![]()
ဓာတ်ပုံ -အောင်သန့်ခိုင် ။ မြန်မာတိုင်းမ်နေ့စဉ်
ဓာတ်ပုံ -အောင်သန့်ခိုင် ။ မြန်မာတိုင်းမ်နေ့စဉ်
မန္တလေးအနီး တောင်သမန်အင်းစောင်းရှိ မဟာအောင်သိဒ္ဓိဘုရား
ကုန်းဘောင်မင်းဆက်မှ ပဒုံမင်း (ခေါ်) ဘိုးတော်ဘုရား (ခရစ်နှစ် ၁၇၈၂ မှ ၁၈၁၉ )ကအမရပူရမြို့သစ်တည် နန်းစံခဲ့ရာ ရတနာပုံမင်းနေပြည် (မန္တလေး) ထက် ရှေးကျပြီး ထီးနန်းစိုက်ရာမြို့တော်ဖြစ်ခဲ့သည်။ ပုဂံမင်းလက်ထက် မြို့စာရေးဦးပိန်တည်ဆောက်ခဲ့သည့် ဦးပိန်တံတားနှင့် တောင်သမန်အင်းသည် မြန်မာနှင့်ကမ္ဘာတွင်ကျော်ကြား၍ ပြည်တွင်းပြည်ပ ရပ်နီးရပ်ဝေးက နေ့စဉ်လာရောက်လေ့ရှိ ကြသည်။
ထိုသူတို့သည် တောင်သမန်အင်းတွင် လှေစီးမည်၊တံတားပေါ်လမ်းလျှောက်မည်၊ ဓာတ်ပုံရိုက်မည်၊ နေဝင် ဆည်းဆာကြည့်ကြမည်ဟု လာရောက်ကြသဖြင့် တောင် သမန်ကန်စောင်းက ရှေးဟောင်းသမိုင်းဝင်တို့ မျက်နှာငယ် ရသည်။ တောင်သမန်အင်းအနောက်ဘက် မဟာဂန္ဓာရုံ ကျောင်းတိုက် မြောက်ဘက်မှ ကျော်အောင်စံထားကျောင်း တိုက်တွင် မုံရွာမြို့မှ သမ္ဗုဒ္ဓေဘုရားကဲ့သို့ ဗုဒ္ဓရုပ်ပွား ဆင်းတုများစွာဖြင့် မဟာအောင်သိဒ္ဓိစေတီရှိပါသည်။ ဗုဒ္ဓ ရုပ်ပွားတော်အဆူပေါင်း သုံးသန်းခုနစ်သိန်းရှစ်သောင်း လေးထောင် ပူဇော်ထားရာ မန္တလေးမြို့အနီးက သမ္ဗုဒ္ဓေ ဘုရားဟုဆိုနိုင်ပြီး ဘယ်နားမှာလဲဟုမေးသူက ရာခိုင်နှုန်း ၉၀ခန့် ရှိပေလိမ့်မည်။
မြင်တွေ့နေကျ ဘုရားစေတီများနှင့် ကွဲပြားမှုမှာ ပုံမှန် တွေ့ရသော ရုပ်တုများမဟုတ်သကဲ့သို့ ခြင်္သေ့မတွေ့ရ ဘဲ ဂုဏ်တော်ကိုးပါးကိုရည်ရွယ်၍ မုခ်ကိုးမုခ်ရှိကာ မုခ်များတွင် ဓာတ်သဘောဖြင့် ဝက်၊ ဆိတ်၊ ကျား၊ ကင်းမ လက်မည်း စသည့်ရုပ်တုများထားရှိသည်။ မြန်မာနိုင်ငံ သားများနှင့်တစ်ကမ္ဘာလုံး တတိယကမ္ဘာစစ်ဘေးဒဏ် မကျရောက်စေရန်နှင့် ကပ်သုံးပါးလွတ်ကင်းစေရန် မဟိဒ္ဓိ ပညာဖြင့် သတ္တမမြောက် ကျော်အောင်စံထားဆရာတော်အရှင်ဝါယာမာဘိဝံသက တည်ထားခဲ့ကြောင်းမှတ်သား ရပါသည်။
"ဆရာတော်က သမ္ဗုဒ္ဓေဘုရားကို ကြည်ညိုလွန်းလို့အဲဒီပုံစံယူခဲ့တယ်လို့ မိန့်ဖူးပါတယ်။ ပရိယတ္တိကျွမ်းကျင် တတ်မြောက်လို့ ဘိဝံသဘွဲ့ရရှိတယ်။ လောကီအတွေးအခေါ်တွေနဲ့ စိစစ်ဝေဖန်ထားတဲ့ သိဒ္ဓိဇေယျမောဠိ ဗြဟ္မာ လောကီပညာကျမ်းနဲ့ ပါတိမောက္ခလေစနနယပါဌ် နိသျကို ရေးသားခဲ့တယ်။ ဆရာတော်ကမဟိဒ္ဓိ၊ သိဒ္ဓိကျင့်စဉ်တွေ ကျင့်ကြံခဲ့ပြီး ထွက်ရပ်ပေါက်ဖြစ်ပါတယ်။ ဆရာတော်ရဲ့အနားမှာနေစဉ်က ထူးခြားမှုတွေ တွေ့ခဲ့ရတယ်"ဟု ဆရာတော်အပါး နှစ်ပေါင်း ၂၀အနီးကပ်နေခဲ့သူ တပည့် တစ်ဦးက ဆိုသည်။
ခရစ်နှစ်သက္ကရာဇ် ၁၉၅၃ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၁၅ ခုနှစ် ကဆုန်လပြည့်)တွင် ရတနာအုတ်များဖြင့်အုတ်မြစ်ချခဲ့သည်။ သံဃာတော် ၁၀၈ ပါးနှင့် ပရိတ်တော်၊ ပဋ္ဌာန်းတော်ရွတ်ဖတ်ပူဇော်ပြီး ဆွမ်းပွဲ ၉၀ဝဝ၊ ပန်း၊ သစ်သီး၊ မုန့်၊အမွှေးတိုင် ၉၀ဝ၀ တို့ဖြင့်ပူဇော်သည်။အနေကဇာတင်ခြင်းကို ထိုနှစ်မှစ၍အကြိမ်တစ်ထောင် ပြုလုပ်ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် Óဏ်တော် ၁၅ ပေရှိ မဟာအောင်သိဒ္ဓိရုပ်ရှင်တော်မှ သုံးလတိုင်တိုင် တန်ခိုးပြသ ခြင်းဖြင့် လူသူအများစည်ကားခဲ့ရာ ဘတ်စ်ကားသမားများအလုပ် ဖြစ်ခဲ့ကြသည်။
"ရုပ်ပွားတော်ကြီးက ကိုယ်လှုပ်ပြတယ်၊ ဘယ်ညာ ယိမ်းတယ်။ တချို့ မယုံလို့ နောက်ကျောတော်မှာ သူ့ကျော နဲ့ ကပ်ထားတာ ရှေ့ထိုးကျသွားတယ်။ မျက်လုံးတော် ဖွင့်တာ၊ မှိတ်တာရှိတယ်။အရုဏ်တက်ချိန် ရောင်ခြည်တော် လွှတ်တယ်။ ထောက်လှမ်းရေးတွေတောင် လာစစ်ကြသေး တယ်၊ စည်ကားလွန်းလို့ ရဲတွေစောင့်ရတဲ့အထိပဲ၊ ဘုရား လှုပ်လို့ နာမည်ကြီးသွားပြီး နယ်တွေကပါ လာကြတယ်။ကားသမားတွေက ဘုရားလှုပ်သွားမလားဆိုပြီး ခရီးသည် ခေါ်ကြတယ်"ဟု ဆရာတော်၏ တူတော်စပ်သူအရှင်ဝါယ မက မိန့်ကြားသည်။
20190704_152625.jpg
![]()
ဓာတ်ပုံ -အောင်သန့်ခိုင် ။ မြန်မာတိုင်းမ်နေ့စဉ်
ဓာတ်ပုံ -အောင်သန့်ခိုင် ။ မြန်မာတိုင်းမ်နေ့စဉ်
ဘုရားကျောင်းတော်ကြီး၏ တစ်မျက်နှာလျှင်အတောင် ၁၂၀ ရှိ၍ မုခ်အားဖြင့် ကိုးမုခ်တွင်အရှေ့မြောက် တနင်္ဂနွေ ထောင့်မှစ၍အရဟံဂုဏ်တော်မှစပြီးတစ်မုခ်လျှင် ဘုရား ဂုဏ်တော်တစ်ပါးစီ ပူဇော်ထားရှိသည်။အထက်ဘက်တွင် ထီးဖြူတော်နှင့် နဂါးကိုးကောင်ထားရှိခြင်းမှာ မဟိဒ္ဓိစခန်း နှင့် သဗ္ဗညုတဉာဏ်တော်ကို ရည်ညွှန်းထားခြင်းဖြစ်၍အဓိဋ္ဌာန်ပုတီးဖြင့်အောင်မြင်စွာတည်နိုင်ခဲ့ခြင်း ဖြစ်သည် ဟုအဆိုရှိသည်။
ရုပ်ပွားတော်အကြီးအသေးပေါင်းမှာ နံရံတစ်မျက်နှာ လျှင် ဗုဒ္ဓရုပ်ပွားတော် ၃၆ ဆူစီဖြင့် လေးမျက်နှာတွင် ၁၄၄ ဆူ၊ ရပ်တော်မူရုပ်ပွားတော် ၁၄၄ ဆူနှင့်ပေါင်းလျှင် ၂၈၈ ဆူရှိသည်။ ဆရာတော်စိပ်ခဲ့သည့် ဓာတ်ပုတီးကို ရည်ရွယ်၍ ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင်၊ မြေဓာတ်ကို ရည်ရွယ်၍ နှစ်သိန်းလေးသောင်း၊ ရေဓာတ် လေးသိန်းရှစ် သောင်း၊ လေဓာတ် ကိုးသိန်းခြောက်သောင်း၊ မီးဓာတ် တစ်သန်းကိုးသိန်းနှစ်သောင်း၊ သိဒ္ဓိတင်ပုတီးအပတ် ရေ တစ်သိန်းတို့ကို စုပေါင်းလျက် ရုပ်ပွားတော်ပေါင်း သုံးသန်း ခုနစ်သိန်းရှစ်သောင်းလေးထောင်၊ ရေဓာတ်ရှစ်သောင်း လေးထောင်ပူဇော်ထားရှိသည်။ ဂန္ဓကုဋိတော်အတွင်း ကွဲပြားသည့် မုဒြာနှင့် ဉာဏ်တော်များဖြင့် ရုပ်ပွားတော် များ၊ နံရပ်အုတ်ချပ်ရုပ်ပွားတော်များစွာနှင့် သမ္ဗုဒ္ဓေဘုရား ဟု ဆိုရပေမည်။
"လွန်ခဲ့တဲ့နှစ် ၅၀ လောက်မှာ ဆရာတော်ကအလောင်း တော်ကဿပမှာကျင့်ကြံအားထုတ်တယ်။အဓိဋ္ဌာန်နဲ့အလောင်းတော်ကဿပ ကျောက်တံခါးကြီးကို ပွင့်စေပြီး ကိုယ်တိုင်ဖူးတွေ့ခဲ့ရတဲ့အကြောင်းရယ်၊ မဟိဒ္ဓိကျင့်စဉ်နဲ့ တွေ့ကြုံခဲ့ရတာတွေကို မှတ်တမ်းစာအုပ်ရှိတယ်။ ဆရာတော် သက်တော်ထင်ရှားရှိစဉ်မှာ နှစ် ၁၀ဝအထက် ဘုရားတွေအရောက် ကိုယ်တိုင်သွားပြီး ဆွမ်းတော်အမြဲတမ်းကပ် လေ့ရှိရာမှာ ရခိုင်အရေး စဖြစ်ချိန်လောက်က တစ်ရက်ကို သုံးဆူလောက် ဆွမ်းကပ်တယ်"ဟု တပည့်ရင်းဖြစ်သူက ပြောပြသည်။
ပထမ-ကျော်အောင်စံထားဆရာတော် (မြန်မာသက္ကရာဇ် ၁၀၉၅--၁၁၁၅ ခုနှစ်)မှာအင်းဝအနောက်ဘက် လက်ဆောင် ယူရွာနှင့် ခရမ်းပေါက်ရွာအကြား ဧရာဝတီမြစ်ဘေးမှ ကျော်အောင်စံထားကျောင်းတိုက်တွင် သီတင်းသုံးကာ သာသနာနှင့် စာပေနယ်၌ ထင်ရှားကျော်ကြားခဲ့သည်။ ဒုတိယကျော်အောင်စံထားဆရာတော်သည် ပထမ ဆရာတော်၏ တပည့်ရင်းဖြစ်၍ ၁၁၄၅ ခုနစ်တွင် ဘိုး တော်မင်းတရားပင့်လျှောက်သဖြင့်အင်းဝမှ လက်ရှိအမရ ပူရကျော်အောင်စံထားကျောင်းတိုက်သို့ ပြောင်းရွှေ့ သီတင်းသုံးခဲ့ပြီးတတိယ၊ စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမမြောက် စသဖြင့်အစဉ်အဆက်သီတင်းသုံးခဲ့ကြသည်။ သတ္တမ မြောက်ကျော်အောင်စံထားဆရာတော်အရှင်ဝါယမ (၁၂၈၇--၁၃၈၀) သည် ခရစ်နှစ်၂၀၁၈ ခုနှစ် ဇူလိုင်လ၌ ပျံလွန်တော်မူခဲ့သည်။ ထွက်ရပ်လမ်းြွကသွားသည်ဟု လည်း ဆိုကြပါ၏။
မုခ်များတွင်ထားရှိသည့် ရုပ်တုများမှာအရှေ့မျက်နှာ၌ တနင်္ဂနွေထောင့်တွင် မိကျောင်းနှစ်ကောင် (မြေဓာတ်-ခိုင်ခံ့ ခြင်း)၊ တနင်္လာအရပ်တွင်အသောကတံခွန်တိုင် (မဟာအောင် ဓာတ်)၊အင်္ဂါထောင့်တွင် လိပ်နှင့်ဖား (နဝင်းဓာတ်-အခက်အခဲများရှင်းလင်းခြင်း)၊ တောင်မျက်နှာအရှေ့ထိပ်တွင် ကင်းမလက်မည်းနှင့် လူဝံ (ရန်အပေါင်းအောင်မြင်ခြင်း)၊အလယ်ဗုဒ္ဓဟူးရပ်၌ ကောင်းမှုတော်ကြီးနှင့်အောင်မြေ ပေါင်းခဘုရား (လိုအင်ဆန္ဒပြည့်ဝခြင်း)၊ စနေထောင့်တွင် နွားနှင့်ကျွဲ (ပီယဓာတ်)၊အနောက်ရပ်၌ တောင်ဘက်ထိပ်တွင် သမင်လည်ပြန်နှင့်အဿထိုရ်မြင်း (ဓနဓာတ်)၊အလယ် ကြာသပတေးရပ်၌ မဟာဗောဓိ (တေဇဓာတ်)၊ ရာဟုရပ်၌ ဝက်နှင့်ဆိတ် (ကာယဓာတ်)၊ မြောက်အရပ်၌အရှေ့ထိပ် တွင်ဆဒ္ဒန်ဆင်ဖြူတော်နှစ်စီး (ဘုန်းကျက်သရေ)၊အလယ် တွင်အောင်စေတီနှင့်အနောက်ထိပ်တွင် ကျားမင်းနှစ်စီး (ရန်အပေါင်းလုံခြုံခြင်း)ဟူသောအစီအရင်များဖြင့် ဓာတ်နက္ခတ်မိအောင် စီမံထားကြောင်းသိရသည်။
ရွှေတိဂုံစေတီတော်တွင် ဆရာတော်ကြီးကိုယ်တိုင်အဓိဋ္ဌာန်ပုတီးစိပ်ခဲ့စဉ်က ညဉ့်သန်းခေါင်ယံ၌ လာဇာနတ် သမီးလာရောက်ပြီး ရုပ်ပွားတော်တစ်ဆူအား ဆရာတော် လက်ထဲချီးမြှင့်ခဲ့ရာ နတ်သမီးပုံတူကို ပန်းချီဆရာနှင့် ရေးဆွဲထားသည်ကိုလည်း ကျော်အောင်စံထားကျောင်း တိုက်တွင် ယနေ့ထိရှိနေပြီး နတ်သမီးပေးသည့် ဘုရားကို လည်းဖူးမြော်နိုင်ပြီဖြစ်သည်မို့ ဓာတ်ပန္နက်အစီအရင်များ ဖြင့် လောကီလောကုတ်အကျိုး နှစ်မျိုးရရှိနိုင်မည့် မန္တလေး မြို့အနီးက သမ္ဗုဒ္ဓေ (အောင်သိဒ္ဓိဘုရား) သို့ လာရောက်ဖူးမြော် နိုင်ရန် လမ်းညွှန်လိုက်ရပါကြောင်းဗျား။