အခန့်မသင့်ရင်အမြင်အာရုံကိုပါ ဆုံးရှုံးသွားရစေနိုင်တဲ့ Eye Tattoo
myanmarload.com
|
2019-06-26



ပရိသတ်ကြီးကိုအခုတစ်ခါဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ကမ္ဘာကြီးပေါ်မှာ ခေတ်ရေစီးကြောင်းအလိုက် ပြောင်းလဲမှုတွေများစွာရှိတဲ့အထဲမှာမှ မျက်လုံးတက်တူးထိုးခြင်းဟာလည်းအထူးအဆန်းတစ်ခုအဖြစ်ပါဝင်လာခဲ့ပါတယ်။အခုလို မျက်လုံးတက်တူးထိုးခြင်းကို ဒီဘက်ခေတ်မှာ sclera tattoo လို့လည်းခေါ်ကြပါသေးတယ်။ ဒီတစ်ခါပြောပြပေးချင်တာကတော့ မျက်လုံးတက်တူးထိုးခြင်းရဲ့အကျိုးရလဒ်တွေအကြောင်းပဲ ဖြစ်ပါတယ်။






တက်တူးထိုးခြင်းဟာ ယခင်ကလို မကောင်းတဲ့အရာမဟုတ်မှန်း လူအတော်များများက လက်ခံလာကြပြီးနောက် တက်တူးယဉ်ကျေးမှုဟာ ပြန်လည်ခေတ်စားလာခဲ့ပါတယ်။အသားအရည်ပေါ်မှာ ပန်းချီရေးဆွဲခြင်းလို့တောင် တင်စားခံရတဲ့ တက်တူးအနုပညာကို လူကြီးလူငယ်အတော်များများက နှစ်သက်သဘောကျကြပါတယ်။ ဒီနေရာမှာ နောက်ထပ် ရေပန်းစားလာတဲ့အရာကတော့ မျက်လုံးအတွင်းပိုင်းအသားကို တက်တူးထိုးခြင်းပဲ ဖြစ်ပါတယ် ။ဒီလိုမျိုးထိုးတာဟာ တော်ရုံလူတွေ မလုပ်ရဲတဲ့ ကိစ္စလို့တောင်ပြောလို့ရပါတယ်။






အမေရိကန်နိုင်ငံမှာတော့ တက်တူးဆရာတွေဟာအခုလို မျက်လုံးထိုးဖို့လာတဲ့ ဖောက်သည်တွေကို ပြီးစလွယ်ထိုးပေးတာမျိုး မဟုတ်ပဲ သေချာစဉ်းစားပြီးမှ ထိုးသင့်တယ်လို့အကြံပေးတာမျိုးတွေရှိပါတယ်။ ဒါ့အပြင် ဒီလိုမျက်လုံးတက်တူးထိုးခြင်းရဲ့အကျိုးဆက်တွေ ဖြစ်တဲ့ မျက်လုံးအတွင်းပိုင်းရောင်ယမ်းတာမျိုးတွေကို ကာလရှည်ကြာခံစားနိုင်ရနိုင်တာကိုပါ ထည့်သွင်းရှင်းပြပေးပြီး ဖောက်သည်က တစ်ကယ်ထိုးချင်ပါတယ်ဆိုမှအလုပ်လက်ခံတာပဲဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လူတိုင်းမှာ ရူးသွပ်တဲ့အရာတစ်ခုချင်းစီရှိပေမယ့်လည်း မိမိရူးသွပ်တဲ့အရာတစ်ခုအပေါ်မှာ တန်ဆေးလွန်ဘေးမလုပ်သင့်ဖို့တော့အကြံပေးလိုက်ရပါတယ်ခင်ဗျာ။







Some text some message..