![]()
အကယ်ဒမီ သရုပ်ဆောင် ၊အဆိုတော် ထွန်းထွန်းဟာ ဘောလုံးအားကစားကို ဝါသနာပါသူတစ်ဦးဖြစ်ပြီး ကိုယ်တိုင်လည်း ဘောလုံးကိုအပျော်ကန်လေ့ရှိပါတယ်။ ထွန်းထွန်းဟာ မန်ချက်စတာ ယူနိုက်တက်ဖန် တစ်ဦးဖြစ်ပြီး ယခုလာမည့် International Champion Cup (ICC ) ပြိုင်ပွဲမှာ မန်ယူအသင်းကို ကွင်းထဲအထိ သွားရောက်အားပေးဖို့အတွက် စိတ်အားထက်သန်နေပါတယ်။
“Hello မင်္ဂလာပါခင်ဗျာ KKTT တစ်ယောက်က ဘောလုံးအားကစားကို ဟိုးချာတိတ်ကတည်းက ရူးရူးမူးမူးဝါသနာပါတာသိတယ်မလား။ ဘောလုံးကန်တာ ကိုတကယ်ဝါသနာပါတဲ့သူတိုင်းမှာ သူတို့အမှန်အကန်အားပေးတဲ့အသင်းတွေ ကိုယ်စီရှိတယ်ဗျာ။ ကျွန်တော်ကတော့ Manchester United Fan. ကျွန်တော့်လို ဘောလုံး crazy တွေအဖြစ်ချင်ဆုံးက ဘာဖြစ်မယ်လို့ထင်ကြလဲ။ ကိုယ်လုံးဝကြွေပြီးအားပေးရတဲ့အသင်းရဲ့ပွဲကို ကွင်းထဲမှာ ကိုယ်တိုင်အားပေးဖို့ပေါ့၊ ဒါပဲပေါ့ဗျာ။ ”
“ကျွန်တော်တော့ ICC Singapore မှာ မန်ယူပွဲ သွားကြည့်ဖို့အတွက်အရမ်းတွေ(တော်တော်ကြီးကို) စိတ်လှုပ်ရှားနေပြီ။ စင်ကာပူဆိုတာလည်း သွားလိုက်ပြန်လိုက် လုပ်နေတော့ ကိုယ့်အိမ်ကိုယ့်ယာလို နီးနီးနားနားဖြစ်နေပြီလေ။ မန်ယူအသင်းရဲ့ လက်ရှိကစားသမားတွေရယ် သူတို့ရဲ့ ခြေစွမ်းနဲ့ ကစားကွက် တွေကို ကွင်းထဲမှာ ကိုယ်တိုင်ကိုယ်ကျအားပေးရမယ်ဆိုတော့ ကျွန်တော့်တစ်သက်မှာအလုပ်ချင်ဆုံးဆန္ဒ တွေထဲကတစ်ခုပဲဗျာ။ကဲ...အဲ့ဆန္ဒက မကြာခင်ပြည့်တော့မယ်။ ” ဆိုပြီး ဇူလိုင်(၁၅) ရက်နေ့က သူ၏ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားထားတာတေ့ရပါတယ်။
International Champion Cup (ICC ) ပြိုင်ပွဲကို စင်ကာပ့ူနိုင်ငံမှာ ၂ ပွဲကစားမှာဖြစ်ပြီး မန်ယူနဲ့အင်တာမီလန်အသင်း ဂျူဗင်တပ်နဲ့စပါးအသင်းတို့ရဲ့ ပွဲစဉ်တွေပါဝင်နေပါတယ်။ ဒီနှစ် ICC 2019 ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်အသင်း ၁၂ သင်း ပါဝင်လာခဲ့ပြီးအမေရိကန် ၊အင်္ဂလန် ၊ ဆွီဒင် ၊ စင်ကာကူ ၊ တရုတ် ၊ ဝေးလ် တို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ မန်ယူနဲ့အင်တာမီလန်ပွဲကတော့ ဇူလိုင်လ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။