်မှုအားကို ပိုမိုကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။

ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သူတွေဟာ လူမှုဆက်ဆံရေးနယ်ပယ်ရဲ့ လွှမ်းမိုးမှုကို မခံယူလိုတာကြောင့်လည်း တကိုယ်တည်းနေထိုင်ကြတာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အသစ်တွေက ဆိုပါတယ်။

(၃) တယောက်တည်းနေထိုင်ခြင်းဟာအစစအရာရာကို မိမိကိုယ်ကိုသာအားကိုးနေရမှာဖြစ်တာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးတက်လာစေပြီး ဉာဏ်ရည်ဉာဏ်ရည်ထက်မြက်သူတွေမှာလည်း ဒီအချက်နဲ့ပြည့်စုံကြပါတယ်။







မိမိလိုချင်တဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို တိတိကျကျသိမြင်နိုင်ပြီး ကိုယ်ကိုယ်တိုင်ဟာ ဘယ်လိုလူစားမျိုးလဲဆိုတာကိုပါ သိမြင်လာစေတာကြောင်လည်း ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သူတွေဟာ တကိုယ်တည်းနေထိုင်ကြတာ ဖြစ်ပါတယ်။

Ref irrawaddy










Some text some message..