သတင်းအချက်အလတ်နှင့်နည်းပညာတက္ကသိုလ်(UIT) ဝင်ခွင့်ရသူများထုတ်ပြန်
popolay.com
|
2018-09-18
၂၁၁၈-၂၀၁၉ ပညာသင်သစ်နှစ် သတင်းအချက်အလတ်နှင့်နည်းပညာတက္ကသိုလ်(UIT)သို့ ကျောင်းသား၊ ကျောင်းသူ ၂၃၂ ဦး ဝင်ခွင့်ဝင်ခွင့်ရရှိကြောင်း သတင်းအချက်အလက်နှင့််နည်းပညာတက္ကသိုလ် (UIT) ၏ ဝင်ခွင့်စာရင်းများ ကြေညာချက်အရ သိရသည်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ် သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ် ပထမနှစ်သင်တန်းအတွက် ဝင်ခွင့်လျှောက်လွှာများကို ဇွန် ၁၅ ရက်နေ့မှစပြီး စတင်ကာ ဇူလိုင်လ ၁၅ ရက်အထိ တက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားနိုင်ရန်ခေါ်ယူခဲ့ပြီး လျှောက်ထားသူစုစုပေါင်း ၂၁၈၅ ဦးအထိရှိခဲ့သည်။
အဆိုပါ လျှောက်ထားသူများထဲမှ ကျောင်းသား ကျောင်းသူ ၂၃၂ ဝင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ သတင်းအချက်အလတ်နှင့််နည်းပညာတက္ကသိုလ် (UIT)အနိမ့်ဆုံးဝင်ခွင့် ရမှတ်မှာ ၅၀၄ မှတ်ဖြစ်ပြီး၊အမှတ်အများဆုံးနှင့် ဝင်ခွင့်ရှိသူမှာ ၅၅၀ မှတ်ဖြစ်ပါသည်။
ဝင်ခွင့်ရရှိသူများထဲမှ UIT တွင် ကျောင်းအပ်နိုင်ခြင်းမရှိဘဲအခြားတက္ကသိုလ်သို့ တတ်ရောက်သွားပါက လစ်လပ်သွားသောနေရာများအတွက် ဝင်ခွင်ရရှိသူများကို ထပ်မံကြေညာသွားမည် ဖြစ်သည်။အဆိုပါတက္ကသိုလ်၏ ဝင်ခွင့်ရရှိသူများကို စက်တင်ဘာ ၁၇ ရက် မှအောက်တိုဘာ ၁၂ ရက် နောက်ဆုံးထားကာ ကျောင်းအပ်နှံရမည်ဖြစ်သည်။
UIT ၏ ပထမနှစ်သင်တန်းတွင် ကျောင်းသားကျောင်းသူ ၂၀၀ ဦး လက်ခံသင်ကြားပေးမည်ဖြစ်ပြီးအပ်နှံသောကျောင်းသားဦးရေ ၂၀၀ မပြည့်မှီပါက နောက်ဆက်တွဲ ဝင်ခွင့်ရသူများ စာရင်းကိုအဆိုပါတက္ကသိုလ်မှ ထပ်မံကြေညာသွားမည်ဖြစ်ကြောင်သိရှိရသည်။
#ဝင်ခွင့်
#တက္ကသိုလ်
#အလတ်
#ကျောင်းသူ
#နည်းပညာ
ဆောင်းပါးများ
Some text some message..