ရိုးရာခြင်းလုံးအဖွဲ့ချုပ်ဖလား မိုးရာသီတံခွန်စိုက်ခြင်းလုံးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲဖွင့်
mmtimes.com
|
2019-07-10

ဓာတ်ပုံ - ကိုကြီးစိုး

ဓာတ်ပုံ - ကိုကြီးစိုး

ရိုးရာခြင်းလုံးအဖွဲ့ချုပ်ဖလား မိုးရာသီတံခွန်စိုက်ခြင်းလုံးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲဖွင့်

၂၀၁၉ ခုနှစ် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား မိုးရာသီတံခွန်စိုက် မြန်မာ့ရိုးရာခြင်းလုံး ဝိုင်းဖွဲ့အမှတ်ခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအောင်ဆန်းအားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ဇူလိုင် ၉ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

Loading...

Your Brand HereYour Brand HereYour Brand Here

အစီအစဉ်အရ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်ကအဖွင့်အမှာ စကားပြောကြားရာ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် မေ ၁၅ ရက်တွင် ဖွဲ့စည်းပေးခဲ့ကြောင်း၊ ဝန်ကြီးဌာနက ဖွဲ့စည်းတာ ဝန်ပေးရာ၌ မြန်မာ့ရိုးရာခြင်းလုံးအားကစား နည်းအား တိုးတက်အောင်ဆောင်ရွက်ရာတွင် "အများပြည်လုံး တပြုံးပြုံး ခြင်းလုံးခတ်ကာ ကစားပါ" ဆိုသည့် ဆောင်ပုဒ်အတိုင်း လှည်း နေလှေအောင်း မြင်းဇောင်းမကျန် တစ်တိုင်း ပြည်လုံး ခြင်းလုံးခတ်ကစားနိုင်အောင် ဆောင် ရွက်ရန်မှာ ခြင်းလုံးအဖွဲ့ချုပ်၏အဓိကတာဝန် ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲသည် ရိုးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ၏ ပထမအကြိမ်ကျင်းပသည့် ပြိုင်ပွဲ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းမှ ပြိုင်ပွဲဝင်အသင်းပေါင်း ၃၈ သင်း စာရင်းပေး ဝင်ရောက် ယှဉ်ပြိုင်သည့်အတွက် ကျေးဇူးတင်ဝမ်းမြောက် ကြောင်း၊ ပြိုင်ပွဲများကို ၁၀ပေါက်တန်း၊ ခြောက် ပေါက်တန်း၊လေးပေါက်တန်းအမျိုးသား၊အမျိုး သမီးပြိုင်ပွဲများ ယှဉ်ပြိုင်ရန်စီစဉ်ထားကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်ကလည်း ရိုးရာခြင်းလုံးခတ်ကစား ကြောင်း သိရှိရသည့်အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ရိုးရာခြင်းလုံးတိုးတက်ဖွံ့ဖြိုးအောင်ဆောင်ရွက်ရန် မှာကြား ထားသည့်အတွက် ယခုကဲ့သို့ ပထမခြေလှမ်းအဖြစ် စတင်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနညွှန်ကြားချက်အရ ပညာရေးဝန်ကြီး ဌာနနှင့်ညှိနှိုင်းပြီး ကျောင်းသားလူငယ်ထု ကိုလည်း ရိုးရာခြင်းလုံးဖြင့်စည်းရုံးပြီး ကျောင်း ပေါင်းစုံပြိုင်ပွဲများ၊ တက္ကသိုလ်ကောလိပ်ပေါင်းစုံ တံခွန်စိုက်ပြိုင်ပွဲများ၊ မြို့နယ် ခြင်းရုံများနှင့် ကလပ်ပေါင်းစုံပြိုင်ပွဲများ၊ ပြည်နယ်နှင့်တိုင်း ပြိုင်ပွဲများ၊ ကြည်း၊ ရေ၊ လေ ပြိုင်ပွဲများကို ပြက္ခဒိန်ရာသီအလိုက် ပွဲစဉ်များစီစဉ် ကျင်းပ မည်ဟု သိရသည်။အစီအစဉ်အရ ပြိုင်ပွဲဝင်အသင်းများကအားကစားအဓိဋ္ဌာန်ရွတ်ဆိုကြပြီးနောက် တာ ဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများကို လိုက်လံ နှုတ်ဆက်ခဲ့ပြီး ဇူလိုင် ၁၄ ရက်၌ ဆုပေးပွဲအခမ်းအနား ကျင်းပမည်ဖြစ်သည်။




Some text some message..