အာရှသမိုင်းတစ်လျှောက်တွင်အကြီးကျယ်ဆုံးသော ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းဖြစ်သည့် ONE Championship သည် ၂၀၁၆ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံသို့ ကြီးကျယ်ခမ်းနားသော ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲများကို ယူဆောင်ကျင်းပခဲ့သည်မှာ ယခုနှစ်ထိတိုင်ဖြစ်သည်။
ယင်းကာလတစ်လျှောက်တွင် ဝိတ်တန်း (၂) ခု၏ ကမ္ဘာ့ချန်ပီယံဖြစ်သောအောင်လအန်ဆန်အပါအဝင် ဖိုးသော်၊အန်တိုနီယာ၊ တီရဲလ်ထန်နှင့် ပုညစိုင်းတို့ကိုလည်း ကမ္ဘာ့ကြိုးဝိုင်းအတွင်းတွင် ကျော်ကြားထင်ရှားစေခဲ့သည်။ ထို့အပြင် မိုက်ရိုင်း၊ သပြေညို၊ စောမင်းမင်း နှင့် စိုင်းဉာဏ်လင်းအစရှိသော ရိုးရာလက်ဝှေ့ကစားသမားများလည်း ကိုယ်ခံပညာသိုင်းပေါင်းစုံလောကသို့ ခြေချဝင်ရောက်လာကြပြီဖြစ်ပါသည်။
လွန်ခဲ့သောနှစ်ပေါင်း (၅၀၀၀) ခန့်ကပင်အာရှဒေသတွင် ကရာတေး၊ မွေထိုင်း၊ ကွန်ဖူး၊ ဂျူဒို၊ ကာလီ၊ တိုက်ကွမ်ဒို၊ ဆမ်ဘို၊အာကီဒိုအစရှိသော ကိုယ်ခံပညာရပ်များသည် ထွန်းကားနေပြီဖြစ်သည်။ ကိုယ်ခံပညာရပ် စတင်ထွန်းကားရာဒေသဖြစ်သည်နှင့်အညီအာရှနိုင်ငံများတွင် ကိုယ်ခံပညာပြိုင်ပွဲများကိုအမြတ်တနိုးတန်ဖိုးထားကာ ယဉ်ကျေးမှုအစဉ်အလာတစ်ရပ်အနေဖြင့် ကျင်းပလေ့ရှိသည်။
ONE Championship မှ ကြီးမှူးကျင်းပသော ကမ္ဘာလုံးဆိုင်ရာကိုယ်ခံပညာပြိုင်ပွဲများတွင် ကစားသမားများသည် မတ်ရပ်ထိုးနှက်တိုက်ခိုက်သော ကိုယ်ခံပညာကစားနည်းများသာမက မြေပြင်ချုပ်ကွက်အားပြုကစားသော ကိုယ်ခံပညာရပ်များအစရှိနည်းစနစ်မျိုးစုံကိုအသုံးပြုကာယှဉ်ပြိုင်ကြရသည်။
ကမ္ဘာလုံးဆိုင်ရာကိုယ်ခံပညာပြိုင်ပွဲများ၏ စည်းမျဉ်းများ
ONE Championship သည် ကမ္ဘာလုံးဆိုင်ရာကိုယ်ခံပညာပြိုင်ပွဲများ၏ စည်းမျဉ်းများကိုချမှတ်ရာတွင်အာရှနှင့်အာရှမဟုတ်သောဒေသများမှ လက်တွေ့အကျဆုံးသောစည်းစနစ်စံများမှအကောင်းဆုံးအချက်များကို ထုတ်နုတ်ချမှတ်ထားခြင်းဖြစ်သည်။
ပြိုင်ပွဲ၏ပွဲချိန်
တွဲဆိုင်းပြိုင်ပွဲတစ်ခုတွင် (၃) ချီယှဉ်ပြိုင်ရပြီး တစ်ချီလျှင် (၅) မိနစ်ကြာမြင့်ပါသည်။ တစ်ချီနှင့်တစ်ချီကြား နားချိန် (၁) မိနစ်ပေးထားသည်။ ချန်ပီယံလုပွဲများတွင် (၅) ချီပါဝင်ပြီး တစ်ချီလျှင် (၅) မိနစ်ကြာမြင့်သည်။ တစ်ချီနှင့်တစ်ချီကြား နားချိန် (၁) မိနစ်ရှိသည်။
အနိုင်ရရှိခြင်း
အောက်ဖော်ပြပါအခြေအနေများဖြင့်အနိုင်အရှုံးကို ဆုံးဖြတ်ပါသည်။
အလဲထိုးနိုင်ခြင်း
ချုပ်ကွက်ဖြင့်အနိုင်ယူခြင်း
ပြိုင်ဘက်မှ နှုတ်ဖြင့်အရှုံးပေးကြောင်းပြောကြားခြင်း
ဒိုင်ပွဲရပ်ဖြင့်အနိုင်ရရှိခြင်း
ပြိုင်ဘက်၏ကြိုးဝိုင်းအကူမှ ပြိုင်ပွဲအားရပ်စေခြင်းဖြင့်အနိုင်ရခြင်း
ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်ဖြင့်အနိုင်ရရှိခြင်း
ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်ဖြင့်အနိုင်ရရှိခြင်း
ပြိုင်ပွဲပြီးသည်အထိအနိုင်အရှုံးမပေါ်လျှင် ဒိုင်များ၏ ဆုံးဖြတ်ချက်ဖြင့်အနိုင်အရှုံး ဆုံးဖြတ်လေ့ရှိသည်။ ONE ၏အမှတ်ပေးစံနှုန်းများကိုအသုံးပြုကာ ဒိုင်များသည်အမှတ်အနည်းအများကိုစိစစ်ပြီး တွဲဆိုင်း၏အနိုင်ရရှိသူကို ဆုံးဖြတ်ကြသည်။ ဒိုင်လူကြီး (၃) ဦးမှ တစ်ချီချင်းအမှတ်ရေတွက်ခြင်းမျိုးမဟုတ်ဘဲ တွဲဆိုင်းတစ်ခုလုံးကို ခြုံငုံသုံးသပ်ကာအမှတ်ပေးဆုံးဖြတ်ကြသည်။
ONE ၏ ဒိုင်ဆုံးဖြတ်ချက်စံနှုန်းများ
အလဲထိုးအနိုင်ရရန် သို့မဟုတ် ချုပ်ကွက်ဖြင့်အနိုင်ရရှိရန်နီးစပ်ခြင်း
ထိခိုက်မှု (အတွင်းပိုင်း၊အနည်းအများ၊အပြင်ပိုင်း)
လက်သီးတွဲလုံးများနှင့် ကြိုးဝိုင်းဆိုင်ရာကျွမ်းကျင်မှု (ကြိုးဝိုင်းထိန်းချုပ်နိုင်မှု၊ ပွဲတွင်းအခြေအနေကို ဦဆောင်နိုင်စွမ်း)
ပြိုင်ဘက်ကိုဖြိုလှဲနိုင်စွမ်း သို့မဟုတ် ဖြိုလှဲမှုကိုတွန်းလှန်နိုင်စွမ်း
အပြင်းအထန်ယှဉ်ပြိုင်နိုင်စွမ်း
Ref: ONE Championship
Team (ရိုးရာလေး)