စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ငါးစာကျွေးဆိပ်ဖွင့်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်ရှိ စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီတော်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် ငါးစာကျွေးဆိပ် ဖွင့်ပွဲ ကို ဇူလိုင် ၁၆ ရက် (ဝါဆိုလပြည့်နေ့) နံနက် ၇ နာရီက ကျင်းပခဲ့သည်။
Loading...
Your Brand HereYour Brand HereYour Brand Here
မကွေး–မင်းဘူး–စကု-လယ်ကိုင်း လမ်းမကြီးမှတစ်ဆင့် ကျောင်းတော်ရာလမ်းခွဲမှ လေးမိုင်ခန့်၊ စလင်း-ပွင့်ဖြူမှတစ်ဆင့် ကန်သာကြီးကျေးရွာအနီး လမ်းခွဲမှ ငါးမိုင်ခန့်အကွာတွင် တည်ရှိပြီး ဧရာဝတီမြစ်မှ မုန်း ချောင်းကို လှေ၊ မော်တော်၊ စက်လှေတို့ဖြင့် ဆန်တက်ကာ ဗူးသည်ကျေးရွာ ငါးကျွေး ဆိပ်မှတစ်ဆင့်လည်း လာရောက်ဖူးမြော်နိုင်ကြသည်။
တည်ထားကိုးကွယ်
ဂေါတမဘုရားရှင်လက်ထက် ဝါတော် (၂၁)ဝါမြောက်တွင် နောက်ပါရဟန္တာအပါး ၅၀ဝ နှင့်တကွ ြွကရောက်တော်မူလာ၍ လက်လေးသစ်ကိုအသပြာတစ်သိန်းအားထိုက်တန် သော စန္ဒကူးနံ့သာသစ်များဖြင့် ဆောက်လုပ်လှူဒါန်းသည့် ကျောင်းတော်ကြီးကိုအလှူခံ ယူတော်မူပြီး ခုနစ်ရက်တိုင်တိုင် သီတင်းသုံးကာ ြွကရောက်လာကြသည့် လူအပေါင်းတို့အား တရားရေအေးအမြိုက်ဆေးတိုက်ကျွေးခဲ့ရာ တစ်နေ့လျှင် ပရိသတ် ၈၄၀ဝ၀ ကျွတ်တမ်း ဝင်ခဲ့သော စန္ဒကူးနံ့သာကျောင်းတော်ကြီး၏ နေရာထူး၊ နေရာမြတ်တွင် ပေါက္ကံပြည့်ရှင် မဏိစည်သူမင်းကြီးမှအစပြုရန် ရှေးမင်းများအဆက်ဆက်တည်ထားကိုးကွယ်သာသနာ ပြုခဲ့သည့် စေတီတော်ကြီးဖြစ်ကြောင်း ကျောင်းတော်ရာစေတီ ဂေါပကအဖွဲ့ဝင် ဦးလွင်က ပြောဆိုခဲ့သည်။
ငါးကြီးများနှင့်ဓာတ်ပုံရိုက်
စေတီတော်ကြီး၏အရှေ့ဘက် သုံးဖာလုံခန့်အကွာတွင် မုန်းချောင်းရေစီးဆင်းနေပြီး နှစ်စဉ်ဝါတွင်းကာလ၌ ဘုရားငါးကြီးများ လာရောက်ဦးခိုက်ကြကာ ဝါတွင်းလေးလလုံး ယခု ငါးကျွေးဆိပ် ဗူးသည်ကျေးရွာအနီး မုန်းချောင်းထဲတွင် နေထိုင်ကြကြောင်း၊အဆိုပါ ငါးကြီးများကို ဘုရားဖူးလာပြည်သူတို့ကအစာကျွေးကုသိုလ်ယူကြကြောင်း၊ ငါးကြီးများ မှာအုပ်စုလိုက် ကမ်းခြေတွင် ဦးခေါင်းများဖော်ကာအစာတောင်းကြဟန်မှာအစာကျွေး သူကို ပိုမို၍အစာကျွေးချင်စိတ်များဖြစ်ပေါ်လာစေကြောင်း၊ ငါးစာအဖြစ် ထန်းသီးမုန့်၊ ဖွဲနုဆုပ်တို့ကိုကျွေးပြီး ငါးကြီးများနှင့် ဓာတ်ပုံရိုက်ခြင်း၊ ငါးဦးခေါင်းရွှေချခြင်းများကိုလည်း ပြုလုပ်ကြကြောင်း ၎င်းကရှင်းပြသည်။
ယနေ့ ကျင်းပသည့် ငါးကျွေးဆိပ်ဖွင့်ပွဲတွင် ကျောင်းတော်ရာစေတီတော်ဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော်ကြီးများ၊ သာသနာ့ မာမကအဖွဲ့များ၊ မြစ်ဝတွင် ငါးစာ ကျွေးကာ ခေါ်ဆောင်သော သီတာရေကြည် လူငယ်အဖွဲ့၊ ဓမ္မစကြာဝတ်အသင်းတို့မှ စက်ရေယာဉ် သုံးစင်းဖြင့် ငါးကျွေးဆိပ်မှ မုန်းချောင်းတစ်လျှောက် ဧရာဝတီမြစ်နှင့် မုန်း ချောင်းဆုံရာ မြစ်ဝအထိ သွားရောက်ကာ ကြိုဆိုခေါ်ဆောင်ရကြောင်း၊ ဝါတွင်းလေးလ ကာလပတ်လုံး ငါးကျွေးဆိပ်ဝန်းကျင်တွင် နေထိုင်ကြကာ သီတင်းကျွတ်လပြည့်ကျော်မှ ပြန်သွားကြမြဲဖြစ်ကြောင်း သိရသည်။
ဘုရားပွဲတော်နှင့် ငါးကျွေးဆိပ်သို့အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူတို့မှာ ကား၊ ဆိုင်ကယ်၊ မြင်းလှည်း၊ နွားလှည်းတို့ဖြင့် လည်းကောင်း၊ မုန်းချောင်းမှ စက်လှေ၊ မော်တော်တို့ဖြင့်လည်းကောင်း လာရောက်ကြကြောင်း၊ ညအိပ်ဖူးမြော်သူများရှိကြသဖြင့် လာရောက်သူများ တည်းခိုနားနေရေးအဆင်ပြေစေရန် ဘုရားကြီးအရှေ့ဘက်တွင် ရှေး ဟောင်းသုဓမ္မာဇရပ် ၃၆ လုံး၊ မြောက်ဘက်တွင် နှစ်ထပ်ဆောင် ၁၀ လုံးတို့ကို ရှေးယခင် ကပင် ဆောက်လုပ်လှူဒါန်းထားပြီးအခမဲ့တည်းခိုနိုင်ရေးစီစဉ်ထားကြောင်း၊ သန့်စင်ခန်းအလုံး ၂၀ နှင့် ကျား/မ ရေချိုးခန်းများ ပြည့်စုံစွာထားရှိကြောင်း၊ ထို့ပြင် ဘုရားဈေးတန်း တွင် စားသောက်ဆိုင်များ၊အမှတ်တရလက်ဆောင်ပစ္စည်းအရောင်းဆိုင်များ၊ ဒေသထွက် မုန့်လုံး၊ မုန့်လိပ်ပြာ၊ ထန်းသီးမုန့်၊ မုန့်သြဇာ၊ ဝက်မြေဥ စသည့် ဈေးဆိုင်လေးများကို ပွဲတော်စောင်းတန်းတစ်လျှောက် ဖွင့်လှစ်ရောင်းချကြသည်။
ဖူးမြော်ပူဇော်
စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးတွင် စေတီတော်ကြီးနှင့် ထောင့်စေတီလေးဆူ၊ မဟာပုဏ္ဏရဟန်းတော်အရှင်မြတ် ဓာတ်တော်စေတီ၊ မဟာပုဏ္ဏအရှင်မြတ် မူလကျောင်း နေရာစေတီ၊ ရုပ်တုစံကျောင်းတော်၊ သမိုင်းရုပ်စုံပြတိုက်၊ ကျောက်စာတိုက်၊ ဗုဒ္ဓပြတိုက်၊ ဓမ္မစကြာပြခန်း၊ ရာဟုထောင့် မဟာဗောဓိပင်အဓိဋ္ဌာန်အောင်မြေနေရာ၊ စနေထောင့် ဗုဒ္ဓစွယ်တော်ပွားပြခန်း၊ ကြေးပိဿာချိန် ၃၅၀ဝ ဖြင့် သွန်းလုပ်ပူဇော်ထားသော မဟာမုနိ ဘုရားကြီးတို့အား လာရောက်ဖူးမြော်နိုင်ပါကြောင်း ဂေါပကအဖွဲ့က ပြောဆိုသည်။