ဂုဏ်ထူးမှတ်တွေကျော်လွန်နေတဲ့ သမီးလေးရဲ့အမှတ်စာရင်းကြောင့် ဂုဏ်ယူနေရတဲ့ ဖေဖေနိုင်ဇော်
myanmarload.com
|
2019-06-12



ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် မတ်လတုန်းက စစ်ဆေးခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးရဲ့အောင်စာရင်းကတော့ ပြီးခဲ့တဲ့ ဇွန်လ၊ (၈) ရက်နေ့ မနက်အစောပိုင်းမှာ ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဆယ်တန်းအောင်စာရင်းတွေ ထွက်ရှိလာပြီးတဲ့ နောက်မှာတော့ ဂီတာနိုင်ဇော်ရဲ့ သမီးလေးကလည်း ဂုဏ်ထူးခြောက်ဘာသာနဲ့ ထူးချွန်စွာအောင်မြင်ခဲ့တယ်လို့ သိရှိခဲ့ရပါတယ်။အခုချိန်မှာတော့ Lazy Clubအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂီတာနိုင်ဇော်က ပညာရေးမှာ ထူးချွန်လွန်းတဲ့ သမီးလေးကြောင့် မျက်နှာပွင့်နေရပြီပဲ ဖြစ်ပါတယ်။






ဆယ်တန်းစာမေးပွဲကြီးမှာ ဂီတာနိုင်ဇော်ရဲ့သမီးလေးဖြစ်တဲ့ မမိုးဖြူစင်ဇော် (ဆပဇ - ၄၄) က မြန်မာစာ၊အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဆိုပြီး ဂုဏ်ထူးခြောက်ဘာသာနဲ့အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဆယ်တန်းအမှတ်စာရင်းတွေ ထုတ်ကြည့်လို့ရပြီဖြစ်တာကြောင့် နိုင်ဇော်က သမီးလေးအတွက် ကိုယ်တိုင်အမှတ်စာရင်း သွားထုတ်ကြည့်ခဲ့ပါတယ်။ သမီးလေး မိုးဖြူစင်ဇော်ရဲ့အမှတ်စာရင်းအရ ဘာသာတိုင်းမှာ ဂုဏ်ထူးမှတ်တွေ ကျော်လွန်နေခဲ့တာလည်း တွေ့ရပါတယ်။






မမိုးဖြူစင်ဇော်က တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးမှာ ဘာသာစုံ စုစုပေါင်းအမှတ် ( ၅၂၁) မှတ်နဲ့ ထူးထူးချွန်ချွန်အောင်မြင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ဇော်က " သမီးအတွက်အမှတ်စာရင်း သွားထုတ်ပေးရင်းအမှတ်တွေသိရလို့ ထပ်ပျော်နိုင်ပါပြီ " ဆိုပြီး သမီးလေးအတွက် ဝမ်းသာဂုဏ်ယူနေရတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဂီတာ နိုင်ဇော်ရဲ့သမီးလေး မမိုးဖြူစင်ဇော်ရဲ့ ဆယ်တန်းအမှတ်စာရင်းကိုအောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။







Some text some message..