ဝေါဟာရတို့၏အဓိပ္ပာယ်ဖွင့်ဆိုချက်
yoyarlay.com
|
2019-08-03

ဒီတစ်ပတ်မှာတော့ စာဖတ်ပရိသတ်တွေကို “နကန်းတစ်လုံးမှမသိ” ဆိုတဲ့စကားအကြောင်း ဖော်ပြပေးချင်ပါတယ်။

စာဖတ်ပရိသတ်တွေအနေနဲ့ ဒီစကားရပ်ကို ကောင်းကောင်းကြားဖူးနေကြမှာပါ။ ဗျည်းအက္ခရာအသုံးအနှုန်းနဲ့ ဆက်စပ်ပေါ်ပေါက်လာတဲ့စကားဖြစ်ပြီး နငယ် ရဲ့ သဘောသဘာဝကို ဆိုလိုထားတာပါ။

နငယ်မှာက “န” ကောင်း နဲ့ “န”ကန်း ရယ်လို့ (၂) မျိုးရှိပါတယ်။

“န” ကောင်း

“နတ္တိ” ဆိုတဲ့စကားလုံးမှာ “န” ကအဓိပ္ပာယ်ရှိပြီး “မ” လို့အဓိပ္ပာယ်ဖွင့်ကာအတ္တိ ကတော့ “ရှိ” ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ “န” နဲ့ “အတ္တိ” ကိုပေါင်းလိုက်ရင် “နတ္တိ” လို့ဖြစ်သွားပြီး “ဘာမှမရှိ” လို့အဓိပ္ပာယ်ဖွင့်နိုင်ပါတယ်။ ဒီစကားလုံးထဲက “န” ကိုအဓိပ္ပာယ်ရှိတဲ့ “န”၊ တစ်နည်းအားဖြင့် “န” ကောင်းလို့ ခေါ်ပါတယ်။

“န” ကန်း

“နမော” ဆိုတဲ့ပါဠိစကားလုံးဟာ “ရှိခိုးပါ၏” လို့အဓိပ္ပာယ်ရှိပြီး “နမော” မှာပါတဲ့ “န” က ခွဲထုတ်ပစ်လို့မရ၊အဓိပ္ပာယ်လည်းသီးခြားမရှိတာကြောင့်အဲဒီ “န” ကိုတော့ “နကန်း” လို့ခေါ်ကြပါတယ်။

လူမှုဆက်ဆံရေးနယ်ပယ်မှာ “အချိန်အခါ၊အကျိုးအကြောင်းသိနားလည်ခြင်းမရှိတဲ့သူ” မျိုးကို “နကန်းတစ်လုံးတောင်မသိတဲ့သူ” လို့တင်စားခေါ်ဆိုလေ့ရှိပါတယ်။


Ref: မြန်မာစာပါမောက္ခ ဒေါက်တာစိုးနိုင်
Team (ရိုးရာလေး)




Some text some message..