“သာသနာ့ဘောင်ကနေပြီး လူ့ဘောင်လောကကို ပြန်လည်ကူပြောင်းလာပြီဖြစ်တဲ့ ဝိုင်းလေး”
celegabar.com
|
2019-08-12



ဝိုင်းလေးကတော့အိပ်မက်ဆုံရာ Season (4) သီချင်းဆိုပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Second Winner Up ဆုအထိရရှိခဲ့တဲ့အပြင် ပရိသတ်အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။(၂၀၁၄)ခုနှစ်မှာကျင်းပပြုလုပ်တဲ့ Miss World (2014) ပြိုင်ပွဲကြီးကိုလည်း မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။





ဝိုင်းလေးဟာ (၂၀၁၅)ခုနှစ်မှာ “Selfie”တစ်ကိုယ်တော်တေးအယ်ဘမ်နဲ့ (၂၀၁၇)ခုနှစ်မှာ “wyne”တစ်ကိုယ်တော်တေးအယ်ဘမ် တို့ကို ထွက်ရှိထားပြီးအောင်မြင်တဲ့အဆိုတော်တစ်ယောက်အနေနဲ့အနုပညာလောကမှာ ရပ်တည်နေနိုင်တဲ့ သူတစ်ယောက်ဆိုရင်လည်းမမှားပါဘူးနော်။ပရိသတ်အကြိုက်နဲ့ ထပ်တူကျတဲ့ Single သီချင်းပေါင်းမြောက်မြားစွာလည်း ထွက်ရှိထားပါသေးတယ်။





ပြီးခဲ့တဲ့ သြဂုတ်လ (၄)ရက်နေ့ကအဆိုတော်ဝိုင်းလေးဟာ သာသနာပြုလုပ်ငန်းတွေဆောင်ရွက်ဖို့ ဆရာလေးဝတ်ခဲ့တာဖြစ်ပြီး ဒီနေ့ သြဂုတ်လ (၁၂)ရက်နေ့မှာတော့ လူဝတ်ပြန်လဲခဲ့တာပဲဖြစ်ပါတယ်။ဆရာလေး “ဝိမလညာဏီ”အနေနဲ့ (၉)ရက်တိုင်တိုင် သာသနာပြုလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်မြောက် သီလရှင်ဝတ်တာလို့လည်း သိရပါတယ်။ဝိုင်းလေးက သူမ(၉)ရက်တိုင်တိုင်ပြုလုပ်ခဲ့သမျှကုသိုလ်တွေကိုအမျှပေးဝေထားသေးတာမို့်CeleGabar ပရိသတ်ကြီးလည်း ထပ်တူထပ်မျှသာဓုခေါ်ဆိုလို့ရအောင်ဖော်ပြပေးလိုက်ပါတယ်။




Source : Wyne Lay
Chilli@CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။

“သာသနာ့ဘောင်ကနေပြီး လူ႕ဘောင်လောကကို ပြန်လည်ကူပြောင်းလာပြီဖြစ်တဲ့ ဝိုင်းလေး”

ဝိုင်းလေးကတော့ အိပ်မက်ဆုံရာ Season (4) သီချင်းဆိုပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Second Winner Up ဆုအထိရရှိခဲ့တဲ့ အပြင် ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝရရှိခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။(၂၀၁၄)ခုနှစ်မှာကျင်းပပြုလုပ်တဲ့ Miss World (2014) ပြိုင်ပွဲကြီးကိုလည်း မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။

ဝိုင်းလေးဟာ (၂၀၁၅)ခုနှစ်မှာ “Selfie”တစ်ကိုယ်တော်တေးအယ်ဘမ်နဲ့ (၂၀၁၇)ခုနှစ်မှာ “wyne”တစ်ကိုယ်တော်တေးအယ်ဘမ် တို့ကို ထွက်ရှိထားပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ ရပ်တည်နေနိုင်တဲ့ သူတစ်ယောက်ဆိုရင်လည်းမမှားပါဘူးနော်။ပရိသတ်အကြိုက်နဲ့ ထပ်တူကျတဲ့ Single သီချင်းပေါင်းမြောက်မြားစွာလည်း ထွက်ရှိထားပါသေးတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ (၄)ရက်နေ့ကအဆိုတော်ဝိုင်းလေးဟာ သာသနာပြုလုပ်ငန်းတွေဆောင်ရွက်ဖို့ ဆရာလေးဝတ်ခဲ့တာဖြစ်ပြီး ဒီနေ့ သြဂုတ်လ (၁၂)ရက်နေ့မှာတော့ လူဝတ်ပြန်လဲခဲ့တာပဲဖြစ်ပါတယ်။ဆရာလေး “ဝိမလညာဏီ” အနေနဲ့ (၉)ရက်တိုင်တိုင် သာသနာပြုလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်မြောက် သီလရှင်ဝတ်တာလို့လည်း သိရပါတယ်။ဝိုင်းလေးက သူမ(၉)ရက်တိုင်တိုင်ပြုလုပ်ခဲ့သမျှကုသိုလ်တွေကို အမျှပေးဝေထားသေးတာမို့်CeleGabar ပရိသတ်ကြီးလည်း ထပ်တူထပ်မျှသာဓုခေါ်ဆိုလို့ရအောင်ဖော်ပြပေးလိုက်ပါတယ်။




Some text some message..