![]()
ကျောင်းပေါင်းစုံ သင်္ချာထူးချွန်ပြိုင်ပွဲ ကျင်းပမည်
Sakamoto Maths Myanma ကျောင်း၏ စီစဉ်မှုဖြင့် ပြည်တွင်း ကျောင်း ပေါင်းစုံသင်္ချာထူးချွန်ပြိုင်ပွဲကို ယခုလ ၁၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်းSakamoto Maths Myanmar တည်ထောင်သူ ဒေါ်ထားထားဝေက ပြောသည်။
အဆိုပါ ပြိုင်ပွဲသည် တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီးရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ ဘားအံ၊ မုံရွာ၊ မော်လမြိုင်နှင့်တောင်ကြီးတို့ရှိSakamoto Maths Myanmar ကျောင်းခွဲများအားလုံးတွင် တစ်ပြိုင်နက် ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"ဂျပန်နိုင်ငံရဲ့ မူလသင်ရိုးကိုအသုံးပြုထားတဲ့အတွက် မြန်မာနိုင်ငံက ကျောင်းသားကျောင်းသူတွေကို နိုင်ငံတကာအတွေ့အကြုံတွေရရှိနိုင်တယ်။ ဒါကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ကလေးတွေဝင်ပြိုင်ဖို့ တိုက်တွန်းပါတယ် "ဟု ဒေါ်ထားထားဝေက ပြောသည်။
ယခုကျင်းပမည့်ပြိုင်ပွဲကတစ်ဆင့်အခြေခံကျောင်းသားကျောင်းသူများ သင်္ချာဘာသာရပ်ကို ပိုမိုစိတ်ဝင်စားပြီးအတွေးအခေါ်နှင့် စွမ်းဆောင်ရည် များ တိုးတက်လာစေရန် မျှော်လင့်ကြောင်းအသက် ၆ နှစ်မှ ၁၀ နှစ်အတွင်း ကျောင်းသားကျောင်းသူ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ သင်္ချာထူးချွန်ပြိုင်ပွဲက်ုအသက်အရွယ်အပိုင်းအခြားအလိုက်အဆင့်ငါးဆင့်သတ်မှတ်ထားပြီး ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် ၎င်းတို့နှင့်သက်တူအဆင့်တွင်သာယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ပြင်သတ်မှတ်ထားသည့် မိမိအသက်ထက် မြင့်သည့်အဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုထားပြီး မိမိအသက်ထက်နိမ့်သည့်အဆင့်တွင် ပါဝင်ယှဉ်ပြိုင်ရန် ခွင့်မပြုထားကြောင်း သိရသည်။
ပြိုင်ပွဲအကြောင်းအရာနှင့် စည်းမျဉ်းစည်းကမ်းများကိုSakamoto Maths Myanmar ကျောင်းများ၌ ဖော်ပြထားပြီးဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာကြေး ကျပ် ၅ဝဝဝ ဖြင့် လူကိုယ်တိုင်စာရင်းပေးလျှောက်ထားရမည်ဖြစ်သည်။
အဆင့်အသီးသီးအလိုက် ပထမရရှိသူများကို ှေေSakamoto Maths Myanmar ကျောင်းများတွင် တစ်နှစ်စာ ပညာသင်ဆုနှင့် ဆုတံဆိပ်များ ချီးမြှင့်မည်ဖြစ်သလို ဒုတိယဆုရရှိသူကိုအမေရိကန်ဒေါ်လာ ၂၀ဝ တန်ဖိုးရှိပညာသင်ဆုနှင့် တတိယဆုကိုအမေရိကန် ဒေါ်လာ ၁၀ဝ တန်ဖိုးရှိ ပညာသင်ဆုကိုတို့ကို ချီးမြှင့်မည်ဖြစ်သည်။
ကျောင်းသားတစ်ဦးချင်းစီ၏ စာမေးပွဲရမှတ်များပေါ်မူတည်ပြီး ဂုဏ်ထူးဆောင်လက်မှတ်၊ ကျွမ်းကျင်အသိအမှတ်ပြုလက်မှတ်နှင့် ပြိုင်ပွဲဝင်အသိအမှတ်ပြုလတ်မှတ်များကို ချီးမြှင့်မည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲ ပထမအကြိမ်ကို ၂၀၁၇ ခုနှစ် ဇွန်လတွင်ပြုလုပ်ခဲ့ပြီးကျောင်းသားကျောင်းသူပေါင်း ၆၀ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဒုတိယအကြိမ်ပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင်ပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူပေါင်း ၅၀ဝ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။