မြန်မာငွေသိန်း(၁၂၀၀) ကျော်ပညာသင်စရိတ်ရရှိခဲ့ပြီး ကမ္ဘာ့အဆင့်မီတက္ကသိုလ်ကြီးမှာတက်ရောက်ခွင့်ရသွားတဲ့ နော်ဖောအယ်ထားညီမလေး
myanmarload.com
|
2019-08-07
မော်ဒယ်၊ သရုပ်ဆောင် နော်ဖောအယ်ထားကတော့ ဖြူစင်ရိုးသားတဲ့အပြုံးလှလှလေးတွေနဲ့ ချစ်ဖို့ကောင်းတဲ့ ကချင်တိုင်းရင်းသူလေးတစ်ဦးပဲ ဖြစ်ပါတယ်။ တရုတ်မင်းသမီးလေးလို့တောင်အထင်မှားရလောက်တဲ့ နော်ဖောအယ်ထားကအနုပညာလောကမှာအောင်မြင်နေသလို ပညာရေးမှာလည်း ထူးချွန်သူလေး ဖြစ်ပါတယ်။ ထို့အတူ နော်ဖောအယ်ထားရဲ့ညီမလေးကလည်းအစ်မဖြစ်သူလိုပဲ ပညာရေးမှာ တကယ့်ကိုထူးချွန်ထက်မြက်တာ တွေ့ရပါတယ်။
နော်ဖောအယ်ထားရဲ့ ညီမလေးဖြစ်တဲ့ နော်အဲထားပိုကတော့ တက္ကသိုလ်ဝင် စာမေးပွဲကြီးကို ဂုဏ်ထူး (၅) ဘာသာဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူလေး ဖြစ်ပါတယ်။အခုဆိုရင် သူမကအမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်တစ်ခုဖြစ်တဲ့" University of the Pacific " မှာ ၂၀၁၉ ခုနှစ်ပညာသင်နှစ်အတွက် ပညာသင်ကြားခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် 4 Years Scholarship USD $ 80,000 ( ဒေါ်လာ ရှစ်သောင်းတိတိ ) ကိုလည်း E&C Education Consultancy နဲ့အတူ လျှောက်ထားရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
"E&C Education Consultancy" ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာလည်း ညီမလေး Naw Eh Htar Poအတွက် ဂုဏ်ပြုစကားပြောကြားပေးထားတာ တွေ့ရပါတယ်။အစ်မဖြစ်သူ နော်ဖော်အယ်ထားနဲ့ ရုပ်ချင်းဆင်တဲ့ ညီမလေး နော်အဲထားပိုကတော့ တကယ့်ကို ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နော်ဖောအယ်ထားတို့ညီအစ်မနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
#ညီမလေး
#ထူးချွန်
#ချစ်စရာ
#အစ်မ
#USD
ဆောင်းပါးများ
Some text some message..