မန္တလေး (ရတနာပုံ) ခေတ် မင်းညီမင်းသားများ ပညာသင်ကြားခဲ့သော ဒိုင်အိုသံတဲကျောင်းတော်ကြီး နှစ် (၁၅၀) ပြည့် စာအုပ်မိတ်ဆက်
mmtimes.com
|
2019-05-21

အောင်သန့်ခိုင် / မြန်မာတိုင်းမ်နေစဉ်

ကုန်းဘောင်မင်းဆက် ၁၁ ဆက်မှ မင်းတုန်း မင်းလက်ထက် မန္တလေး (ရတနာပုံ) ခေတ်တွင် တည်ဆောက်ခဲ့ပြီး မင်းညီမင်းသားများ ပညာ သင်ကြားခဲ့သော ဒိုင်အိုသံတဲ ကျောင်းတော်ကြီး နှစ် (၁၅၀) ပြည့် စာအုပ်မိတ်ဆက်ပွဲကိုအမှတ် (၁၀)အခြေခံပညာအထက်တန်းကျောင်း၌ မေ ၁၉ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။


နှစ် ၁၅၀ ပြည့်

အဆိုပါကျောင်းတော်ကြီးကို ၁၈၆၉ ခုနှစ်က မင်းတုန်းမင်း၏သားတော် သုံးဆယ်မင်းသားကြီးနှင့်အတူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၌ နှစ်ပေါင်း (၁၅၀) ပြည့်ခဲ့ပြီ ဖြစ်သည်။

"ကုန်းဘောင်မင်းဆက် ၁၁ ဆက်ရှိတယ်။ မင်းတုန်းမင်းနန်းတည်ပြီး ၁၀ နှစ်အကြာမှာ ကျောင်းဆောက်ပြီး ခရစ်ယာန်သာသနာပြုကိုအခုလက်ရှိ ၈၆ လမ်း၊ ၂၂ လမ်းမှာ မြေ နေရာပေးခဲ့ပြီး သီပေါမင်းနဲ့အခြားမင်းညီ မင်းသားတွေ ကျောင်းတက်ခဲ့တယ်။ နှစ် (၁၅၀) ပြည့် စာအုပ်ဖြစ်မြောက်ရေးအတွက် နှစ်လ ကျော်ကြာ နေ့မအား ညမနားကြိုးစားခဲ့ကြ ပါတယ်" ဟု နှစ် (၁၅၀) ပြည့်အခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဌေးြွကယ်က ပြောကြားသည်။

ကျောင်းတက်လာသော မင်းညီမင်းသား များသည် မင်းခမ်းမင်းနားအဆောင်အယောင် များဖြင့် လာရောက်ကြရာ ဆင်များ၊ မြင်းရထား များနှင့်အတူအလုပ်အကျွေးများလည်း ပါလာ သဖြင့် ၂၂ လမ်း ဘေးတစ်ဖက်တစ်ချက်၌ ဇရပ်နှစ်ဆောင်ထားရှိခဲ့ပြီးမှ ကျောင်းအတွင်းသို့ ဝင်ရောက်ရကြောင်းနှင့် ထိုကျောင်းတွင်အင်္ဂလိပ်စာကိုအဓိကသင်ကြားပေးသည်။

ဒိုင်အိုကျောင်းဆိုင်းဘုတ်တွင် ထိုခေတ်က The Royal Diocesan High School ဟု ထည့်သွင်းရေးသားထားရာ ရာဇဝင်တွင်သော ကျောင်းကြီးဖြစ်ပြီး နိုင်ငံခြားသားများရေးသား သည့် ဝတ္ထုစာအုပ်များတွင် ဒိုင်အိုကျောင်းသည် ဇာတ်ကောင်တစ်ခုအဖြစ်ပါဝင်နေသဖြင့် ကမ္ဘာက သိရှိသူများပြားပြီး စီမံခန့်ခွဲမှု ကောင်းမွန်စွာ ဆောင်ရွက်ပါက ခရီးသွားကဏ္ဍမှအမေရိကန် ဒေါ်လာဝင်ငွေရရှိနိုင်မည်ဟု သုံးသပ်မှုများရှိခဲ့ သည်။


အဆင့်မြင့်မြင့်ထုတ်ဝေထား

"ဒီကျောင်းကြီးက တော်ဝင်ကျောင်းကြီးပါ။ ဘာကြောင့်လဲဆိုတော့အနှစ်သာရနဲ့ နာမည် ထပ်တူကျတဲ့ကျောင်းက တစ်ကျောင်းတည်းရှိ တယ်။ ဘာကြောင့်လဲဆိုရင် ဘုရင်ဖြစ်မယ့် မင်းညီမင်းသားတွေ စာသင်ခဲ့တဲ့ ကျောင်းကြီး ဖြစ်တော့ တော်ဝင်ကျောင်းကြီးပါ။ နှစ် (၁၅၀) ပြည့်မဂ္ဂဇင်းစာအုပ်ကလည်းအဆင့်မြင့်မြင့် ထုတ်ဝေထားတာ တွေ့ရပါတယ်" ဟု စာရေး ဆရာတစ်ဦးက ပြောဆိုသည်။

မင်းတုန်းမင်းလက်ထက်က သံတမန်များကို နေရာချထားပေးခဲ့သော သံဝင်းအမည်ရှိ ရပ်ကွက်တည်ရှိခဲ့ရာ ဒိုင်အို-သံတဲကျောင်း ဟုအမည်တွင်ခဲ့ပြီး လန်ဒန်မြို့အခြေစိုက် (ှ.ဏ.ွ) သာသနာပြုအဖွဲ့ကစေလွှတ်ခဲ့သူ ဆရာမှတ်ကြီးက ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ကြောင်း၊ ဒုတိယကမ္ဘာစစ်တွင် ယာယီပိတ်ခဲ့ရာမှ ပြန်လည်ဖွင့်လှစ်သည့်အခါ ဒိုင်အိုစီဇင်သံတဲအထက်တန်းကျောင်းဟုအမည်ပေးခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် တော်လှန်ရေးကောင်စီလက်ထက် ပြည်သူပိုင်သိမ်းရာ၌ ပါဝင်ခဲ့ကာအမှတ် (၁၀)အခြေခံပညာအထက်တန်းကျောင်းအဖြစ် ယနေ့တိုင် တည်ရှိလျက်ရှိသည်။




Some text some message..