![]()
UFC ဝိတ်တန်း နှစ်ခုရဲ့ ချံပီယံ ဖြစ်ခဲ့ဖူးသူ ‘ကော်နာမက်ခ်ဂရီဂေါ’ နဲ့ ‘ကောင်းဘွိုင် ဆရိုးနီး’ တို့ရဲ့ ထိုးသတ်မှုကို ဇူလိုင်လမှာ ပြုလုပ်မယ့် UFC 240 မှာ တွေ့မြင်ရဖို့ သေချာသလောက်ရှိနေပါပြီ။
‘ဒေါ်နယ်လ် ဆရိုးနီး’ က ပြီးခဲ့တဲ့ စနေနေ့က ‘အိုတာဝါ’မြို့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲမှာအနိုင်ရခဲ့ပြီးနောက် ‘ကော်နာမက်ခ်ဂရီဂေါ’ ကို စိန်ခေါ်လိုက်တာဖြစ်ပါတယ်။
“ ငါချံပီယံဖြစ်ချင်တယ်၊ ကော်နာမက်ခ်ဂရီဂေါ ရေ မင်း ငါနဲ့ ဇူလိုင်လကျရင် ရင်ဆိုင်နိုင်မလား..? ” လို့ စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။ တစ်ကယ်တော့ ‘ကော်နာမက်ခ်ဂရီဂေါ’ က သူ့ရဲ့ ချံပီယံ ခါးပတ်ကို ချုပ်ကွက်နဲ့အနိုင်ယူသွားပြီး လက်ရှိချံပီယံ ဖြစ်နေတဲ့ ‘ခါဘစ်’ ကို ထိုးသတ်ဖို့အာရုံစိုက် ပြင်ဆင်နေတာဖြစ်ပါတယ်။
ဒါပေမယ့် စိန်ခေါ်လာရင် ဘယ်သူ့ကိုမှ ဗိုလ်မထားတတ်တဲ့ ‘ကော်နာ’ က “ ဆရိုးနီး ရေ မင်းကဖြစ်ချင်တယ်ဆိုတော့လဲ တွေ့ကြတာပေါ့ကွာ။ ဇူလိုင်လ ဆိုတော့ ငါလည်း တော်တော်ကြီးအဆင်သင့်ဖြစ်နေပြီ ” လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
လက်ရှိ UFC လိုက်ဝိတ်တန်းစာရင်းမှာ ‘ကော်နာမက်ခ်ဂရီဂေါ’ က နံပါတ် ၃ နေရာက ရပ်တည်နေပြီး ‘ဒေါ်နယ်လ် ဆရိုးနီး’ က နံပါတ် ၄ နေရာမှာ ရပ်တည်နေပါတယ်။
‘ကော်နာမက်ခ်ဂရီဂေါ’ နဲ့ ‘ဒေါ်နယ်လ် ဆရိုးနီး’ တို့ဟာ ထိပ်တိုက် တစ်ခါမှ မတွေ့ဖူးကြသေးတဲ့ MMA ကစားသမားတွေ ဖြစ်လို့ UFC 240 က ပရိသတ်တွေ ရင်ခုန်သံမြန်ရဦးမယ့် ပွဲတစ်ပွဲဖြစ်လာမှာ သေချာပါတယ်။