![]()
စပိန်နိုင်ငံရဲ့ နန်းညွန့်နန်းလျာကို ဆက်ခံမယ့် ပထမဆုံးတော်ဝင်မျိုးနွယ်ဘုရင်မလောင်းဟာ မင်းသမီးလေး လီယိုနော်ပဲဖြစ်ပါတယ်။ သူမကိုအောက်တိုဘာ(၃၁) ရက်နေ့ (၂၀၀၅) ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။အနာဂတ်ဘုရင်မအလောင်းအလျာဖြစ်တဲ့ လီယိုနော်ဟာ ဘုရင် ဖီလစ်ပီ(၆) နဲ့ ဘုရင်မ လက်တီဇီယာတို့ရဲ့ သမီးဦးလဲ ဖြစ်ပါတယ်။ သူမရဲ့ ဘွဲ့အမည်ကတော့ Princess of Asturias လို့သိရပါတယ်။ ဘုရင်မလက်တီဇီယာဟာ ကနဦးတုန်းက တီဗီသတင်းကြေညာသူ ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး (၂၀၀၄) ခုနှစ်မှာတော့အိမ်ရှေ့စံမင်းသား ဖီလစ်ပီ(၆) နဲ့ လက်ထပ်ခဲ့တာပါ။
![]()
instagram
လွန်ခဲ့တဲ့ ဆယ်စုနှစ်(၂) စုအတွင်းမှာ မွေးဖွားခဲ့ပြီး တစေ်န့မှာ မင်းသမီးတွေ၊ ဘုရင်မတွေကိုယ်စီဖြစ်လာမယ့် တော်ဝင်ရင်သွေးငယ်တွေထဲမှာတော့ လီယိုနော်ဟာ တစ်ဦးအပါအဝင်ပါ။ မင်းသမီးလီယိုနော်လေးဟာ ပရိသတ်ရဲ့မျက်စိနဲ့ မစိမ်းတော့တဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးလေးတစ်ပါး ဖြစ်ပါတယ်။ လီယိုနော်လေးဟာ (၂၀၀၆) ခုနှစ် ဇန်နဝါရီ(၁၄) ရက်တုန်းက မက်ဒရစ်မြို့ ဇာဇူလာ နန်းတော်ထဲက ဘုရားကျောင်းထဲမှာပဲ ခရစ်ယာန်နှစ်ခြင်းခံယူခဲ့ပါတယ်။
![]()
instagram
လီယိုနော်မှာ ညီမလေးတစ်ယောက် ရှိပါသေးတယ်။ ညီမလေးနာမည်ကတော့အင်ဖန်တာဆိုဖီယာဖြစ်ပြီး (၂၀၀၇) ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ မူလတန်းတက်နေတုန်းကတောင် ညီအစ်မနှစ်ယောက်စလုံးဟာအမွှာတွေလိုတူညီဝတ်စုံဝတ်ဆင်ပြီး ကျောင်းတက်ခဲ့ကြပါသေးတယ်။
![]()
instagram
လီယိုနော်နဲ့ သူမရဲ့ မိသားစုဝင်တွေဟာ မက်ဒရစ်ရဲ့အပြင်ဘက်မှာရှိတဲ့ ဇာဇူလာနန်းတော်မှာ နေထိုင်နေပါတယ်။ ဇာဇူလာနန်းတော်ဟာ (၁၈) ရာစုနှစ်ကတည်းက တည်ဆောက်ခဲ့တဲ့အဆောက်အဦးကြီးဖြစ်ပါတယ်။ မင်းသမီးလီယိုနော်လေးဟာ ဖခင်ငယ်စဉ်တုန်းက ကျောင်းတက်ခဲ့ဖူးတဲ့ ဆန်တာမာရီယာဒလို့စ်ရိုဆေးလ်ကျောင်းမှာပဲ ကျောင်းတက်နေပါတယ်။ လီယိုနော်ဟာအဖေတူသမီးတစ်ယောက်ဖြစ်ပြီး ဖခင်လိုမျိုး စူးစမ်းလေ့လာလိုစိတ်အပြည့်ရှိတဲ့အပြင် တာဝန်ယူတတ်ကာ လုံ့လစိုက်ထုတ်သူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။
![]()
instagram
မိဘတွေရဲ့စောင့်ရှောက်မှုအောက်မှာနေရင်း လီယိုနော်လေးဟာ သာမန်ကလေးတစ်ယောက်အတိုင်းပဲ ကြီးပြင်းလာခဲ့ရပါတယ်။ သူမအခန်းကို ညီမလေးနဲ့ မျှသုံးရတဲ့အပြင် တယ်လီဖုန်းလည်း မကိုင်ရသလို တီဗီအနည်းငယ်လောက်သာ ကြည့်ရပါတယ်။ သူမဟာ ဉာဏ်ရည်ထက်မြက်ပြီး ထူးချွန်တဲ့ကျောင်းသူဖြစ်တဲ့အပြင် ဓာတ်ပုံရိုက်တာ ဝါသနာပါပါတယ်။ လီယိုနော်ဟာ ဒေသသုံးဘာသာစကားဖြစ်တဲ့ စပိန်ဘာသာစကားအပြင်အင်္ဂလိပ်စာကိုလည်း နှံ့စပ်အောင် ပြောဆိုနိုင်ပြီး မန်ဒရင်း၊ ပြင်သစ်နဲ့အာရဗီဘာသာစကားတွေကို လေ့လာနေတယ်လို့လည်း သိရပါတယ်။
![]()
instagram
လင်းလင်း (ShweMom)
Ref: hellomagazine