" ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါရဂူဘွဲ့(PhD) လျှောက်လွှာခေါ်ယူခြင်း "
edge.com.mm
|
2019-05-16




၁။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် ပါရဂူဘွဲ့ (PhD) သင်တန်းကိုအောက်ဖော်ပြပါအထူးပြုဘာသာရပ်များဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။


    ( က ) တရုတ်ဘာသာ


    ( ခ ) ကိုရီးယားဘာသာ




၂။ ပါရဂူဘွဲ့ (PhD) သင်တန်းတက်ရောက်ရန်အောက်ပါအရည်အချင်းနှင့် ပြည်စုံသူများ လျှောက်ထားနိုင်ပါသည်။


    ( က ) ပါရဂူဘွဲ့သင်တန်းတက်ရောက်ခွင့် လျှောက်ထားသူသည် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရပါမည်။


    ( ခ ) ၂၀၁၉ ခုနှစ်၊ ဇွန်လ ( ၁ ) ရက်တွင်အသက် ( ၃၀ ) နှစ်ထက် မကျော်လွန်သူဖြစ်ရပါမည်။


         ( လုပ်ငန်းခွင်အတွေ့အကြုံရှိသူများအသက်ကန့်သတ်ချက်လျှော့ပေါ့စဉ်းစားပါမည်။ )


    ( ဂ ) ပါရဂူဘွဲ့အကြိုသင်တန်းကိုအချိန်ပြည့်တစ်နှစ် တက်ရောက်နိုင်သူဖြစ်ရပါမည်။


    ( ဃ ) ဝင်ခွင့်လျှောက်ထားသူများ၏အရည်အချင်းသတ်မှတ်ချက်များမှာအောက်ပါအတိုင်း ဖြစ်ပါသည်။


          ( ၁ ) ပညာရေးဝန်ကြီးဌာန ဝန်ထမ်းများအတွက်အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ တရုတ်ဘာသာနှင့် ကိုရီးယား ဘာသာရပ်တွင်အနိမ့်ဆုံး မဟာဘွဲ့ရရှိပြီးသူဖြစ်ရပါမည်။


ဘာသာရပ်ဆိုင်ရာ ( ၃ ) နာရီ မေးခွန်းနှင့်အင်္ဂလိပ်စာ ( ၃ ) နာရီ မေးခွန်း ဝင်ခွင့်စာမေးပွဲဖြေဆိုအောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်းကိုအောင်မြင်ရပါမည်။


          ( ၂ ) ပညာရေးဝန်ကြီးဌာနအောက်ရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ နည်းပြ၊ သရုပ်ပြများ ဖြစ်ပါက နည်းပြ၊ သရုပ်ပြရာထူးတွင် လုပ်သက် ( ၁ ) နှစ်အနည်းဆုံးရှိရပါမည်။


    ( င ) ပါရဂူဘွဲ့အကြိုသင်တန်းတက်ရောက်ခွင့်ရရှိပါက သက်ဆိုင်ရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ( သို့ ) သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ် ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးထံမှ


အချိန်ပြည့်တစ်နှစ်တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာ တင်ပြရမည်ဖြစ်ပါသည်။




၃။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် ၁၇ - ၅ - ၂၀၁၉ ရက် ( သောကြာနေ့ ) နောက်ဆုံးထား၍ လျှောက်ထားရပါမည်။




၄။ လျှောက်ထားသူများသည် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ပါရဂူဘွဲ့ (PhD) သင်တန်းတွင်စာမေးပွဲကိုအောက်ပါအတိုင်းဖြေဆိုရပါမည်။


    ( က ) ၂၀ - ၅ - ၂၀၁၉ ရက် ( တနင်္လာနေ့ ) ( ၉ နာရီမှ ၁၂ နာရီ ) ( တရုတ်ဘာသာ၊ကိုရီးယားဘာသာ )


    ( ခ ) ၂၀ - ၅ - ၂၀၁၉ ရက် (အင်္ဂါနေ့ ) ( ၉ နာရီမှ ၁၂ နာရီ ) (အင်္ဂလိပ်ဘာသာရပ် )






Read More: " မိဘပြည်သူများသို့ ပညာရေးဝန်ကြီးဌာန၏ မေတ္တာရပ်ခံချက် "




၅။ ရေးဖြေစာမေးပွဲအောင်မြင်သူများကို ၂၈ - ၅ - ၂၀၁၉ ရက် (အင်္ဂါနေ့ ) တွင် လူတွေ့စစ်ဆေးပါမည်။




၆။အသေးစိတ်အချက်အလက်များကို ဘာသာရပ်နှင့်စပ်လျဉ်း၍ တရုတ်ဘာသာနှင့် ကိုရီးယားဘာသာဌာနမှူးတို့ထံတွင်လည်းကောင်း၊ သင်တန်းဝင်ခွင့်နှင့်


စပ်လျဉ်း၍ ဌာနမှူး ( သင်တန်းဖုန်း၀၁ - ၅၁၅၂၃၆ ) ထံတွင်လည်းကောင်းစုံစမ်းနိုင်ပါသည်။






ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ


ပညာရေးဝန်ကြီးဌာန


အဆင့်မြင့်ပညာဦးစီးဌာန


နိုင်ငံခြားဘာသာတက္ကသိုလ်









Some text some message..