![]()
မနေ့ကအမေရိကန်နိုင်ငံ လက်စ်ဗေးဂတ်စ်တွင် ကျင်းပပြုလုပ်ခဲ့တဲ့ Fighter Only မဂ္ဂဇင်းက ရွေးချယ်ချီးမြင့်သည့် World MMA Awards 2019 ပွဲကြီးတွင် ONE Championship ဝိတ်တန်းနှစ်ခုချန်ပီယံအောင်လအန်ဆန်က International Fighter of the Year ဆုကို UFC မှ ရှုံးပွဲမရှိ MMA ရွှေခါးပတ်ချန်ပီယံ ခါဘစ်ကိုကျော်ပြီး ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။
အောင်လအန်ဆန်ဟာ International Fighter of the Year ဆု ဆန်ခါတင်စာရင်းတွင် နာမည်ကြီး ရုရှားနိုင်ငံသား ခါဘစ် (UFC)၊ မူဆာဆီ (Bellator)၊အူစမန် (UFC)၊အာဒေးဆန်ညာ (UFC) တို့နှင့်အတူ ပါဝင်ခဲ့ပြီး ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ၎င်းတို့ကို ကျော်ဖြတ်ပြီး ရရှိခြဲ့ခင်းဖြစ်ပါတယ်။
Fighter Only မဂ္ဂဇင်းဟာ ဘက်စုံကိုယ်ခံပညာသုံး MMA လောကတွင် ဂုဏ်သိက္ခာမြင့်မားသည့် ဆုချီးမြှင့်ပွဲဖြစ်ပြီး ၂၀၀၈ ခုနှစ်ကစပြီး စတင်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် ဆုပေးပွဲတွင် ဆုအမျိုးအစားပေါင်း(၂၂)ခု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။
Charles “Mask” Lewis Fighter of the Year ဆုကို ကော်မီယာ (UFC) က ရရှိခဲ့ပါတယ်။ ဆန်ခါတွင်စာရင်းတွင်အောင်လအန်ဆန်၊ ခါဘစ်၊ မူဆာဆီနှင့် ပွိုင်ရီယာတို့မှာ တို့ပါဝင်ခဲ့ပေမယ့် ကော်မီယာ (UFC) ၎င်းတို့ကို ကျော်ဖြတ်ပြီး ရရှိခဲြ့ခင်းဖြစ်ပါတယ်။
အောင်လအန်ဆန်ဟာ MMA ပြိုင်ပွဲများတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ယှဉ်ပြိုင်ထိုးသတ်နေသူဖြစ်ပြီး လက်ရှိတွင် ONE Championships မှ ကျင်းပနေသည့်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်နေကာ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံဆု ရရှိထားတာ ဖြစ်ပါတယ်။
အောင်လအန်ဆန်ဟာ ၂၀၁၈ နှစ်ကုန်ပိုင်းက စင်ကာပူနိုင်ငံတွင် ကျင်းပသည့် 2018 Global Martial Arts Awards ဆုပေးပွဲတွင်လည်းအကောင်းဆုံးအမျိုးသားကစားသမားဆုနှင့်အကောင်းဆုံးပွဲဆုတို့ကို ရရှိခဲ့ပါတယ်။
(International Fighter of the Year)
Aung La Nsang (winner)
Khabib Nurmagomedov
Kamaru Usman
Israel Adesanya