မြောင်သောင်မှာ ခြေစွမ်းမပြနိုင်တဲ့အောင်သူကို ရတနာပုံအသင်း ပြန်ခေါ်မယ်
popolay.com
|
2019-05-24

မြန်မာလက်ရွေးစင် တိုက်စစ်မှူးဟာ မြောင်သောင်အသင်းမှာ နေရာရဖို့ ခက်ခဲ့နေတာကြောင့် မိခင်ကလပ် ရတနာပုံအသင်းက လာမည့်နှစ်မှာ ပြန်ခေါ်သွားမယ်လို့အသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း၏ ပြောကြားချက်အရ သိရပါတယ်။

အောင်သူဟာ မြောင်သောင်အသင်းမှာ တစ်နှစ်အငှားစာချုပ်ဖြင့်သွားရောက် ကစားနေခဲ့တာဖြစ်ပြီး နေရာရဖို့ ခက်ခဲ့နေခဲ့သလို့အသင်းကလည်းအရှုံးရလဒ်တွေနဲ့ ယှဉ်ဆိုင်နေရပြီးအမှတ်ပေးဇယားအောင်ဆုံးအဆင့် ၁၆ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။


> Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >







“ လာမယ့်နှစ်မှာ ကျွန်တော် ပြန်ခေါ်မယ်၊သူ့ကို တစ်နှစ်တည်း စာချုပ်ချုပ်ထားတာပါ။ ကျွန်တော်တို့ နိုင်ငံကစားသမားတွေအောင်မြင်စေချင်လို့ ပြင်ပထွက်ကစားတယ်။ ဒါပေမယ့် ကံအားလျှော်စွာ ခြေစွမ်းမပြနိုင်တဲ့အခါမျိုးတွေ ကြုံရတယ်။ နောက်နှစ်မှာတော့ ရတနာပုံအသင်းကို ပြန်ခေါ်မယ် ၊ ဒါပေမယ့် သူကို ဒီထက်ပိုတိုးတက်ဖို့အတွက်အခြားနိုင်ငံခြားကလပ်တစ်သင်းသင်းမှာ ကစားရဖို့ ပြန်လည်စေလွတ်သွားမယ်လို့ “ ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း ကပြောပါတယ်။







အောင်သူက ထိုင်းလိဂ်မှာ သွားရောက်ကစားတာ ၂ နှစ်မြောက် ရှိခဲ့ပြီးဖြစ်ပြီး ပထမဆုံး ပိုလစ်တီရိုအသင်းမှာ ကစားတုန်းက ခြေစွမ်းပြကစားထားနိုင်ခဲ့ပေမယ် မြောင်သောင်အသင်း မှာတော့ နေရာ ရဖို့တောင် ရုံးကန်နေရတာဖြစ်ပါတယ် ။အောင်သူဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၄ ပွဲတိတိ လုံး၀ ပါဝင်ကစားထားရခြင်းမရှိသေးဘူးလို့ သိရပါတယ်။




Some text some message..