![]()
ကမ္ဘာကျော် ဟောလိဝုဒ်အဆိုတော် လေဒီဂါဂါဟာဆိုရင် သူမရဲ့ ဆန်းသစ်တီထွင်နိုင်တဲ့ ဖက်ရှင်ဒီဇိုင်းများကြောင့် လူသိများကျော်ကြားလာသူတစ်ယောက်ပဲဖြစ်ပါတယ်။ ဂါဂါဟာ Met Gala ပွဲကို ပြီးခဲ့တဲ့ ၂၀၁၆ မှာနောက်ဆုံးတက်ခဲ့တာဖြစ်ပြီး မတက်ဖြစ်ခဲ့တာ ၂ နှစ်တိုင်တိုင်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ ဒီနှစ် Met gala 2019 ပွဲကြီးမှာ ဂါဂါ ပြသသွားတဲ့ ဖက်ရှင်တွေတွေကြောင့် လူတကာ ရင်သပ်ရှုမောဖြစ်ခဲ့ရပါတယ်။ ဂါဂါ့ရဲ့ တီထွင်ဆန်းသစ်မှုတွေက ဘယ်လိုဖြစ်မလဲဆိုတာ ပိုပိုလေးနဲ့အတူ လိုက်ပါစီးမျောလိုက်ကြရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<
ပထမဆုံး ဝတ်စုံအနေနဲ့ ဂါဂါဟာ ရှည်လျားပြီး လှပတင့်တယ်လွန်းတဲ့ ပန်းစည်ရောင်ဂါဝန်အရှည်ကြီးကို ဝတ်ဆင်ထားတာပဲဖြစ်ပါတယ်။
ပန်းစည်ရောင် ဂါဝန်အပြီး ဂါဂါဟာ ပွဲလာ ပရိတ်သတ်မမြင်ရသေးတဲ့အလှတရားကို ပြသဖို့အတွက် ဂါဝန်ကို ချွတ်လိုက်တဲ့အခါမှာတော့အနက်ရောင် ဂါဝန်နဲ့ တော်ဝန်ဆန်လှတဲ့ သူမရဲ့အလှတရားကို ပိုပြီးပေါ်လွင်လာစေပါတယ်။
တစ်ဖန်အနက်ရောင် ဂါဝန်ကို ချွတ်လိုက်တဲ့အခါမှာတော့ ဖစ်တင်ကျတဲ့ ပန်းစည်ရောင်ကိုယ်ကပ်အင်္ကျီလေးကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ဂါဂါဟာ ပန်းစည်ရောင် ကိုယ်ကပ်အင်္ကျီကို ချွတ်လိုက်တဲ့အခါမှာတော့ ရွှေပွဲလာပရိတ်သတ်ကို ဟင်ခနဲ၊ ဟာခနဲ ဖြစ်သွားစေခဲ့ပါတယ်။ ဂါဂါ နောက်ဆုံးတစ်ထပ်ကို ချွတ်ပြီး မြင်လိုက်ရတဲ့ မြင်ကွင်းကတော့အပေါ်အောက် ဖက်ရှင်ကျကျ ဝတ်ဆင်ထားတဲ့အနက်ရောင် suit ဝမ်းဆက်ပဲဖြစ်ပါတယ်။
2019 Met Gala မှာ လေဒီဂါဂါဟာ ပန်းစည်ရောင်နဲ့အနက်ရောင်ကိုအဓိကထားပြီး ဝတ်ဆင်ပြသသွားတာပဲဖြစ်ပါတယ်။ ဂါဂါဝတ်ပြသွားတဲ့ ဝတ်စုံတွေအားလုံးရဲ့ ဒီဇိုင်နာကတော့ လေဒီဂါဂါရဲ့ ဖက်ရှင်စတိုင်လစ်တစ်ဦးဖြစ်တဲ့ Brandon Maxwell ဖြစ်ပါတယ်။
လေဒီဂါဂါတစ်ယောက် သူမရဲ့ဖက်ရှင်အလန်းဇယားတွေကို Met Gala 2019 မှာဘယ်လို ပုံစံမျိုးနဲ့ ပြသသွားသလဲဆိုတာ ကြည့်ရှုခံစားကြည့်လိုက်ကြရအောင်….
(ပိုပိုလေး)